Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

World Economic Outlook


International Monetary Fund (IMF) က ထုတ်တဲ့ စာအုပ်ပါ။ ၂၀၀၉ ခုနှစ် ၊ ဧပြီ မှာ ထုတ်ထားတာပါ။ Financial Crisis က အမေရိကားက စတယ်ဆိုပေမဲ့ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးကို ဂယက်ရိုက်ခဲ့တာပါ။ ကျနော့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ သူက ကမ္ဘာ့ငွေကြေး အကြပ်အတည်းက ကျနော်တို့ နိုင်ငံကို တိုက်ရိုက် မသက်ဆိုင်ဘူးလို့ ပြောတဲ့ စကားကို ပြန်ချေပ တာပါ။ သူပြောတာက အမေရိကားကရဲ့ ဘဏ္ဍာရေးစနစ်က ပင်လယ်ကြီးဆိုရင် ငါတို့ နိုင်ငံက ရေခွက်လောက်တော့ ရှိတယ်တဲ့။ ဒီတော့ ပင်လယ်ထဲက ရေပွက်လေး တစ်ခုက ရေခွက်ထဲမှာ ဆိုရင်တော့ လှိုင်းလုံးကြီး ဖြစ်သွားမယ်တဲ့။
သူပြောသလိုပါပဲ။ ကျနော်တို့နိုင်ငံနဲ့ အမေရိကားက ဘဏ္ဍာရေးအရ တိုက်ရိုက် ဆက်ဆံတဲ့ အခြေအနေ သိပ်မရှိပေမဲ့ သူ့ရဲ့ အကြပ်အတည်းက ကျနော်တို့လဲ ထိတာပါပဲ။ ဒါတွေကို တော်တော်များများလဲ သိပြီးသား ဖြစ်မှာပါ။
WEO 2009 ကို စိတ်ဝင်စားလို့ လိုချင်တဲ့သူတွေ
ဒီမှာ သွားယူနိုင်ပါတယ်။ သူ့ မူရင်း IMF website မှာလည်း သွားဒေါင်းနိုင်ပါတယ်။

No comments: