Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

အာဇာနည်နေ့



ဒီနေ့ ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့ပါ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း နဲနဲ ရေးမယ်ဆိုပြီး စိတ်ထဲမှာ တေးထားတာ ကြာပါပြီ။


ကျနော် ငယ်ငယ်ကတည်းက အားကျတဲ့ ပုဂ္ဂိုလ် နှစ်ယောက် ရှိပါတယ်။ တစ်ယောက်က မင်းရဲကျော်စွာနဲ့ နောက်တယောက်က ဗိုလ်ချုပ်အောင်ဆန်းပါ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အသေးစိတ် မပြောတော့ပါဘူး။ ကျနော် အားကျရတဲ့ အကြောင်းရင်းက သူ့ကို ၁၉၁၅ ခုနှစ်မှာ မွေးပါတယ်။ ၁၉၄၀ မှာ နိုင်ငံခြားကို ထွက်ပြီးတော့ နယ်ချဲ့တွေကို တွန်းလှန်ဖို့ သွားခဲ့တယ်. ။ ကဲ အဲဒီအချိန်မှာ သူ့အသက်က (၂၅) နှစ်ပဲ ရှိသေးတယ်။

ကျနော် ခုအသက် (၃၀) ပြည့်တော့မယ်။ သူ့တို့ခေတ် အခြေအနေဆိုရင်တောင် အဲဒီလို လုပ်နိုင်မယ် မထင်ဘူး။

နောက်ပြီး သူနဲ့အတူ ဗမာပြည်ကြီး လွတ်လပ်ရေး ရအောင် လုပ်မယ်ဆိုပြီး စိတ်တူ ကိုယ်တူနဲ့ သူများနိုင်ငံမှာ စစ်ပညာသင်ကြတာ လူငယ် အယောက် (၃၀) တဲ့ ..။ ကြည့်စမ်းပါအုံး .. . .၊။ နေမ၀င် အင်ပါယာရဲ့ အရှင်သခင်တွေကို တော်လှန်ဖို့ မျိုးချစ်စိတ် တစ်ခုတည်း အရင်းခံပြီး နိုင်ငံခြားမှာ စစ်ပညာသင်ကြတာ .. . .လူငယ် အရောက် (၃၀) တဲ့။ တကယ်တမ်း စဉ်းစားကြည့်ရင် .. သူတို့အရေအတွက်ဟာ နယ်ချဲ့တွေရဲ့ တပ်ခွဲ တစ်ခွဲစာတောင် မရှိပါဘူး။ ဒီအင်အားနဲ့ တိုင်းပြည်ကို နယ်ချဲ့လက်က ပြန်လုကြမှာတဲ့ .. ။ ဘယ်လောက်များ သတ္တိ ရှိလိုက်ကြသလဲ .. ။ ကြည့်ကြစမ်းပါအုံး .. ။ အဲဒီလူတွေကို ခေါင်းဆောင်မှာကလည်း အသက် (၂၅) နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ လူငယ်လေးတဲ့ .. . ။ အံ့သြစရာ ကောင်းလိုက်တာဗျာ .. ။ ဒါပေမဲ့ သူတို့ စွမ်းဆောင်မှုကြောင့် ဗမာပြည်ထဲလဲ ပြန်ရောက်လာရော နယ်ချဲ့တွေကို ခွေးပြေး ၀က်ပြေး ပြေးအောင် တိုက်ထုတ်လိုက်ကြရော ..။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ရှိလှမှ (၂၇) ပေါ့ .. ။



