Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ဒေလီ အမှတ်တရ (၃)

အိန္ဒိယရောက် အမှတ်တရ ပုံတွေပါ..


ကမ္ဘာကျော် တက်ခ်ျမဟာနဲ့ တက်ခ်ျမဟာ ဘေးက ယမုန်နာ မြစ်ကမ်းပါ..



...

ရှိသေးတယ်

ထွက်ပေါက် (၂)

စိတ်ရှိတိုင်းသာ ရှောက်လုပ်ရရင် ..
မကောင်းရှိတော့မယ် .. . ။ တကယ်ပါပဲ .. .။ အားလုံးကို သတ်ပစ်လိုက်ချင်တာပဲ သိတယ် .. ။ ကိုယ့်ကိုယ်ကိုတော့ မသတ်ချင်သေးဘူး .. ။ ပြဿနာ ရှာပစ်ရင်လဲ မကောင်းရှိတော့မယ်.. . ။ ဘာပဲ ဖြစ်ဖြစ် စိတ်ညစ်တာပဲ သိတယ် .. ။ တစ်ယောက်ယောက်ကို ဆွဲထိုးလိုက် ရရင် ကောင်းမယ် ..
.

ရှိသေးတယ်

ဒေလီအမှတ်တရ (၂)

ဒေလီရောက်တုံး အမှတ်တရ ပုံတွေ တင်ဖို့ စိတ်ကူးရလာလို့ပါ...
မြန်မာနိုင်ငံကိုလည်း ဟိုတလောက တရုတ်က လက်ဆောင်ပေးတယ်ဆိုတဲ့ ကျားဖြူမျိုးပါ ..။ ဒေလီ Zoo ထဲမှာ ရှိပါတယ်။


ဒါကတော့ ရာဇဝင်ထဲက ယမုန်နာ မြစ်ပါ .. . .


ဟိုးအရင်တုံးကတော့ မသိဘူး .. ခုတော့ တော်တော်ကို ညစ်ပတ်နေပါပြီ ..

ဒါကတော့ ဂေါတမ မြတ်စွာဘုရား မဟာသတိပဌာန် သုတ်တော်ကို ဟောခဲ့တဲ့ နေရာပါ .. ခုတော့ အုတ်ပုံပဲ ဖြစ်နေပါပြီ .. ။ ဒါပေမဲ့ အစိုးရက ဒီနေရာကို Monument အနေနဲ့ သတ်မှတ်ပေးထားလို့ သတ်သတ်မှတ်မှတ်တော့ ရှိနေပါသေးတယ်။ ကုလားတွေကတော့ ဘာမှ အရေးမထားကြပါဘူး ..။ ကျနော်တို့တော့ ရောက်တုံး သွားဖြစ်အောင် သွားခဲ့ကြပါတယ်။

ကျန်တာတွေတော့ နောက်မှပဲ တင်ဖြစ်တော့မယ် .. . . ။

ရှိသေးတယ်

10 Minutes in SQL 2005


10 Minutes in SQL 2005 စာအုပ်ပါ ..။

လိုချင်တဲ့သူတွေ ဒီမှာ ဒေါင်းသွားနိုင်ပါတယ်။

ရှိသေးတယ်

SQL Programming 2008


SQL Server 2008 Programming စာအုပ်ပါ


အခြေခံက စပြီး အသေးစိတ် ပါပါတယ်။ လိုချင်တဲ့သူတွေ ဒီမှာ ဒေါင်းသွားနိုင်ပါတယ်။

ရှိသေးတယ်

ဒေလီ အမှတ်တရ

ကျနော် ကုလားပြည်ကို ရောက်နေတာ ၁ လ ပြည့်တော့မယ်.။

စိတ်ကူးပေါက်တိုင်း နယူးဒေလီမှာ လျှောက်လည်ရင်း ရိုက်ထားတဲ့ ဓါတ်ပုံတွေ အမှတ်တရ တင်ချင်လို့ပါ။ ကျနော့မှာ အကျင့်တစ်ခု ရှိတယ်ဗျ .. ။ ကျနော်ငယ်ငယ်က ကျနော့တို့ နိုင်ငံကို နိုင်ငံခြားသားတွေ လာပြီး ကြပ်သပ်နေတဲ့ လိုင်းကားတွေ ၊ လမ်းဘေးက အမှိုက်ပုံတွေကို ဓါတ်ပုံ ရိုက်တာတွေ့ရင် တအား စိတ်ဆိုးတာဗျ .. ။
အခုလည်း ဘယ်ရမလဲ .. .ရောက်တုံး သူတို့ဆီက ညစ်ပတ်တဲ့ နေရာတွေ အကုန်လိုက်ပြီး ဓါတ်ပုံ ရိုက်ထားတယ်.. . .။
ပြောသာ ပြောတာပါ။ ကုလားတွေက အရမ်း ညစ်ပတ်တာဗျ .. ။ သူတို့နိုင်ငံက တိုးတက်သာ တိုးတက်တာ .. ညစ်ပတ်တုံးပဲ .. ။ သူငယ်ချင်း တစ်ယောက်က ကျနော့ကို မေးတယ်။ အိန္ဒိယမှာ ဘာပေါလဲတဲ့ ..
ကျနော်ကတော့ ရိုးရိုးလေးပဲ ပြန်ပြောလိုက်ပါတယ်.။ ကုလားပြည်မှာ လမ်းဘေးက အီးပုံတွေပဲ ပေါတယ်လို့ .. .
.

ရှိသေးတယ်

ငယ်ငယ်တုံးက ကျနော်

ကျနော် ငယ်ငယ်က အတော် ဆိုးခဲ့တဲ့ ကောင်လေးပါ

ပြီးတော့ ထုံးစံအတိုင်း ကပေါက်ကခြာတွေလည်း တွေးတတ်ပါသေးတယ် .. .။
မှတ်မိသေးတယ်.

ကျနော် ၈ တန်းတုံးကပါ ..။ အတန်းထဲမှာ မြန်မာ ဆရာမက လူမိုက်ကို မပေါင်းသင်းဖို့ ၊ လူလိမ္မာနဲ့ ပဲ ပေါင်းသင်းဖို့ စီကာပတ်ကုံးနဲ့ ပြောပြပါတယ်.. ။ တော်တော် နားထောင်လို့ ကောင်းပါတယ်။ ဆရာမကလည်း ပုံတိုပတ်စလေးတွေနဲ့ ပြောပြတော့ တော်တော်လေး နားထောင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ဇ မသေးတဲ့ ကျနော် တွေးမိတာက လူမိုက်နဲ့ ပေါင်းရင် လူမိုက် ဖြစ်မယ်ပေါ့ .. လူလိမ္မာနဲ့ ပေါင်းရင် လူလိမ္မာ ဖြစ်မယ်ပေါ့ .. . ဒီတော့ လူမိုက်နဲ့ လူလိမ္မာ သွားပေါင်းရင် ဘာဖြစ်မလဲ တအား သိချင်လာတယ် .. . ဒါနဲ့ .. . . အတန်းပြီးသွားတော့ ဆရာမနောက် လိုက်သွားပြီး မေးမိတယ် .. . ဆရာမပေါ့ .. . လူမိုက်နဲ့ လူလိမ္မာ ပေါင်းလိုက်ရင် ဘာဖြစ်မလဲပေါ့ .. .
ကဲ ခင်ဗျားတို့လဲ စဉ်းစားကြည့်ကြပါ .. . လူမိုက်နဲ့ လူလိမ္မာ ပေါင်းသွားရင် ဘာဖြစ်သွားမလဲ .. .
.

ရှိသေးတယ်

ပြည်သူ့ဆေးရုံလား အလှူခံ ဌာနလား

အရင်တပတ်က ကိစ္စ တစ်ခုနဲ့ ပြည်သူ့ဆေးရုံကို ရောက်ဖြစ်ပါတယ်။
ဆေးရုံဆိုတာ မစည်ကားအပ်တဲ့ အရပ်ထဲမှာ ပါပါတယ်။ ကျနော်ကလည်း ကိုယ့်ကိစ္စနဲ့ ကိုယ် ဆေးစစ်စရာ ရှိလို့ မဖြစ်မနေ သွားရတာပါ။
ဆေးစစ်တော့ ထုံးစံအတိုင်း ငွေအရင် သွင်းရပါတယ်။ တခါတည်းနဲ့ ဆေးစစ်စရာ အားလုံးအတွက် သွင်းရတာပါ။ ငွေသွင်းတာက ပြဿနာ မဟုတ်ပါဘူး။ ပြောချင်တာက ဆေးစစ်ဖို့ Ward တစ်ခုကို ရောက်တိုင်း တစ်ခါ အလှူငွေ ထည့်နေရတာပါ။ တချို့နေရာက ငွေဘယ်လောက်ထည့်ပါဆိုပြီး ဒဲ့တောင်းတယ်။ တချို့ နေရာတွေက အလှူငွေ ထည့်သွားပါဆိုပြီး ကြည့်ကောင်းအောင် ပြောတယ်။ နောက်ဆုံး ဆေးစစ်ချက် အဖြေလည်း ရပြီးလို့ စာရင်းစစ်ကြည့်တော့ အပြင်ဆေးခန်းတွေမှာ စစ်တာနဲ့ ဘာမှမထူးဘူး။ ကုန်ကျတာက အတူတူပဲ။ မျက်နှာငယ်ရတာပဲ အဖတ်တင်တယ်။ ဆေးစစ်ချက်ကလည်း ပြည်သူ့ဆေးရုံကြီးမှာ စစ်မှ ရမှာမို့လို့ လာရတာ။ အပြင်ဆေးခန်းက ဆေးစစ်ချက်လည်း ရတယ်ဆိုရင် အဲဒီတောင် မသွားဘူး။ အပြင်ဆေးခန်းတွေမှာဆို အေးဆေးပဲ။ ငွေကုန်တာချင်းတူတူ မျက်နှာငယ်ရတာပဲ ပိုတယ်။
ကျနော် စဉ်းစားကြည့်မိတယ်။ ငွေမရှိတဲ့သူတွေ ဆေးရုံတက်ရင် ဘယ်လိုများ နေမယ် မသိဘူး။ ပြောတော့ ပြည်သူ့ဆေးရုံတဲ့ .. . .. .
ဟွန်း
ပြောလိုက်ချင်ဘူး. . . .. .

.

ရှိသေးတယ်

ASEAN Document Series 2008



ကျနော်လည်း ခုတလော ကော်နက်ရှင် ရနေလို့ မတင်တာကြာတဲ့ ဖိုင်တွေ ပြန်တင်ဖြစ်နေတာပါ .. ။
အာဆီယံက ၂၀၀၈ မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ Document တွေပါ .. . လိုချင်တဲ့သူတွေ ဒီမှာ ဒေါင်းသွားနိုင်ပါတယ်။
...

ရှိသေးတယ်

ASEAN ROAD MAP



Road Map ဆိုလို့ ကြောက်မသွား ကြပါနဲ့အုံး
ASEAN နိုင်ငံတွေအတွက် ချမှတ်ထားတဲ့ Road Map ပါ .. . ။ တကယ် ဖြစ်လာ မလာတော့ မသိဘူး .. :D
လိုချင်တဲ့သူတွေ ဒီမှာ Implementation ကို ဒေါင်းသွားနိုင်ပါတယ်။
ဒီမှာ ROAD MAP ပါ ..

ရှိသေးတယ်

World Trade Report 2009



တင်မယ် တင်မယ်နဲ့ မရေးတင်ဖြစ်တဲ့ ဖိုင်ပါ
-WTO က နောက်ဆုံး ထုတ်တဲ့ World Trade Report 2009 ပါ။ မူယင်း WTO Site က သွားဒေါင်းလဲ ရပါတယ်။ ကျနော့ဆီက ယူမယ်ဆိုရင် ဒီမှာ ယူလို့ ရပါတယ်။

ရှိသေးတယ်

မီးရှို့ ခံရတဲ့ ကျည်


စကားပုံ တစ်ခုတော့ ကြားဖူးတယ်ဗျ .. .
ကြွက်မနိုင်လို့ ကျည် မီးနဲ့ ရှို့ ဆိုတာလေ .. .
ခု ကျနော်တို့လဲ အဲဒီလို ဖြစ်နေပီလား မသိပါဘူးဗျာ .. . . သူ့ဟာသူ ကိုယ့်ကြွက် ကို မနိုင်တာ ကျည်ကို လာပြီး မီးနဲ့ ရှို့နေကြတယ်.. . . တကယ်ပဲ . .. ရွှေသမင် ဘယ်ကထွက်လဲ ဆိုတော့ မင်းကြီး တာက ပဲ ထွက်ထာပဲကို .. . .သူ့ တာ သူ လုံအောင် မထိန်းပဲ ကျန်တဲ့သူ ပတ်ရမ်းနေကြတယ် .. . . ဘာမှန်းကို မသိဘူး .. . ။

ရှိသေးတယ်

လုပ်ကြပေါ့ကွာ


လုပ်နိုင်တုံး လုပ်ကြပေါ့ကွာ . . .
ဘာမှန်းကို မသိဘူး။ တကယ်ပဲ .. . . . ။ အလကားရတဲ့ ဆိုက်ဒ်တွေတောင် လိုက်ပိတ်နေတယ်.. . ။ သူတို့ ပိုက်ဆံ ပေးရတာ ကြနေတာပဲ .. . ။
ဘာကောင်တွေ မှန်းကို မသိဘူး ။
ဘာဖြစ်လဲ ဘလော့ရေးတာ .. .
အမှန်တရားတွေကို ဘယ်သူမှ ဖုံးလို့ ဖိလို့ မရဘူး။ ခုလို လိုက်ပိတ်တော့ရော .. အမှန်တရားဆိုတာ ပျောက်သွားမှာလား။ ခုလို သူများတွေကို လိုက် ဒုက္ခပေးနေတော့ရော . . အမှန်တရားက မှားသွားပြီး မှားနေတာတွေက မှန်လာမှာလား .. . ။
ဦးနှောက်မရှိတဲ့ နွားတွေ .. .
သူများခိုင်းတိုင်း ရှောက်လုပ်နေတဲ့ ငစနူတွေ ..
ဒီအတိုင်းသာ ဆက်သွားလို့တော့ ကျုပ်တို့ နိုင်ငံ နောက်ဆယ်နှစ် နေလည်း ဒီအတိုင်းပဲ နေမှာပဲ။ နောက် အနှစ် ၂၀ နေလဲ ဒီအတိုင်း နေမှာပဲ .. .။ ကျုပ်တို့ သေသွားလည်း ဒီအတိုင်းနေမှာပဲ.. . . ။
မဟုတ်တာတွေ ရှောက်လုပ်နေတယ် .. . . ဘာမှန်းကို မသိဘူး . . .။
ပက်ပက်စက်စက်ပဲ ဆဲပစ်ချင်တော့တယ်.. . . .။
သူများ ဘလော့ ရှောက်ပိတ်တဲ့ အပေအတေတွေ အားလုံး .. . ___ီး ပဲ .. ... . နောက်ဘဝမှာ နွား ဖြစ်မယ့် ကောင်တွေ .. . .
P.S .. . ရိုင်းသွားရင် တောင်းပန်ပါတယ်.. .
မခံစားနိုင်တော့လို့ပါ .. .

ရှိသေးတယ်

ဖိုင်အဟောင်းများ


ကို First ပြောထားတဲ့ ဖိုင် အဟောင်းတွေပါ...


တချို့ ဖိုင်တွေက ကြာသွားတော့ ကျနော် တင်ထားတဲ့ လင့်တွေ Expired ဖြစ်သွားလို့ ပြန်တင်ပေးထားတာပါ။

ASEAN CHART BOOK 08

ASIA DEVELOPMENT OUTLOOK 2008

ASIA ECONOMIC OUTLOOK 2008

BLOCK PERSON BY US

WORLD CHIEF OF STATES

FOOD PRICES & INFLATION

GOVERNMENT POLICY & GROWTH

INTERNATIONAL TRADE STATISTICS 2008

WORLD TRADE PROFILE 08

WORLD DEVELOPMENT OUTLOOK 08

အဆင်ပြေပါစေဗျား .. . .

ရှိသေးတယ်

ပြန်လည် ခေတ်စားလာသော ကျော်ခွ ဆိုဒ်များ


အခုတလော ကျနော်တို့ဆီမှာ ကျော်ခွတဲ့ ဆိုဒ်တွေ ပြန် ခေတ်စားလာပါတယ်။
တနင်္ဂနွေနေ့က ဂျီမေးလ် သုံးချင်လို့ ဖွင့်ကြည့်လိုက်တော့ တော်တော်နဲ့ မတက်ဘူး ဖြစ်နေတယ်။ ကျနော်လည်း ပုံမှန်အတိုင်းပဲ Connection မကောင်းတာ ထင်လို့ စောင့်ကြည့်နေတာ တော်တော်နဲ့ကို မတက်ဘူး။ ဒါနဲ့ ဂျီတော့ ကျတော့လည်း တူတူပဲ .. ၊ တက်ကို မတက်နိုင်ဘူး ဖြစ်နေတာ .. ။
တခု ထူးဆန်းတာက Sign In တော့ ဝင်လို့ ရတယ်။ မေးလ် စစ်လို့ မရတာ .. ။ Loading Time က စိတ်ပျက်ပြီး ကွန်ပျူတာကို ရိုက်ခွဲချင်လောက်အောင်ကို ကြာတာ.. . ။
ဒါနဲ့ပဲ မေးလ်ကို iGoogle Home Page မှာ တင်ထားတဲ့ Gadget နဲ့ပဲ စစ်ကြည့်လိုက်ရတယ်။
ဒီနေ့လည်း အဲဒီလို ဖြစ်နေလို့ သိပ်မသင်္ကာတာနဲ့ ဖရီးဒမ်းနဲ့လဲ ထွက်လိုက်ရော .. . . ရသွားရော .. ..
ကျနော်တို့ရဲ့ ဆက်သွယ်ရေးကွန်ယက်ကြီးကလည်း တော်တော် တိုးတက်လာပြီဗျ .. .
အံ့ရော .. အံ့ရော ပဲ
အလကားရတာတောင် လိုက်ပိတ်နေတယ်။ သူတို့များ ပိုက်ဆံ စိုက်ပေးရလို့ကတော့ .. . . . ဟွန်း ..
ပြောကို ပြောလိုက်ချင်ဘူး ..
..
...

ရှိသေးတယ်

ရောဂါ

ခုတလော ဘာဖြစ်တယ် မသိဘူး
ဘလော့မှာ ပို့အသစ်တင်တာ မရဘူး ဖြစ်နေတယ်။ ပထမတော့ ဒီလိုပဲ ကော်နက်ရှင် မကောင်းလို့ လို့ ထင်နေတာ. . .။ နောက်မှ မသင်္ကာလို့ Blogger Help ကို မေးကြည့်တော့မှ Formatting ထဲမှာ မှားနေပါတယ်တဲ့ .. ။ သူက span id="fullpost" ကို ပိတ်မထားလို့ တဲ့ .. . ဒါနဲ့ပဲ အမြင်ကတ်ကတ်နဲ့ ပိတ်ပေးလိုက်တယ် .. အေးရော .. . . ကျနော်လည်း ဟိုရှောက်မေး ဒီရှောက် နားပူနဲ့ ကျနော် ရောက်တဲ့ နေရာတွေလည်း တော်တော် အုံးစားမှာပဲ ..
အားလုံးကို ကျေးဇူးပါဗျာ . .. ခုချိန်ထိတော့ အိုကေနေပီ .. ဘယ်တော့မှ ထ ဖောက်မလဲ မသိဘူး ..

