Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ပြန်လည် ခေတ်စားလာသော ကျော်ခွ ဆိုဒ်များ


အခုတလော ကျနော်တို့ဆီမှာ ကျော်ခွတဲ့ ဆိုဒ်တွေ ပြန် ခေတ်စားလာပါတယ်။
တနင်္ဂနွေနေ့က ဂျီမေးလ် သုံးချင်လို့ ဖွင့်ကြည့်လိုက်တော့ တော်တော်နဲ့ မတက်ဘူး ဖြစ်နေတယ်။ ကျနော်လည်း ပုံမှန်အတိုင်းပဲ Connection မကောင်းတာ ထင်လို့ စောင့်ကြည့်နေတာ တော်တော်နဲ့ကို မတက်ဘူး။ ဒါနဲ့ ဂျီတော့ ကျတော့လည်း တူတူပဲ .. ၊ တက်ကို မတက်နိုင်ဘူး ဖြစ်နေတာ .. ။
တခု ထူးဆန်းတာက Sign In တော့ ဝင်လို့ ရတယ်။ မေးလ် စစ်လို့ မရတာ .. ။ Loading Time က စိတ်ပျက်ပြီး ကွန်ပျူတာကို ရိုက်ခွဲချင်လောက်အောင်ကို ကြာတာ.. . ။
ဒါနဲ့ပဲ မေးလ်ကို iGoogle Home Page မှာ တင်ထားတဲ့ Gadget နဲ့ပဲ စစ်ကြည့်လိုက်ရတယ်။
ဒီနေ့လည်း အဲဒီလို ဖြစ်နေလို့ သိပ်မသင်္ကာတာနဲ့ ဖရီးဒမ်းနဲ့လဲ ထွက်လိုက်ရော .. . . ရသွားရော .. ..
ကျနော်တို့ရဲ့ ဆက်သွယ်ရေးကွန်ယက်ကြီးကလည်း တော်တော် တိုးတက်လာပြီဗျ .. .
အံ့ရော .. အံ့ရော ပဲ
အလကားရတာတောင် လိုက်ပိတ်နေတယ်။ သူတို့များ ပိုက်ဆံ စိုက်ပေးရလို့ကတော့ .. . . . ဟွန်း ..
ပြောကို ပြောလိုက်ချင်ဘူး ..
..
...

No comments: