Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ကျီစားသန်မိတဲ့ .. . .

သင်္ကြန်ကာလ ရုံးပိတ်ရက်မှာ အိမ်ပြန်တုံးက အဖြစ်အပျက်လေးပါ။
အိမ်မှာ အလုပ်တွေ ကူလုပ်ပေးနေတဲ့ ကောင်မလေးက သင်္ကြန်တွင်း ခဏပြန်လို့ သူ့အစား အဒေါ်ကြီး နောက်တစ်ယောက်ကို သွားခေါ်ကြပါတယ်။ အဲဒီနေ့က ကျနော်ရယ် ၊ မဒမ်ဘိုတောက်ရယ် ၊ ယောက္ခမကြီးရယ် သွားကြတာပါ။ သွားခေါ်တဲ့ အဒေါ်ကြီးရဲ့ အိမ်က ကားဝင်မရလို့ ကျနော်က လမ်းထိပ်မှာ ကားလှည့်နေတုန်း မဒမ်ဘိုတောက်ရယ် သူ့မာမီရယ် အရင်ဆင်းပြီး သွားကြပါတယ်။ ကျနော်က နောက်မှ လိုက်သွားတာပါ။ ရှေ့ပိုင်းမှာ ဘာတွေ ပြောကြလဲတော့ မသိဘူး။ ကျနော်ရောက်တော့ အဒေါ်ကြီးက သိပ်ပြီး မလိုက်ချင်ဘူးတဲ့ ၊ သူက သရဲ ကြောက်တတ်တယ်တဲ့။ ပြောသေးတယ်၊ နေ့ဘက်တော့ မကြောက်ပါဘူး၊ ညဘက်တွေပဲ ကြောက်တာပါတဲ့။ အဲဒီမှာ ကျနော့ရဲ့ ဇာတိက ပြလာတော့ ထုံးစံအတိုင်း ပါးစပ်က လွှတ်ခနဲ ပြောလိုက်မိတယ် “တော်သေးတာပေါ့ ၊ ညဘက်တွေမှာ ပဲ ကြောက်တတ်လို့ ၊ ဘာမှ ပူမနေပါနဲ့ဗျာ ၊ အိမ်က ကောင်ကလည်း နေ့ဘက်တွေပဲ သောင်းကျန်းတာပါ” လို့လဲ ပြောလိုက်ရော အဒေါ်ကြီးလည်း မျက်လုံးကြီး ပြူးပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားရော .. . ။ နောက် ဘယ်လိုမှ ပြောလို့လဲ မရတော့ဘူး။ ခေါ်လို့လဲ မရတော့ဘူး။ အဲဒီ အကျိုးဆက်ကတော့ သင်္ကြန် ပြီးသည်အထိ မောင်ဘိုတောက် အိမ်ရဲ့ အိုက်တိုး ပဂေးဆန် တာဝန်ကို ပြိုင်ဘက်မရှိ လွှဲပြောင်း ယူလိုက်ရပါတော့တယ်။

တကတည်း မှတ်သွားတာပဲ .. ။

1 comment:

မြစ်ကျိုးအင်း said...

မှတ်လောက်သားလောက်ရှိသွားတာပေါ့...
ကောင်းပါ့ဗျာ...
....ခင်မင်သောအားဖြင့်....