...

ရှိသေးတယ်

Eagle - 5 (2)



နမ့်စန် လေတပ်စခန်း ဌာနချုပ် ၊ အမှတ် (၃၀၀၁) တိုက်လေယာဉ်အုပ်၏ လေသူရဲများ နားနေခန်း
အုပ်စာရေး တပ်သားလေး ဝင်ရောက်လာပြီး ပြောလိုက်သည်။
"ဗိုလ်ကြီးသူရိန် ၊ ဌာနချုပ်မှူးက ခု လာတွေ့ပါတဲ့ ခင်ဗျ။"
ဗိုလ်သူရိန်တစ်ယောက် "အေး" တစ်လုံးသာ ပြန်ပြောပြီး ဝတ်ထားသော Flying Suit ကို ချွတ်၍ ယူနီဖောင်း ပြန်ဝတ်လိုက်သည်။ ထို့နောက် ဌာနချုပ်ရုံးသို့ ထွက်လာခဲ့သည်။
ဌာနချုပ်မှူးရုံးခန်းတွင်း လှမ်းဝင်မိသည်နှင့် စာအုပ်ပုံနှင့် ကွယ်နေသော ဌာနချုပ်မှူးက ခေါင်းထောင်ကြည့်၍
"အေး .. . လာကွာ. ၊ တခြားတော့ မဟုတ်ပါဘူး။ မင်းသွားချင်တဲ့ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ်က Test Pilot အတွက် ခေါ်စာ လာပြီကွ။ အဲဒါကြောင့် မင်းကို လှမ်းခေါ်လိုက်တာ။ ငါတို့ ဌာနချုပ်အနေနဲ့လည်း မင်းလို Test Pilot တစ်ယောက် မွေးထုတ်ပေးနိုင်လို့ ဂုဏ်ယူပါတယ်ကွာ ..။ သွားဖို့ လာဖို့တော့ ပြီးမှ မင်း အုပ်မှူးကို သတင်းပို့ပြီး ဆက်လုပ်လိုက်။"
" ဟုတ်ကဲ့ပါခင်ဗျ "
အပြန်လမ်းတွင်တော့ ပျော်ရွှင်မှုများနှင့် အရာရာ လှပနေသလို ခံစားနေရသည်။ မကြာမီ မိမိ ဖြစ်ချင်လှသော Test Pilot ဘဝ ရောက်တော့မည်။ အနှစ်နှစ် အလလ ကြိုးစားခဲ့သမျှ အောင်မြင်တော့မည်။
အုပ်ကို ပြန်ရောက်၍ အုပ်မှူးကို ဝင် သတင်းပို့မိသည်နှင့် အုပ်မှူးက ကြိုသိနေသည် .
" အေးကွာ .. ငါ့ကို ဌာနချုပ်မှူးလည်း ဖုံးဆက်ပြီးပြီ ။ မင်း ဘယ်နေ့ ဆင်းမလဲ။ မင်းကားနဲ့ မင်းဆင်းချင်လဲ ဆင်းလေ ၊ ဒါမှ မဟုတ်ရင်လဲ ငါတို့ဆီက လေယာဉ်တစ်စီး Inspection ဝင်ဖို့ရှိတယ်၊ အဲဒါ မင်း မောင်းယူသွားလည်း ရတာပဲ "
" နေပါစေ ဆရာ၊ ကျနော့ကားနဲ့ပဲ ဆင်းလိုက်ပါ့မယ် "
" အေး ၊ အဲဒါဆိုလဲ မင်း သဘက်ခါလောက် ဆင်းကွာ ၊ မနက်ဖန် ညနေတော့ မင်းအတွက် Dinner စီစဉ်လိုက်မယ် "
" ဟုတ်ကဲ့ ၊ ကျေးဇူးပါခင်ဗျ "
မိမိ သွားရောက် တာဝန်ထမ်းဆောင်ရမည့် လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ် ရှိရာ မကွေးမြို့သို့ လေယာဉ်ဖြင့် မဆင်းချင်သည်မှာ အကြောင်းရှိသည်။ ဒီက အဆင်းတွင် မန္တလေးရှိ မိခင်ကြီးဆီ ဝင်မည် ၊ ပြီးမှ မကွေးသို့ သွားမည်။ လေယာဉ်ကို မိမိ ယူမသွားသဖြင့် သူငယ်ချင်းဖြစ်သူ အေးချမ်းက လေယာဉ်ပို့ဖို့ တာဝန်ယူရလိမ့်မည်။ ဒါဆို မကွေးသားဖြစ်သော အေးချမ်းနှင့်လည်း ဆုံနိုင်အုံးမည် ဖြစ်သည်။ အင်း .. . ကိုယ့် အတွေးနဲ့ ကိုယ်တော့လည်း ဟုတ်နေတာပဲ။

ရှိသေးတယ်

Eagle - 5 (1)



၂၁၁၇ ခုနှစ်၏ နွေလည် ရက်တစ်ရက်။

နမ့်စန်လေတပ်စခန်း ဌာနချုပ်၏ အမှတ် (၃၀၀၁) တိုက်လေယာဉ်အုပ်မှ လေယာဉ် ရပ်နားရာ Apron သို့ လာနေသော ဗိုလ်သူရိန်နှင့် ဗိုလ်အေးချမ်းတို့ နှစ်ဦး။




မောင်းနှင်ရမည့် M-227 တိုက်လေယာဉ်ဆီသို့ အရောက်တွင် Ground Crew တစ်ယောက်က ဆီးကြို သတင်းပို့သည်ကို လက်ခံလိုက်သည်။

“ လေယာဉ်အမှတ် 2773 ၊ မြေပြင် စစ်ဆေးပြီး မောင်းနှင်ရန် အသင့်”

Ground Crew ၏ လေယာဉ် အပ်နှံသည်ကို လက်ခံလိုက်ပြီး အေးချမ်းနှင့် အတူ မြေပြင် စစ်ဆေးခြင်း ထပ်မံ ပြုလုပ်လိုက်သည်။ စိတ်ကျေနပ်မှ လေသူရဲနေရာသို့ ထောင်ထားသော လှေခါးအတိုင်း တက်လိုက်သည်။ နောက်မှ တက်လာသော အေးချမ်း၏အသံကို Intercom မှ ကြားလိုက်သည်။

“သူငယ်ချင်း Before Starting Check လုပ်လိုက်၊ ငါ မျှော်စင်ကို လှမ်းခေါ်လိုက်မယ်။”

“အိုကေ”

လေယာဉ်မောင်းခန်းအတွင်း Before Starting Check လုပ်နေစဉ် အေးချမ်းဆီမှ မျှော်စင်သို့ လှမ်းခေါ်နေသံ ကြားလိုက်ရသည်။

“နမ့်စန်မျှော်စင် ၊ လေယာဉ်အမှတ် ၂၇၇၃ ခေါ်တယ်၊ ကြားရင် အကြောင်းပြန်ပါ”

“လေယာဉ်အမှတ် ၂၇၇၃ ၊ အသံကောင်းကောင်းကြားတယ် ၊ ပြောပါ”

“လေယာဉ်အမှတ် ၂၇၇၃ ၊ လင်းယုန် ၅ + ၇ မောင်းနှင်မယ် ၊ စက်နှိုးခွင့်ပြုပါ”

“လင်းယုန် ၅ စက်နှိုးပြီးရင် လမ်းကြောင်း ၃ ကနေ ပြေးလမ်းဆီ သွားနိုင်ပါတယ်၊ ပြေးလမ်း မရောက်ခင် သတင်းပို့ပါ”

“ ကြားပါတယ် ၊ လင်းယုန် ၅ ”

Before Starting Check ကို စိတ်ကျေနပ်သည်နှင့် စက်နှိုးယင်း Intercom မှ အေးချမ်းကို ပြောလိုက်သည်။

“အင်း ဒီနေ့ တော်တော်ပူတယ်ဟ ၊ စက်မြန်မြန်နိုးမှ အေးမှာပါ။”

“အေး ဟုတ်တယ်ကွ ၊ မြန်မြန်သာ နှိုးပါကွာ”

စက်နိုးသည်နှင့် Ground Crew အား အချက်ပြကာ လေယာဉ်ဘီးကို စလှိမ့်လိုက်သည်။ Intercom မှလည်း အေးချမ်း၏ အသံ ထွက်ပေါ်လာသည်။

“နမ့်စန်မျှော်စင် ၊ လင်းယုန် ၅ ခေါ်တယ်”

“လင်းယုန် ၅ ပြောပါ”

“လင်းယုန် ၅ လေထဲ ရောက်တာနဲ့ ကွင်းမှ တပတ်နေပြီး စစ်ဆင်ရေး ဧရိယာကို သွားမယ်၊ စစ်ဆင်ရေး ဧရိယာမှာ ခန့်မှန်း ကြာချိန် ၃၅ မိနစ် ၊ ပြီးရင် ကွင်းကို တိုက်ရိုက် ပြန်လာမယ်။ ဒါပဲ ”

“ကောင်းပါပြီ လင်းယုန် ၅ ၊ ပြေးလမ်း ရှင်းထားပါတယ်။”

သူရိန်တစ်ယောက် လေယာဉ်ပြေးလမ်းပေါ်တွင် လေယာဉ်အရှိန်ထိန်း မောင်းတန်ကို ရှေ့သို့ တစ်ဆုံး တိုးရင်း လေထဲသို့ တက်လိုက်သည်။ ထို့နောက် လေယာဉ်ကွင်းပေါ် တစ်ပတ်ဝဲယင်း ခပ်မြင့်မြင့် တက်နေစဉ် အေးချမ်း၏ မျှော်စင်သို့ လှမ်းပြောနေသံ ကြားလိုက်ရသည်။

“နမ့်စန် မျှော်စင် ၊ လင်းယုန် ၅ ၊ စစ်ဆင်ရေး ဧရိယာကို သွားမယ်၊ ဒါပဲ”

လင်းယုန် ၅ ၊ မျှော်စင် ၊ ပြန်လာရင် သတင်းပို့ပါ ၊ ဒါပဲ”

အေးချမ်း၏ စကားသံဆုံးသည်နှင့် သူရိန်က လေယာဉ်၏ အမြင့်ပေနှင့် အမြန်နှုန်းကို စစ်ဆေးလိုက်ပြီး လေယာဉ်ကို Stealth Mode သွင်းလိုက်သည်။ M 227 လေယာဉ်သည် နောက်ဆုံးပေါ် မြန်မာပြည်တွင်းဖြစ် တိုက်လေယာဉ် ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့် လေတပ်တွင်မျှ မရှိသေးသည့် ကိုယ်ပျောက် နည်းပညာများ အသုံးပြုထားသည်။ ကြားဖြတ် တိုက်လေယာဉ် ဖြစ်သော်လည်း ဘက်စုံသုံးတိုက်လေယာဉ် အဖြစ် အသုံးပြုနိုင်ရန် စီမံထားသည်။ ယခုလည်း ဗိုလ်သူရိန်နှင့် အေးချမ်းတို့နှစ်ဦး ပုံမှန် လေကြောင်း စိုးမိုးရေး တာဝန် ထမ်းဆောင်ရန် ပျံသန်းလာကြခြင်း ဖြစ်သည်။

“လမ်းကြောင်း ၃ အတိုင်း သွားမယ်ကွာ ၊ ဟိုဘက်ရပ်ကွက်က အနီစက်ကို ငါ မသင်္ကာဘူး”

Intercom မှ အေးချမ်း၏ အသံကြားလိုက်ရပြီး ဗိုလ်သူရိန် တစ်ယောက် မိမိ HUD တွင် ပေါ်နေသော အနီရောင် အစက်ကလေးကို ကြည့်လိုက်သည်။ ဟိုဘက်ရပ်ကွက် ဆိုသည်မှာ တစ်ဘက် နိုင်ငံကို ဆိုလိုမှန်း သူရိန် သိပြီး ဖြစ်သည်။ အင်း သွေးတိုး စမ်းနေပြီ။ တွေ့ကြသေးတာပေါ့။ ထိုစဉ် နားကြပ်ထဲသို့ အသံတသံ ဖြတ်ဝင်လာသည်

“သစ်ခွမှ လင်းယုန် ၅ ကြားရင်အကြောင်းပြန်”

“လင်းယုန် ၅ မှ သစ်ခွ ပြောပါ”

“ရပ်ညွှန်း ၀၈၅ ၊ အနီမှတ် ၊ အမြန်ဆုံးသွားပါ”

“ကောင်းပါပြီ ၊ လင်းယုန် ၅”

သစ်ခွဆိုသည်မှာ နမ့်စန်ရေဒါစခန်းဖြစ်ပြီး စခန်းမှူး ဗိုလ်မှူးကြီး သိန်းထိုက် ကိုယ်တိုင် ခေါ်နေမှန်း သူရိန် သိလိုက်သည်။ လေယာဉ်ကို ရပ်ညွှန်း ၀၈၅ ကို ဦးတည်လိုက်ပြီး အေးချမ်းကို Intercom မှ လှမ်းပြောလိုက်သည်။

“သူငယ်ချင်း ၊ ငါတို့ ဒီလမ်းကြောင်းအတိုင်း သွားရင် အနီစက်နဲ့ ဆုံမဲ့ ဆုံမှတ် တွက်ပေးပါ။ ပြီးရင် ငါ့ HUD ကို လှမ်းပို့ပေး”

“စိတ်ချ သူငယ်ချင်း ၊ မိနစ်ဝက်ပဲ စောင့်”

သူရိန်အနေဖြင့် တစ်ဘက်လေယာဉ် မိမိတို့ကို မမြင်နိုင်မှန်း သိပြီး ဖြစ်သော်လည်း ထောင့်စေ့အောင် ကြိုတင် စဉ်းစားထားခြင်း ဖြစ်သည်။ လေယာဉ်ကိုလည်း ပေ ၃၀၀၀၀ ထိ တက်လိုက်ပြီး မျက်စိက အနီစက်ကလေးကိုသာ အာရုံစိုက်နေမိသည်။ အင်း ဒီတောင်ကြော တစ်ကြော ကျော်ရင် တွေ့ပြီ။ အေးချမ်းပို့ပေးထားသော အနီစက်၏ အချက်အလက်များကို ပြန်စစ်မိသည်။ သူကတော့ ကိုယ့်ကို မမြင်သေးသဖြင့် တည့်တည့်သို့ မိမိပိုင်နက်အတွင်း ၀င်လာလျက်ရှိသည်။ ဒီပုံအတိုင်းဆို နောက် ၁ မိနစ်နေရင် ဒီလေယာဉ်ကို ဘယ်ဘက် ပေ ၁၀၀ အမြင့်ကနေ ဖြတ်မိလိမ့်မည် ဖြစ်သည်။ Intercom မှ အေးချမ်းကို လှမ်းပြောလိုက်သည်

“သူငယ်ချင်း .. လက်နက်စနစ် On လိုက်”

“အိုကေ”

ထို့နောက် နိုင်ငံတကာ လေလှိုင်းမှ တဆင့် တစ်ဘက်လေယာဉ်ကို လှမ်းခေါ်လိုက်သည်။

“အမျိုးအမည်မသိ လေယာဉ် ၊ မြန်မာ့ဝေဟင်ပိုင်နက်ထဲ ရောက်နေသည်။ အမြန်ပြန်ထွက်ပါ။”

ပြောပြီးပြီးချင်း ချိန်ကိုက်၍ ရှေ့တွင် မြင်နေရသည့် ရန်သူ့လေယာဉ်ပေါ် စိုက်ဆင်းလိုက်သည်။ ပေ (၁၀၀) ခန့်အကွာမှ ဖြတ်၍ မိမိတောင်ပံတွင် တပ်ထားသော လက်နက်များ မြင်အောင် ပြကာ အပေါ်သို့ ပြန်မော့တက်လိုက်သည်။ ရန်သူ့လေယာဉ်လည်း ကျွမ်းထိုး ရှောင်တိမ်းကာ သူတို့နိုင်ငံဘက် လစ်ပြေးတော့သည်။ အင်း .. ဒါမှ ကျောင်းမှန်း ကန်းမှန်း သိသွားမှာ ။ ထို့နောက် ရေဒါနှင့် အုပ်မှူးထံ တပြိုင်တည်း သတင်းပို့လိုက်သည်။

“လင်းယုန် ၅ မှ သစ်ခွ ၊ အမျိုးအမည်မသိ လေယာဉ်အား မိမိပိုင်နက်တွင်းမှ မောင်းထုတ်ပြီး၊ ပုံမှန် တာဝန် ဆက်လက် ထမ်းဆောင်လျက်ရှိ”

“ကောင်းပြီ လင်းယုန် ၅၊ ဆက်လုပ်ပါ”

Intercom မှ အေးချမ်း၏အသံ ကြားလိုက်ရသည်။

“သူငယ်ချင်း ပင်ပန်းသွားပြီ ၊ ငါဆက်မောင်းလိုက်မယ် ၊ I got it.”

“ကျေးဇူး ၊ You got it”

အင်း .. တစ်နေ့တော့ ကုန်သွားပြန်ပြီ ၊ နောက်နေ့တွေလည်း ဘယ်လို ကကွက်ဆန်းတွေ တွေ့ရလိမ့်အုံးမယ် မသိ။

p.s ။ ကျနော် တဝက်တပျက်ပဲ မက်ခဲ့ရတဲ့ အိပ်မက်ကလေးပါ။

Type the rest of your post here.

ရှိသေးတယ်

Political Economy & Capacity Development


မနေ့က ရှောက်ရှာကြည့်နေယင်းနဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ထားတဲ့ Kiribati’s Political Economy and Capacity Development ဆိုတာ သွားတွေ့ပါတယ်။ ဖတ်ချင်တဲ့သူတွေ ဖတ်နိုင်အောင် ရှယ် လိုက်ပါတယ်။ လိုချင်တဲ့သူတွေ ဒီမှာ ယူသွားနိုင်ပါတယ်။


ရှိသေးတယ်

စိတ်ညစ်လွန်းလို့

ခုတလော စိတ်တွေ တအား ညစ်နေတယ်။
စိတ်ညစ်တယ် ဆိုတာထက် စိတ်ကုန်တယ်ဆိုရင် ပိုမှန်မယ် ထင်တယ်ဗျ။
ဘာတွေ မှန်း မသိတဲ့ အလုပ်တွေ လုပ်နေရတာရယ် ၊ ဘာတွေမှန်း မသိတဲ့ အမိန့်တွေ လာပေးနေကြတာရယ် ၊ ကိုယ်နဲ့ မဆိုင်တဲ့ (မဆိုင်ဘူးလို့ ခံစားရတဲ့) အလုပ်တွေ လာခိုင်းနေတာရယ်ကြောင့် စိတ်တွေ တိုပြီး အလုပ်ကို စိတ်ကုန်နေတာပါ။
တခါတလေ တယောက်ယောက်ကို စိတ်ရှိ လက်ရှိ အော်ငေါက် ပစ်လိုက် ချင်နေတယ်။
တယောက်ယောက်ကို ဆွဲထိုးပစ်ချင်နေတယ်။
တယောက်ယောက်ကို ပြစ်ပြစ်နှစ်နှစ် ဆဲ ပြစ်ချင်တယ်။
တယောက်ယောက်ကို ဖနောင့်နဲ့ စိတ်ရှိလက်ရှိ ဆောင့်ပစ်လိုက် ချင်တယ်။
တယောက်ယောက်ကို ပါးနားတွေ တီးပစ်ချင်နေတယ်။
တယောက်ယောက်ကို ရင်ဘတ်ကို ဆောင့်တွန်းပြီး ထိုးပစ်ချင်နေတယ်။
..... . . . .. .
.. .. . . . . . ..
. .. . . . . .. . . . .
. . . . . . . . . . .. . . ။

