Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

Window XP Dark Version

သိပြီးသား သူတွေလည်း ရှိမှာပါ။

မသိသေးသူတွေအတွက် တင်လိုက်တာပါ။

အရင်တစ်ပတ်က မြို့ထဲမှာ ထုံးစံအတိုင်း မွှေနှောက်ရင်းနဲ့ Window XP Dark Version ကို သွားတွေ့တယ်။

ဆိုင်က ညီလေးကလည်း သူသုံးကြည့်တာ ကောင်းတယ်ဆိုလို့ တင်ကြည့်လိုက်ပါတယ်။

မိုက်တယ်ဗျ..။

Interface တွေက Vista ပုံစံပြောင်းထားတာ။ ပြီးတော့ သုံးရတာလည်း မလေးဘူး။ ကျနော်က Driver တွေကို ပြန်တင်ရမယ် မှတ်တာ... မတင်ရဘူးဗျ ။ Driver အားလုံးကို သိတယ်။

စတိုင်သစ်တွေနဲ့ သုံးချင်တဲ့သူတွေတော့ ကြိုက်မှာဗျ။ ထိုင်းနိုင်ငံက ၀င်လာတာလို့ ပြောတယ်။ Full Version Option တင်မှ Vista Interface တွေ ရတယ်လို့ပြောတယ်။ ကျနော်တော့ Full Version ပဲ တင်ထားတယ်။ ( ကျနော်သိသလောက် ) application တော်တော်များများကို သုံးရတာ အဆင်ပြေတယ်။ မသိသေးသူတွေ စမ်းသုံးကြည့်ပါဗျာ ..။

ရှိသေးတယ်


ထပ်ဖွလိုက်အုံးမယ် ...
ကျနော်တို့ရဲ့ နေပြည်တော် ကြီးကို ရောက်လို့ မြို့မဈေးရဲ့ စားသောက်ဆိုင်တန်းကို ၀င်ခဲ့ပါတယ်။
နာမည်ကြီးလို့ သူငယ်ချင်း ညွှန်တဲ့ ဆိုင်ကိုဝင်ပြီး နေပြည်တော်ရဲ့ ကောင်းမွန်တဲ့ အစားအသောက်တွေ စားဖူးတယ်ရှိအောင် စားသွားအုံးမယ်ပေါ့ ...
တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံသစ်တွေ ရသွားတော့ တာပဲ ..။
အာလူးချောင်းကြော် မှာတယ်ဗျာ..၊ ၀က်နံရိုးကြော် မှာတယ်ဗျာ ..
မှတ်မှတ်ရရ ရေကြည့်ထားတယ် ..။ အာလူးချောင်းကြော် ပန်းကန်ထဲမှာ အာလူး (၁၂) ချောင်းပဲ ပါတယ်ဗျာ ..။ တကယ်ပါပဲ .. မနှဲလေး တင်တယ်များ မှတ်နေလား မသိဘူး ..။ ၀က်နံရိုးကြော်ကလဲ (၆) ခုလား ပါတယ်။
အင်းလေ
မဟာ နေပြည်တော်ရဲ့ မဟာ မြို့မဈေးကြီးမှာ မဟာ အာလူးကြော်နဲ့ မောင်ဘိုတောက် .. ..
... ..
.....
(ကြုံရင် ၀င်အားပေး သွားကြပါအုံး )

ရှိသေးတယ်

အာဇာနည်နေ့ ဒို့မမေ့



အလုပ်တွေ ရှုပ်နေတဲ့ ကြားက ဒီနေ့မှာ post တစ်ခုတော့ တင်ဖြစ်အောင် တင်ဖို့ ဆုံးဖြတ်ထားလို့ပါ။ ဘာလို့လဲဆိုတော့ ဒီနေ့က ကျနော်တို့အားလုံးရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မို့ပါ။ လွန်ခဲ့တဲ့ (၉၃) နှစ် ၊ ဒီလိုနေ့မျိုးမှာ ဗိုလ်ချုပ်ကို မွေးခဲ့ပါတယ်။ ကျနော်တို့ ငယ်ငယ်တုံးက ကျောင်းမှာ ဆိုခဲ့ရတဲ့ ကဗျာလေးကို သတိရမိတယ်။
" ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား "
ဆိုတာလေးပါ။ ခုခေတ် ကလေးတွေတော့ ဒီကဗျာကို သင်ရလား မသင်ရတော့ဘူးလားတော့ မသိပါဘူး။မသင်ရတော့ဖို့များပါတယ်။ဒါပေမဲ့ ဗိုလ်ချုပ်ကို မမေ့ကြဖို့ ..ဒီပို့စ်လေးကို တင်ရတာပါ။

ရှိသေးတယ်

ငိုကြွေးခြင်းနဲ့ ကျနော်

ငယ်ငယ်က အဖွားကပြောတယ် ။ မင်းက မွေးကတည်းက ခေါင်းမာတာတဲ့။
မွေးတုံးက မငိုဘူးတဲ့ .. ဆရာဝန်က မွေးမွေးချင်း မငိုလို့ တင်ပါးကို သုံးလေးချက်လောက် ရိုက်လိုက်မှ ငိုတာတဲ့..။
ဟုတ်ပါပြီ ....
ကျနော် မွေးတုံးက မငိုခဲ့ပါဘူး .... ။
လောကဓံတရားက ရိုက်မောင်းပုတ်မောင်းလုပ်လို့ အခု ....
မျက်ရည်လည်ရွှဲ ကျ ခဲ့ရတဲ့ နေ့တွေလည်း မနည်းတော့ပါဘူး။
ရင်ထဲမှာပဲ ကြိတ်ပြီး ငိုခဲ့ရတဲ့ နေ့တွေလည်း မနည်းပါဘူး.။
တောက် တခေါက်ခေါက်နဲ့ လုပ်ရက်လေခြင်းလို့ အသံထွက် ကျိန်ဆဲခဲ့ရတဲ့ နေ့တွေလည်း မနည်းပါဘူး ။
ဒါပေမဲ့ .. ..
... .. ..
.. .. ..

ရှိသေးတယ်