ဒီပုံထဲက လူငယ်လေးက တို့ ဗမာပြည်ကြီးကို နယ်ချဲ့ လက်အောက်က လွတ်အောင် လုပ်ပေးခဲ့တာတဲ့ ..။ တကယ်ပါပဲ .. . ။ ပြီးတော့ တခါ ဂျပန်ကို ပြန်တိုက်ရပြန်ရော .. ။ BIA, BDA စတဲ့ စစ်တပ်ကြီးတွေကို ဦးဆောင်ပြီး နယ်ချဲ့တွေကို တော်လှန်ခဲ့တာ ဒီ အသက် (၃၀) တောင် မပြည့်သေးတဲ့ ဗိုလ်ချုပ်ဗျ။ ကိုယ့်နိုင်ငံ လွတ်လပ်ရေးရဖို့ သူများဆီက လက်ဖြန့်တောင်းမနေပဲ တိုက်ယူခဲ့တာ ဒီဗိုလ်ချုပ်ပဲ .. .။ တစ်နိုင်ငံလုံး စည်းလုံး ညီညွတ်ပြီး နယ်ချဲ့ကို တော်လှန်နိုင်အောင် စုစည်းခဲ့တာလည်း ဒီဗိုလ်ချုပ်ပဲ.. . ။ နိုင်ငံ တစ်ခုလုံးကို ဦးဆောင်ခဲ့တာ သူပဲ .. . ။
ကဲ ခုခေတ်လူငယ်တွေ စဉ်းစားကြည့်ကြပါအုံး .. . ။ ဘာတွေ လုပ်နေကြလဲဆိုတာ .. . ။ ကိုယ့်ကိုယ်ကို ပြန်တွေးမိရင် ရှက်တောင်ရှက်တယ်။ ငါ အသက် (၃၀) ပြည့်တော့မယ်. ။ ဘာမှလည်း ဟုတ်တိ ပတ်တိ မရှိဘူး ဆိုပြီးတော့ ..။ ဗိုလ်ချုပ်တို့များ အသက်အစိတ်လောက်မှာတင် တစ်နိုင်ငံလုံးမှာရှိတဲ့ နယ်ချဲ့တွေကို မောင်းထုတ်ဖို့ စစ်တပ်ကြီးကို ဦးဆောင်နေပြီ .. ။
ဗိုလ်ချုပ်လိုလူငယ်တွေသာ ကျနော်တို့ နိုင်ငံမှာ အများကြီး ရှိခဲ့ရင် .. . . . . . .. . .
ငယ်ငယ်တုံးက ကြားဖူးခဲ့တဲ့ သီချင်းလေး ရှိတယ်. . (ခုတော့ မကြားတာ ကြာပါပြီ.. တော်တော်ကို ကြာခဲ့ပါပြီ) .. "ငါတို့ ဗမာပြည်ဝယ် .. မိဘတိုင်းကကွယ် .. ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြမယ်။ ငါတို့ ဗမာပြည်မယ် .. မိဘတိုင်းကကွယ် .. အာဇာနည်အစစ်တွေကို ရှိဖို့ မွေးကြမယ် .. ။" တဲ့ .. . စာသားတော့ မှားချင်လည်း မှားနိုင်ပါတယ်။ ကျနော်လည်း မှတ်မိသလောက်ပဲ ရတော့တာ ..။
အင်း .. သီချင်းထဲကလိုသာ ကျနော်တို့ ဗမာပြည်မှာ ဗိုလ်ချုပ်လို သူရဲကောင်းတွေ အများကြီး မွေးခဲ့ရင် ကောင်းမယ်ဗျာ .. . . ။



ရှိသေးတယ်

ဆေးခန်း

မနေ့က သမီးနေမကောင်းတာနဲ့ ဆေးခန်းသွားပြမိတယ်ဗျာ ..
တော်တော် တရားရသွားတယ်.။
ဆေးခန်းဆိုတာကလည်း သိတဲ့အတိုင်း နေမကောင်းတဲ့သူတွေပဲ လာကြတာမှုတ်လား။ ဆေးခန်းက ခါတိုင်းတော့ တိုကင်ယူရတယ်ဗျ။ မနေ့ကတော့ ဘယလိုဖြစ်တယ်မသိဘူး။ ခါတိုင်း တိုကင်ပေးနေကျ အဒေါ်ကြီးက မရှိပဲ ဆရာဝန်တစ်ယောက်တည်း ရှိတယ်။ ဒီတော့ ထုံးစံအတိုင်း ကိုယ့်ဟာကိုယ် ရှေ့ကလူကို မှတ်ထားပေါ့ဗျာ .. ။ တစ်ယောက်ပြီး တစ်ယောက် အစဉ်အတိုင်းဝင်ပေါ့။
အဲဒီမှာ ကျနော့အလှည့်နားလည်း ရောက်ရော .. ကျနော့နောက်က အမျိုးသမီး တစ်ယောက်က ဇတ်ခနဲ ၀င်သွားပါလေရော။ ကျနော် သေသေချာချာ မှတ်မိတယ်။ အဲဒီအမျိုးသမီးက ကျနော့နောက်မှ ဆေးခန်းကို ရောက်လာတာ။ သူ့ကြည့်တော့လည်း ချမ်းချမ်းသာသာ ထဲကပါပဲ။ သူ့သားလေးကို လာပြတာ။ စာမေးပွဲနား နီးမှ အစာသိပ်မစားလို့တဲ့။ သူ့အတွက် အရေးကြီး ကိစ္စတစ်ခုခု ရှိရင်လည်း သူ့ရှေ့မှာရောက်နေတဲ့ သူတွေကို ပြောပြပေါ့ဗျာ.. .။ ခုတော့ ဒီလိုလဲ မဟုတ်ဘူး။
ကျနော်တော့ ဘာမှ ပြောမနေတော့ပါဘူး။ သူ့တစ်ယောက် ပိုစောင့်လိုက်ရလို့လဲ ကိုယ့်အတွက် သိပ်ထူးတာမှ မဟုတ်တာ။ ဒါပေမဲ့ ဖြစ်တော့ ဘယ်ဖြစ်သင့်မလဲဗျာ။
တကယ်ပါပဲ .. .။ ဒီလိုလူတွေနဲ့ တွေ့ရတာ တအားစိတ်ညစ်တယ်။

ရှိသေးတယ်

Euro 2008

Euro 2008 ရဲ့ ရင်ခုန်ရတဲ့ ရက်တွေမှာ တစ်ပွဲမှလည်း မနိုင်ဘူး ..။ တလွဲတွေ ချည်းပဲ။ နောက်ဆုံး Final ပွဲ တစ်ပွဲပဲ ထင်တဲ့အတိုင်း ဖြစ်လာတယ်။ တကယ်ပါပဲ ... ။
အချိန်မရလို့ နောက်မှ ဆက်ရေးတော့မယ် ... .

ရှိသေးတယ်