ရှိသေးတယ်

Pain & Gain



စကားတစ်ခွန်း ကြားဖူးပါတယ်။ No Pain No Gain ဆိုတာပါ။ သူ့ဟာနဲ့ သူတော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစား ကြည့်ရင် မဟုတ်ဘူး ထင်တယ်ဗျ။
ဗမာလို ပြန်ကြည့်ရင်တော့ “အနာခံမှ အသာစံ” ရမယ်ပေါ့ဗျာ။
ကျနော်စဉ်းစားမိတာကတော့ အသာစံဖို့အတွက်တော့ အနာခံရမှာပဲဗျ။ ဒါပေမဲ့ အနာခံတိုင်းတော့ အသာ မစံရနိုင်ဘူးဆိုတာပါ။ ကံ ကံ၏အကျိုးတော့ ဟုတ်ပါတယ်။ သူ့မှာလည်း ခြွင်းချက်တွေတော့ ရှိအုံးမှာဗျ။
ဘယ့်နှယ်ဗျာ .. . အနာခံတိုင်းသာ အသာစံရမယ်ဆိုရင် .. . . . .


ရှိသေးတယ်

မီးမြေခွေးကို စတိုင်ပြောင်းမယ်

ကျနော်တော့ Browser တွေထဲမှာ မီးမြေခွေးကို အကြိုက်ဆုံးပဲ။ IE တော့ သုံးပါရဲ့ .. မီးမြေခွေးလောက် မကြိုက်ဘူး။ ကျနော်ကလည်း သိတဲ့အတိုင်း ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ Theme တွေ ရှောက်ပြောင်းပြီး ကလိလို့ ကောင်းတယ်လေ။

ခု စတိုင် ပြောင်းတဲ့ ပုံစံ အသစ်ကလေး တွေ့ထားလို့ ။ လုပ်ရတာလဲ လွယ်တယ် ၊ စိတ်ကြိုက်လဲ ပြောင်းလို့ ရတယ်လေ။ ပထမဆုံး ဒီကို သွာပြီးတော့ Get Personas for Firefox ဆိုတာလေး နှိပ် ၊ add on လေး ယူလိုက်ပြီး Install လုပ်လိုက်ပါ။ နောက် မီးမြေခွေးကို Restart ချလိုက်ရင် ကိုယ့် Browser ရဲ့ ဘယ်ဘက် ဒေါင့်မှာ မြေခွေးပုံလေး ရောက်လာလိမ့်မယ်။ အဲဒီ မြေခွေးလေးကို နှိပ်ပြီး ကြိုက်တဲ့ ဒီဇိုင်းလေး ရွေးလို့ ရပါတယ်။ အဲဒီမြေခွေးလေး နှိပ်လိုက်တာနဲ့ Popular တို့ New တို့မှာ Sub - Menu လေးတွေ ထပ် ထွက်လာမှာပါ။ ဘယ်လောက်လွယ်သလဲ ဆိုရင် Sub-Menu ကို Pointer တင်လိုက်တာနဲ့ ကိုယ့် Browser ကို Preview ကြည့်လို့ ရမှာပါ။ ကြိုက်မှ ရွေးပေါ့။ အဲဒီထဲမှာ ပါတဲ့စတိုင်တွေကို မကြိုက်သေးဘူးဆိုရင်လဲ စိတ်ပူမနေပါနဲ့။ ဒီမှာ စတိုင်တွေ အများကြီး ရှိသေးတယ်။ စိတ်ကြိုက် သွားရွေးလို့ ရတယ်။
ကဲ စမ်းသာ လုပ်ကြည့်လိုက်ကြဗျို့။ ကျနော်ကတော့ တော်တော် သဘောကျနေတယ်။

ရှိသေးတယ်

Food Prices and Inflation




အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်တဲ့ စာတမ်းပါ။ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများ၏ စားသောက်ကုန် ဈေးနှုန်းနှင့် ငွေကြေး ဖောင်းပွခြင်း ဆိုတဲ့ အကြောင်းပါ။
ADB ရဲ့ စီးပွားရေးနှင့် သုတေသနဌာနက ရေးထားတဲ့ စာတမ်းပါ။ ဒီစာတမ်းက ထုတ်ထားတာတော့ ကြာပါပြီ။ လိုချင်တဲ့သူတွေ ဒီမှာ ယူသွားနိုင်ပါတယ်။

ရှိသေးတယ်

ဝက်တုပ်ကွေးတဲ့

အမလေး !!!
ဝက်တုပ်ကွေးတဲ့ဗျ။
ဒီနေ့ ဧပြီ (၃၀) အထိ ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရတဲ့ စာရင်းက အောက်မှာပါ .. . အမလေး .. ကြောက်စရာကြီးနော် ..



























နိုင်ငံ
တွေ့ရှိမှု
သေဆုံးမှု
Mexico
2547
159
United States
156
1
Canada
32
0
Costa Rica
18
0
Colombia
42
0
Peru
1
0
Brazil
20
0
Chile
20
0
Britain
7
0
Spain
34
0
France
20
0
Germany
5
0
Czech
3
0
Italy
1
0
Switzerland
5
0
Denmark
5
0
Austria
2
0
Ireland
3
0
Poland
3
0
Finland
1
0
Israel
4
0
South Korea
17
0
Thailand
1
0
Hong Kong, China
4
0
New Zealand
117
0
Australia
128
0

ရှိသေးတယ်

World Economic Outlook


International Monetary Fund (IMF) က ထုတ်တဲ့ စာအုပ်ပါ။ ၂၀၀၉ ခုနှစ် ၊ ဧပြီ မှာ ထုတ်ထားတာပါ။ Financial Crisis က အမေရိကားက စတယ်ဆိုပေမဲ့ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးကို ဂယက်ရိုက်ခဲ့တာပါ။ ကျနော့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ သူက ကမ္ဘာ့ငွေကြေး အကြပ်အတည်းက ကျနော်တို့ နိုင်ငံကို တိုက်ရိုက် မသက်ဆိုင်ဘူးလို့ ပြောတဲ့ စကားကို ပြန်ချေပ တာပါ။ သူပြောတာက အမေရိကားကရဲ့ ဘဏ္ဍာရေးစနစ်က ပင်လယ်ကြီးဆိုရင် ငါတို့ နိုင်ငံက ရေခွက်လောက်တော့ ရှိတယ်တဲ့။ ဒီတော့ ပင်လယ်ထဲက ရေပွက်လေး တစ်ခုက ရေခွက်ထဲမှာ ဆိုရင်တော့ လှိုင်းလုံးကြီး ဖြစ်သွားမယ်တဲ့။
သူပြောသလိုပါပဲ။ ကျနော်တို့နိုင်ငံနဲ့ အမေရိကားက ဘဏ္ဍာရေးအရ တိုက်ရိုက် ဆက်ဆံတဲ့ အခြေအနေ သိပ်မရှိပေမဲ့ သူ့ရဲ့ အကြပ်အတည်းက ကျနော်တို့လဲ ထိတာပါပဲ။ ဒါတွေကို တော်တော်များများလဲ သိပြီးသား ဖြစ်မှာပါ။
WEO 2009 ကို စိတ်ဝင်စားလို့ လိုချင်တဲ့သူတွေ
ဒီမှာ သွားယူနိုင်ပါတယ်။ သူ့ မူရင်း IMF website မှာလည်း သွားဒေါင်းနိုင်ပါတယ်။

ရှိသေးတယ်

ကျီစားသန်မိတဲ့ .. . .

သင်္ကြန်ကာလ ရုံးပိတ်ရက်မှာ အိမ်ပြန်တုံးက အဖြစ်အပျက်လေးပါ။
အိမ်မှာ အလုပ်တွေ ကူလုပ်ပေးနေတဲ့ ကောင်မလေးက သင်္ကြန်တွင်း ခဏပြန်လို့ သူ့အစား အဒေါ်ကြီး နောက်တစ်ယောက်ကို သွားခေါ်ကြပါတယ်။ အဲဒီနေ့က ကျနော်ရယ် ၊ မဒမ်ဘိုတောက်ရယ် ၊ ယောက္ခမကြီးရယ် သွားကြတာပါ။ သွားခေါ်တဲ့ အဒေါ်ကြီးရဲ့ အိမ်က ကားဝင်မရလို့ ကျနော်က လမ်းထိပ်မှာ ကားလှည့်နေတုန်း မဒမ်ဘိုတောက်ရယ် သူ့မာမီရယ် အရင်ဆင်းပြီး သွားကြပါတယ်။ ကျနော်က နောက်မှ လိုက်သွားတာပါ။ ရှေ့ပိုင်းမှာ ဘာတွေ ပြောကြလဲတော့ မသိဘူး။ ကျနော်ရောက်တော့ အဒေါ်ကြီးက သိပ်ပြီး မလိုက်ချင်ဘူးတဲ့ ၊ သူက သရဲ ကြောက်တတ်တယ်တဲ့။ ပြောသေးတယ်၊ နေ့ဘက်တော့ မကြောက်ပါဘူး၊ ညဘက်တွေပဲ ကြောက်တာပါတဲ့။ အဲဒီမှာ ကျနော့ရဲ့ ဇာတိက ပြလာတော့ ထုံးစံအတိုင်း ပါးစပ်က လွှတ်ခနဲ ပြောလိုက်မိတယ် “တော်သေးတာပေါ့ ၊ ညဘက်တွေမှာ ပဲ ကြောက်တတ်လို့ ၊ ဘာမှ ပူမနေပါနဲ့ဗျာ ၊ အိမ်က ကောင်ကလည်း နေ့ဘက်တွေပဲ သောင်းကျန်းတာပါ” လို့လဲ ပြောလိုက်ရော အဒေါ်ကြီးလည်း မျက်လုံးကြီး ပြူးပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားရော .. . ။ နောက် ဘယ်လိုမှ ပြောလို့လဲ မရတော့ဘူး။ ခေါ်လို့လဲ မရတော့ဘူး။ အဲဒီ အကျိုးဆက်ကတော့ သင်္ကြန် ပြီးသည်အထိ မောင်ဘိုတောက် အိမ်ရဲ့ အိုက်တိုး ပဂေးဆန် တာဝန်ကို ပြိုင်ဘက်မရှိ လွှဲပြောင်း ယူလိုက်ရပါတော့တယ်။

