Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

လမ်းပေါ်မှ လက်ကလေးများ

အရင်တပတ်က ကျနော် ကျောက်ပန်းတောင်း ဘက်ကို ရောက်ပါတယ်။ ညနေ ကားနဲ့ ပြန်လာတော့ လမ်းမှာ ကျောင်းဆင်းချိန်နဲ့ ကြုံပါတယ်။ လမ်းပေါ်မှာ မူလတန်း ၊ အလယ်တန်း ကျောင်းသား ကျောင်းသူလေးတွေ ခြေကျင်လျှောက်ပြီး အိမ်ကို ပြန်နေကြပါတယ်။
ကျနော်တို့ ကားကိုလည်း မြင်ရော လက်လှမ်းတားကြပါတယ်။ ဒါပေမဲ့ ကားကလည်း အဝေးပြေး Express ဖြစ်နေတော့ ရပ်မပေးနိုင်ပါဘူး။ ကျနော့စိတ်နဲ့ဆိုရင်တော့ ရပ်ပြီး အကုန်တင်ခေါ်သွားချင်ပါတယ်။ ဒါပေမဲ့ ကားသမားတွေကလည်း အချိန်နဲ့ သွားနေရတော့ မခေါ်ကြပါဘူး။ သူတို့ကလည်း တားသာတားရတယ် .. . အားရှိပါးရှိတော့ မဟုတ်ပါဘူး။ ရပ်များရပ်လေမလားရယ်လို့ တားကြတာပါ။
ကျနော် စိတ်ထဲမှာ မကောင်းဘူး။ သူတို့ကလေးတွေ အဝေးကြီးကနေ ပညာလိုချင်လို့ လမ်းလျှောက်ပြီး ကျောင်းကို လာရ ၊ ပြန်တော့လည်း လမ်းလျှောက်ပြန်ကြရ နဲ့ ဘယ်လောက်များ ပင်ပန်းကြမလဲပေါ့။
ကျနော်သာ သူတို့အတွက် တခုခုလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။
ဒါမှမဟုတ်ရင် NGO တွေပဲ ဖြစ်ဖြစ် ၊ အစိုးရကပဲ ဖြစ်ဖြစ် ကျောင်းတွေအတွက် (ကျောင်းအုပ်ကြီးတွေ အတွက်တော့ မဟုတ်ဘူးပေါ့) ကျောင်းကားလေးတွေ စီစဉ်ပေးနိုင်ရင် ကောင်းမယ်လို့လည်း တွေးမိတယ်ဗျ။
အညာဘက်ရယ်မှ မဟုတ်ပါဘူးဗျာ .. . တခြားနေရာတွေမှာလည်း အဝေးကြီးကို လမ်းလျှောက်ပြီး ပညာသင်နေကြရတဲ့ ကလေးတွေ ဘယ်လောက်များ ရှိလိုက်မလဲ မသိဘူး။ သူတို့လေးတွေ အဆင်ပြေကြရင် သိပ်ကောင်းမှာပဲဗျာ .. . . . . .။

ရှိသေးတယ်

Google Chrome

မနေ့က အစ်ကိုကြီး တစ်ယောက်က browser အသစ်ထွက်တယ်။ စမ်းပြီးပြီလားဆိုလို့ ဒီနေ့ စမ်းကြည့်ပါတယ်။ တော်တော်လေး ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာ အဆင်ပြေပါတယ်.။ ထုံးစံအတိုင်း Firefox တို့ IE 7 တို့လို ခန့်ခန့် ထည်ထည် မဟုတ်ပေမဲ့ သူ့ဟာနဲ့သူ သုံးလို့ ကောင်းပါတယ်။ လောလောဆယ်တော့ ကျနော်လည်း ကလိနေတုံးပဲ ရှိသေးတယ်။ သုံးချင်တဲ့သူတွေ ဒီမှာ သွားယူနိုင်ပါတယ်။
အခမဲ့ကြေညာပေးတာပါ ..။

ရှိသေးတယ်

ကျနော်နှင့် မိန်းမ

ရီစရာလေး တွေးမိလို့ပါ .. . ခုတလော ကျနော့် သမီးနဲ့ ဇနီးက အိမ်ကို ခဏ ပြန်နေကြပါတယ်. ။ ဒါနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘာလို့ ပြန်ပို့ထားတာလဲ မေးကြတော့ ကျနော် ဖတ်ဖူးတာလေး ပြောပြတာနဲ့ အကုန်လုံး ရီကြတယ်.။
ကျနော် ပြန်ပြောတာက "ကျနော့်မေမေက ငယ်ငယ်ကတည်းက သေသေချာချာ သင်ပေးထားတာဗျ။ ပစ္စည်း တစ်ခုခု ယူပြီးရင် ယူတဲ့နေရာ ပြန်ထားရမယ်လို့ သေသေချာချာ သင်ထားတာ။ ဒါကြောင့် ခု သူတို့ကို ယောက္ခမ အိမ် ပြန်ပို့လိုက်တာ" လို့။
ဟီး ဟီး .. .
မိန်းမသိရင်တော့ လွယ်ဘူး ...။

ရှိသေးတယ်