တကတည်း မှတ်သွားတာပဲ .. ။

ရှိသေးတယ်

အိမ်ပြန်ခရီး

အရင်အပတ်က ရုံးသုံးရက် ပိတ်တာနဲ့ မိသားစုပါခေါ်ပြီး ချောက်ကို ပြန်ဖြစ်ပါတယ်။ အစီအစဉ်မရှိပဲ ရုတ်တရက် ထသွားတာဆိုတော့ လမ်းမှာ ကားကလဲ ပျက်နေသေးတယ်။ ကားကို သေချာအောင် ပြင်နေတာနဲ့ ဒီကနေ ၂ နာရီကျော်မှ ထွက်ဖြစ်တယ်။ မိတ္ထီလာ ထိကတော့ လမ်းက ဖြူးနေတာပဲ။ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်း ကြားကတော့ ကားလမ်းဆိုတာ ကျိန်ပြောတောင် ယုံဖို့ ခက်တယ်ဗျာ။ ပြင်တော့ ပြင်နေပါရဲ့ .. . ။ တစ်မိုင်လောက် ပြင်လိုက် နောက်တမိုင်လောက်က ကျောက်ပေါက်မာ ဗရပွနဲ့ ဆိုတော့ မောင်းရတာလဲ ရိုလာ ကိုစတာ စီးနေရသလား အောက်မေ့တယ်။ လမ်းကလည်း မသွားတာ ကြာပြီဆိုတော့ သိပ်မမောင်းရဲတာ ပါတယ်။ တော်သေးတယ် .. . . ကျောက်ပန်းတောင်းက ထွက်ကာနီးကျတော့ ဗင် တစ်စီးက ရှေ့က အသကုန် မောင်းသွားတာနဲ့ သူတောင် မောင်းရဲသေးတာ ငါက ဘာလို့ မမောင်းရဲရမှာလည်း ဆိုပြီး လိုက်မောင်းတာနဲ့ ချောက်ကို ည (၈) နာရီလောက် ရောက်သွားတယ်။
မိန်းမက မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းကို ကြည့်ပြီး မှတ်ချက်ချတယ်။ နေပြည်တော်က လမ်းလုပ်တဲ့သူတွေ ဒီကို ပို့လိုက်ရင် ပြီးရောတဲ့ .. . . ။
သူ့အတွေးကလည်း ဟုတ်တယ်ဗျ .. ။ နေပြည်တော်မှာကျတော့ ကွန်ကရစ် လမ်းမကြီးတွေ လေယာဉ် ပြေးလမ်းထက်တောင် ကောင်းတဲ့ လမ်းတွေကို ရက်ပိုင်းနဲ့ အပြီး ခင်းကြတာလေ။ မီးတွေဆိုလည်း ထိန်ထိန်ငြီးနေတာပဲ။
ဒီလမ်းကျတော့ ကျောက်ခဲစားသွားတောင် ကြေမဲ့ လမ်းမျိုး။
မိန်းမကတော့ ပြောပါတယ် .. . ။ ဘဘကြီးကို ဒီလမ်းမှာ ကားနဲ့ သွားခိုင်းရမယ်တဲ့ .. . . ။ ဟုတ်ပဗျာ .. . .
သူ့သာ ကားနဲ့ ဒီလမ်း သွားခိုင်းလို့ကတော့ .. . . ဟေ ဟေ့ .. . .
ဇန်န၀ါရီ (၄) ရက်နေ့က သူသွားတဲ့နေ့မှာ ပြောင်းသွားနိုင်တယ်ဗျ .. . ဟာ ဟ..

ရှိသေးတယ်

၃၀ ပြည့်အတွေး

ပုံပြင်ထဲက ဖာတစ်လုံး ခေါင်းကြားက လူ့လောကအကြောင်းကို သိဖို့ ဖာတောင်း တစ်လုံး ခေါင်းရွက်ပြီး ခရီးတွေ ထွက်ခဲ့တယ်။
ငါကတော့ အချိန်ခရီးကို ထွက်ရင်း လူ့လောကအကြောင်း တော်တော် သိခဲ့ရတယ်။
လူ့သက်တမ်းက အနှစ် (၆၀) ဆိုရင် ငါ့အတွက် တ၀က်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်။
ဘာရယ်မှ မဟုတ်ပေမဲ့ သစ်ရွက်လှုပ်ရင်လဲ ရယ်တတ်တဲ့ အရွယ် မဟုတ်တော့ဘူး။
ရူးရူး မူးမူးနဲ့ မိုက်မဲခဲ့တဲ့ ရက်တွေလည်း ကျော်ဖြတ်ခဲ့ပြီးပြီ။
ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်မှုတွေလည်း ခံခဲ့ပြီးပြီ။
မကောင်းသူထိပ် ၊ ကောင်းသူထိပ်ဆိုပြီး ရမ်းသမ်းတွယ်တာတွေနဲ့ ကွဲခဲ့ပေါင်းလည်း များပြီ။
ငါမသိတာတွေကို သိအောင်လုပ်ဖို့ မသိတဲ့သူကို ဆရာတင်ခဲ့ပေါင်းလည်း များပြီ။
ငါမတတ်တာကို တတ်ဖို့ မတတ်တဲ့သူကို ဆရာတင်ခဲ့ပေါင်းလည်း များပြီ။
ငါ မသိတာကို သိဖို့ ပြောပြတဲ့သူကို မောင်းထုတ်ခဲ့ပေါင်းလည်း များပြီ။
ငါ မတတ်တာကို တတ်ဖို့ ပြောပြတဲ့သူကို မောင်းထုတ်ခဲ့ပေါင်းလည်း များပြီ။
ကျေးဇူးရှင်တွေကို ကျေးဆွတ်ခဲ့ပေါင်းလည်း များပြီ။
ကျေးဇူး ပြုခဲ့ဖူးလို့ ကျေးဆွတ်ခံရပေါင်းလည်း များပြီ။
မတရားတာတွေကို ခေါင်းငုံ့မခံဘူးလို့ ကြွေးကြော်ခဲ့ပေါင်းလည်း များပြီ။
မတရားမှန်း သိသိကြီးနဲ့ြ့ပန်မပြောနိုင်လို့ ဆွံ့အခဲ့ရပေါင်းလည်း များပြီ။
ကိုယ့်လက်အောက်ကလူကို မျှမျှတတ ဖြစ်စေရမယ်လို့ သန္ဓိဌာန် ချခဲ့ပေါင်းလည်း များပြီ။
ဘယ်လိုမှ မတတ်နိုင်လို့ မမျှမတ လုပ်ခဲ့ရပေါင်းလည်း များပြီ။
ပရဟိတ နဲ့ အတ္တဟိတ မျှအောင် နေမယ်လို့ ဆုံးဖြတ်ခဲ့ပေါင်းလည်း များပြီ။
တစ်ဘက်စောင်းနင်းနဲ့ လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း များပြီ။
လူတိုင်းနဲ့ သင့်မြတ်အောင်နေမယ်လို့ စဉ်းစားခဲ့ပေါင်းလည်း များပြီ။
ဘယ်သူ ဘာပြောပြော _____ဂရု မစိုက်ဘူးလို့ စဉ်းစားခဲ့ပေါင်းလည်း များပြီ။
ကိုကောင်းရင် ခေါင်းမရွေ့ဘူးလို့ ပြောခဲ့ပေါင်းလည်း များပြီ။
ခေါင်းရွေ့မှာစိုးလို့ မကောင်းခဲ့ရပေါင်းလည်း များပြီ။
________ တွေလည်း များပြီ။
________ တွေလည်း များလှပြီ။
________ တွေလည်း များလှပြီ။
________ တွေလည်း များလှပြီ။
... ... ... ... ... ... ...
အင်း ..
နောက်ထပ် သက်တမ်း တစ်ဝက်မှာ ငါ .... . . .. . . . . .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. . . .။

ရှိသေးတယ်

ထွက်ပေါက်

မနက် စောစောစီးစီး အတင်းတုတ်ရအုံးမယ်။
တကတည်းဗျာ .. .
ကြားမှ ကြားဖူးကြရဲ့လား အရပ်ကတို့ရေ .... .
မနေ့က သင်တန်းမှာ စာမေးပွဲ ရှိလို့ သွားဖြေပါတယ်ဗျာ ။ ရုံးက စာမေးပွဲခန်းထဲအထိ လိုက်ခေါ်ရတယ်လို့။ လွန်ရော လွန်ရောပဲ .. ။ ကြားဖူးပါဘူးဗျာ .. ။ စာမေးပွဲခန်းထဲထိ လိုက်ခေါ်ပြီး အလုပ် လာလုပ်ခိုင်းတဲ့ ဌာနရယ်လို့ ဒို့ ဗမာ ပြည်မှာ ရှိတယ်ဆိုတာ .. .။ အမလေး လေး ... . .
ခါတိုင်းလဲ သင်တန်းက ပြီးရင် အိမ် တန်းမပြန်ပဲ ရုံးမှာ လုပ်လက်စတွေ ဖြတ်ပေးပြီးမှ အိမ်ပြန်နေကြပါဗျာ။ ခုဟာက စာမေးပွဲခန်းထဲထိတောင် လိုက်ခေါ်တာတော့ လွန်လွန်းပါတယ်ဗျာ .. ။ တကယ်ပါပဲ .. အံ့ရော အံ့ရော ....။

ရှိသေးတယ်

Financial Crisis နောက်ဆက်တွဲ

ကျနော် တနေ့က အရောင်းအ၀ယ်လုပ်နေတဲ့ အသိတယောက်ကို မေးကြည့်မိတယ်ဗျ။ ခင်ဗျားတို့ လောင်စာဆီ ဈေးနှုန်းတွေ တက်တုံးက ကုန်ဈေးနှုန်းတွေ လိုက်တက်ပြီး အခု လောင်စာဆီ ဈေးကျပြီလေဗျာ လို့။
သူက ဘာပြန်ပြောလဲ ဆိုတော့ .. .
ခင်ဗျား ရန်ကုန်နဲ့ မန္တလေး ကုန်ကားနဲ့ သွားဖူးလားတဲ့။ ကျနော်က ဘယ်သွားဖူးမလဲဗျာ ။ အဲဒီတော့ သူက ပြောတယ်။ ခင်ဗျား မသွားဖူးလို့ပါဗျာတဲ့ ။ ကုန်ကားတစ်စီး မန္တလေးကနေ ရန်ကုန်ရောက်ဖို့ ဘယ်လောက် ကုန်တယ် ထင်လဲတဲ့။ သိန်းဂဏန်း ရှိတယ်တဲ့။ လောင်စာဆီ ဈေးသာ ကျတာပါဗျာ။ ခင်ဗျား လမ်းကြေးတွေက တက်လာတာကိုးဗျ တဲ့။
သူပြောတော့လဲ ဟုတ်သလိုလို ရှိသား။ လောင်စာဆီဈေး ကျရဲ့သားနဲ့ လမ်းကြေးတွေက ဘာလို့ တက်လဲ မသိတော့ပါဘူးဗျာ ... . . .။

ရှိသေးတယ်

Trade Profile (2008)



ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) က ထုတ်တဲ့ ၂၀၀၈ ခုနှစ်အတွက် Trade Profile ပါ။ နိုင်ငံ အားလုံး အတွက် ပါပါတယ်။ တကယ့်နိုင်ငံစုံကို ပြုစုထားတာပါ။ စာမျက်နှာ (၁၁၈) မှာ ကျနော်တို့ မြန်မာနိုင်ငံအတွက် ပါပါတယ်.။ လိုချင်တဲ့သူတွေအတွက် WTO ကနေ တိုက်ရိုက် ယူနိုင်သလို ဒီမှာလည်း ယူနိုင်ပါတယ်။

ရှိသေးတယ်

International Trade Statistics 2008



WTO က ထုတ်တဲ့ ၂၀၀၈ ခုနှစ်အတွက် International Trade Statistics 2008 ပါ။ ဒီမှာ ယူနိုင်ပါတယ်။ တစ်နှစ်လုံးစာအတွက် ဖြစ်ပြီးတော့ တော်တော် စုံစုံ လင်လင် ပါ ပါတယ်။

ရှိသေးတယ်

Block Persons by US



အမေရိကန် အစိုးရက Black List အဖြစ် ကြေညာထားတဲ့ လူစာရင်းပါ။ ကျနော်လည်း အမျိုးတွေများ ပါမလားလို့ အသည်းအသန် လိုက်ရှာသေးတယ်။ တော်သေးတာပေါ့ ..။ မတွေ့လို့ .. ဟီး .... ....ဟီး ။ ကိုယ့်အမျိုးတွေ ပါလား မပါလား ကြည့်ချင်ရင် ဒီမှာ သွားယူနိုင်ပါတယ်။

ရှိသေးတယ်

World Development Report 2008



ကမ္ဘာ့ ဘဏ်က ထုတ်တဲ့ World Development Report 2008 ပါ။ သူကတော့ ပြောထားတယ်။ စိုက်ပျိုးရေးဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုပ်မြစ်ပါတဲ့။ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်မှာပါတဲ့။ ပြီးတော့ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေလည်း ပေးထားပါသေးတယ်။ စိတ်ဝင်စားတဲ့သူတွေ ဒီမှာ ယူသွားနိုင်ပါတယ်။

ရှိသေးတယ်

ထွက်ပေါက်

တစ်နေ့ တစ်နေ့ဗျာ .. . .
ဘာမဟုတ်တဲ့ စာရင်းဇယားတွေနဲ့ပဲ အချိန်ကုန်နေတယ်။ မနက်လင်းတာနဲ့ မော်နီတာကြီး မျက်နှာအပ်ပြီး ဂဏန်းတွေနဲ့ပဲ နပန်းလုံးနေရတာ။ လူလည်း မျက်စိမွဲနေပီ။ သူများတွေ ပြောသလို အမေနဲ့ သမီး တူတူလျှောက်လာရင် သမီးပဲ မြင်တော့တယ်။ အမေကို မမြင်တော့ဘူး။ (ဟဲ .. ဟဲ .. အကျင့်ကိုက အဲလို)
တကယ်ပဲ .. . . ။ ကိုယ်လုပ်လိုက်တဲ့ စာရင်းတစ်ခုက တကယ်တမ်း အသုံးဝင်ရင် ဘယ်လောက် ပင်ပန်းပင်ပန်း လုပ်ရတာ လုပ်ပျော်သေးတယ်။ တစ်ခါတစ်လေ ဘာမှ မဟုတ်တဲ့ စာရင်းတစ်ခုကို ညလုံးပေါက် ထိုင်လုပ်ပေးရတာတော့ သိပ် မနိပ်လှဘူး။

အောင်မာ .. .. .
တစ်ခါတစ်လေဆို စာရင်းတစ်ခုတည်းကိုပဲ ဟိုဘက်ကလှည့်လိုက် ဒီဘက်က လှည့်လိုက်နဲ့ .. အမျိုးမျိုး လုပ်ခိုင်းနေတတ်သေးတာ။
တကယ်ပါပဲ ... တတ်လည်းတတ်နိုင်တဲ့လူတွေ။ စာရင်းလုပ်တာများ ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ ဂလောက်ခနဲ ထွက်ကျလာတယ်များ အောက်မေ့နေကြလား မသိဘူး။ ဒါတောင် ကျနော်က တော်တော် တော်နေလို့ .... (ဟေ ဟေ့. .. )
ခက်တော့ ခက်တယ်ဗျ။ ကျနော်က ယောက်ျားလေးဆိုတော့ သိတဲ့အတိုင်း တစ်နေရာတည်း ထိုင်ပြီး ငြိမ်ငြိမ်လေး နေရတဲ့ အလုပ်ဆို တအားမုန်းတာ။ စာရင်းဇယားဆိုတာလည်း ဘာမှန်းတောင် ကောင်းကောင်း သိတဲ့လူ မဟုတ်ဘူး။ စာရင်းဇယားနဲ့ ပက်သတ်ပြီးလည်း ဘာသင်တန်းမှ တက်ခဲ့ဘူးတာမှုတ်ဘူး။ ကုန်ကုန်ပြောရရင် Excel တောင် သင်တန်းတွေ ဘာတွေ တက်ပြီး သေသေချာချာ သင်ခဲ့ဘူးတာ မှုတ်ဘူး။ ဟိုရှောက်နှိပ် ၊ ဒီရှောက်နှိပ်နဲ့ နဲနဲလောက် တတ်လာတာ။ အဲလိုလူ ကျနော့ကို စာရင်းဇယား လုပ်ခိုင်းတာတော့ (အင်း .. . . . ခက်တယ်ဗျာ)
ပြီးတော့ သူတို့က လုပ်ပေးလိုက်တဲ့ စာရင်းမှားရင် တွယ်သေးတာ။ ခေါင်းကျတော့ ဘယ်သူမှ ခံတာမှုတ်ဘူး။ နံမယ်ရမယ်ဆိုရင်သာ ရှေ့ဆုံးက ပြေးသွားပြီး နာစရာဆိုရင်တော့ .. အဲဒါ ဘိုတောက် ပေါ့ ..။ ပေါ့တီးပေါ့ဆနဲ့ အလုပ်ကို သေသေချာချာ မလုပ်ဘူး။ ဒီကောင့်ကို တွယ်သာ တွယ်ပစ် ဆိုပြီး အချွန်နဲ့ “မ” တဲ့သူတွေ .၊ ဒါက မီးတို့နဲ့ မဆိုင်ဘူးလေ .. ။ မီး မသိဘူး .. . .။ အဲဒါ သူတို့ လုပ်တာအဘ .. ။ ဟိုကောင်လေ .. ဘိုတောက်ပေါ့ ..။ မီးသူ့ကို ပြောတော့ ပြောသားပဲ .. ဒါပေမဲ့ ဒီကောင်က အလုပ်ဆို ဘယ်တော့မှ သေသေချာချာ မလုပ်ဘူးအဘ .. ။ မီးတို့နဲ့တော့ တခြားဆီပဲ .... .. . ဆိုပြီး သာသာထိုးထိုး ပြောတဲ့သူတွေ ..၊ အင်း .. . .အတွေ့အကြုံတော့ ရပါတယ်။
သူငယ်ချင်းတွေက မေးကြတယ် .. ။. မင်း အဲဒီမှာ လုပ်နေတာ ဘာရလဲတဲ့ .. ။ ကျနော်ကလည်း ပြောလိုက်ပါတယ် .. ။ ငါရတာတော့ အများကြီးပဲ .. ဒုက္ခရယ် ၊ ဝေဒနာရယ် လို့။

ရှိသေးတယ်

ASEAN Chart Book 2008



အာဆီယံရဲ့ Chart Book 2008 ပါ။ အတော် အဖိုးတန်တဲ့ ဇယားတွေပါ။ မူရင်း အာဆီယံ ၀က်ဆိုဒ်မှာ သွားယူချင်လဲ ရပါတယ်။ ဒါမှ မဟုတ်ရင်လဲ ဒီမှာ ယူသွားနိုင်ပါတယ်။ ဒီအထဲမှာ ထူးခြားတာလေး တစ်ခု တွေ့ရတယ်ဗျ။ အာဆီယံရဲ့ GDP Per Capita မှာ ကျနော်တို့ မြန်မာ နိုင်ငံက အနည်းဆုံးဗျ။ ကျနော်လည်း ပထမတော့ အံ့သြသွားတယ်။ ခါတိုင်း ဒီလိုမှ မဟုတ်တာကိုးဗျ။ နောက်မှ အောက်ခြေမှာ Notes သွားတွေ့တယ်။ သူက Exchange Rate မှာ တစ်ဒေါ်လာကို ၁၇၅၁ိ/- နဲ့ တွက်ထားတာဗျ။ အောက်မှာတော့ ရေးထားပါသေးတယ်။ တရားဝင် ငွေလဲနှုန်းကတော့ (၅.၇၄ိ/-) ပါတဲ့။ ဟီး ဟီး .. . . . သိပ်မကွာလှပါဘူးနော် ..။

ရှိသေးတယ်

Government Policy & Productivity Growth


ဒီနေ့ထုံးစံအတိုင်း ဟိုရှောက်ရှာ ဒီရှောက်ရှာနဲ့ ကမ္ဘာ့ဘဏ်က ထုတ်တဲ့ Government Policy & Productivity Growth ဆိုတဲ့ စာအုပ် သွားတွေ့ပါတယ်။ ကျနော်တော့ မဖတ်ရသေးပါဘူး။ ဖတ်ချင်တဲ့သူတွေ ဖတ်နိုင်အောင် စိတ်ကူးမိလို့ပါ။ လိုချင်တဲ့သူတွေ ဒီမှာသွားယူနိုင်ပါတယ်။

ရှိသေးတယ်

The Twenty Biggest Stories Of 2008

ဒီနေ့ဟိုရှောက်ကြည့် ဒီရှောက်ကြည့်နဲ့ The Twenty Biggest Stories Of 2008 ဆိုတာ သွားတွေ့ပါတယ်။ ဒါနဲ့ပဲ ပြန်တင်ထားဖို့ စဉ်းစားမိတာပါ။
၁။
The Bailout Crisis: Shockingly, it turned out that people with no money weren't as good a risk for expensive home loans as Barney Frank and Chris Dodd thought. After housing prices dropped, people who shouldn't have been given loans in the first place couldn't pay their mortgages, the economy tanked, the government spent trillions to shore up Fannie, Freddie Mac, and the banks. Now the government is using this crisis as an excuse to get an ownership stake in whole industries. This was the deathblow for John McCain's presidential campaign, led to a global financial crisis, could lead to a long-term economic slump, and has the potential to permanently damage our economy.

၂။ Barack Obama wins the presidency: America's first black President has been elected and soon, Americans are hoping to find out what he wants to do and whether or not he's qualified for the job.

၃။ The Turnaround in Iraq: You can tell that we're winning in Iraq because the same liberal media that lovingly covered every terrorist attack in sickening detail and brought on "expert" after "expert" to declare that victory was impossible is now doing their best to studiously ignore everything that's going on there.

၎။ The Oil Price Yo-Yo: Oil prices surged to over $4 a gallon and people blamed Big Oil for jacking up the price. Then, after the global financial crisis, a drop in demand drove gas below $2 gallon which caused people to finally realize that supply and demand were primarily responsible for the price jump -- just kidding. Next time gas goes up, everyone will blame the oil companies again.

၅။ John McCain selects Sarah Palin as his running mate: John McCain's selection of conservatism's new sweetheart, Sarah Palin, was just about the only thing worth cheering during his presidential campaign. At the start of the year, few Americans knew she existed. But by the end of the year, the moose killer, hockey mom thriller had turned into the biggest rock star in the Republican Party.

၆။ The Big 3 Bailout: After the banks got their bailout, next up to plate were the Big 3 car companies, which demanded billions just to make it until next year. Happily, the Republicans blocked the bailout in the Senate, but President Bush gave them enough money to hold out until Obama can pay off the union's support of his campaign with tens and perhaps even hundreds of billions of dollars next year.

၇။ Russia invades Georgia: Russia invaded Georgia -- and they got away with it, too. It looks like the evil empire is back in business after taking a little break.

၈။ The John Edwards affair: The Silky Pony shocked Americans by cheating on his cancer stricken wife....with a woman.

၉။ Russia's experiment with democracy ends: Vladimir Putin was replaced as President of Russia by his hand puppet, Dmitri Medvedev, while he runs the country as Prime Minister. Thus ended Russia's experiment with democracy and officially began the tenure of Vladimir Putin, dictator-for-life.

၁၀။ Iran continues to pursue nukes: There has been a lot of discussion about how close Iran is to nuclear weapons, but what's not up for debate is that diplomacy has thus far failed to dissuade them. Unless something changes, it looks like we're headed towards a choice between military strikes on Iran or a half-dozen unstable states run by dictators and religious fanatics developing nuclear weapons to protect themselves from Persian ambition.

၁၁။ Obama defeats Hillary: The battle between Barack Obama and Hillary Clinton was so long, so brutal, and so epic that it should have featured Hillary Clinton screaming, "From Hell's heart, I stab at thee," -- Wrath of Khan style -- as she dispensed some final scathing press release.

၁၂။ The Jena 6: If you needed a pre-Obama indication of how amazingly non-racist this country is, the over-the-top outrage over 6 black thugs being threatened with jail time for brutally beating a white kid should do it. If this is the best example of a racist incident anyone can come up with, we can officially declare America as free of significant racial prejudice.

၁၃။ Prop 8 passes in Cali: After losing Prop 8 in California, gay supporters of the bill went on a rampage and proved that they're actually much less tolerant of differing opinions than the Christians they're always lecturing about tolerance.

၁၄။ Rod Blagojevich peddles Obama's Senate seat: The governor of Illinois was engaged in various illegal shenanigans including shaking down a children's hospital and peddling the barely used Senate seat of our current President-elect. Now, everyone wants to know how much Obama and his staff knew, whether Blago's appointee is going to be seated, and how long Blago will be in office before he's removed or thrown in jail. It's political soap opera at its finest.

၁၅။ The Mumbai terrorist attacks: Terrorists launched coordinated attacks all across Mumbai, including at the Taj Mahal. During the attacks, which lasted for more than three days, 170 people were killed. It actually sounds like something you'd see at the movies, except there was no Indian Chuck Norris to swoop in and save the day.

၁၆။ The Eliot Spitzer call girl scandal: There once was a mayor named Spitzer. He met a prostitute and he kissed her. Then the press started to flay. His job went away. While the publicity made her money hand over tryster.

၁၇။ Bernard Madoff pulls off the biggest scam in history: Charles Ponzi and the guy who wrote the first Nigerian spam email are going to have to move over because Bernard Madoff's 50 billion dollar flim-flam topped 'em both.

၁၈။ Ted Stevens Indicted: In a less scandal-prone year, having the longest serving Republican senator being indicted on seven counts would have been a huge story. As is, the crooked old codger almost got re-elected.

၁၉။ Cyclone Nargis in Myanmar: Had 130,000 people died in a natural disaster in the U.S., it would have been the story of the year times ten. But, since it happened in Myanmar, it barely makes the list. That might seem unfair, but that's the way of the world.

၂၀။ China hosts the Olympics: The ChiComs held the Olympics and although most of the event has already gone down the memory hole, the massive opening ceremony, Michael Phelps winning eight gold medals, the filthy air, and the rampant Chinese cheating in gymnastics won't soon be forgotten.

ပထမတော့ မြန်မာလို ဘာသာပြန်ပြီး တင်မလို့ပါပဲ။ သူ့မူရင်း အရသာ ပျက်သွားမှာစိုးလို့ ဘိုလို တင်ထားတာပါ။ ၀န်ခံရရင် http://townhall.com/columnists/JohnHawkins/2009/01/02/the_twenty_biggest_stories_of_2008 က ယူထားတာပါ။

ရှိသေးတယ်

World's ..... ..... ..... in 2008

၂၀၀၈ ခုနှစ်ရဲ့ ...
အလှဆုံး အမျိုးသမီး -
KATE HUDSON
အကျော်ကြားဆုံး ပုဂ္ဂိုလ် - ဒလိုင်းလားမား
တန်ဖိုးအကြီးဆုံး ဘောလုံးအသင်း - Manchester United
တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ် - Cocoa - Cola
ဝန်ဆောင်မှု အကောင်းဆုံး ဟိုတယ် - Four Seasons Resort, Hawaii
အကောင်းဆုံး လေဆိပ် - ဟောင်ကောင်လေဆိပ်
အကောင်းဆုံး လေကြောင်းလိုင်း - Singapore Airlines
အကောင်းဆုံး ဘောလုံးသမား - Cristiano Ronaldo
ရောင်းအားအကောင်းဆုံး သီချင်းအယ်လ်ဘမ် - Coldplay

တွေ့သလောက်တွေ တင်ထားတာပါ။


ရှိသေးတယ်