Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ထွက်ပေါက်

တစ်နေ့ တစ်နေ့ဗျာ .. . .
ဘာမဟုတ်တဲ့ စာရင်းဇယားတွေနဲ့ပဲ အချိန်ကုန်နေတယ်။ မနက်လင်းတာနဲ့ မော်နီတာကြီး မျက်နှာအပ်ပြီး ဂဏန်းတွေနဲ့ပဲ နပန်းလုံးနေရတာ။ လူလည်း မျက်စိမွဲနေပီ။ သူများတွေ ပြောသလို အမေနဲ့ သမီး တူတူလျှောက်လာရင် သမီးပဲ မြင်တော့တယ်။ အမေကို မမြင်တော့ဘူး။ (ဟဲ .. ဟဲ .. အကျင့်ကိုက အဲလို)
တကယ်ပဲ .. . . ။ ကိုယ်လုပ်လိုက်တဲ့ စာရင်းတစ်ခုက တကယ်တမ်း အသုံးဝင်ရင် ဘယ်လောက် ပင်ပန်းပင်ပန်း လုပ်ရတာ လုပ်ပျော်သေးတယ်။ တစ်ခါတစ်လေ ဘာမှ မဟုတ်တဲ့ စာရင်းတစ်ခုကို ညလုံးပေါက် ထိုင်လုပ်ပေးရတာတော့ သိပ် မနိပ်လှဘူး။

အောင်မာ .. .. .
တစ်ခါတစ်လေဆို စာရင်းတစ်ခုတည်းကိုပဲ ဟိုဘက်ကလှည့်လိုက် ဒီဘက်က လှည့်လိုက်နဲ့ .. အမျိုးမျိုး လုပ်ခိုင်းနေတတ်သေးတာ။
တကယ်ပါပဲ ... တတ်လည်းတတ်နိုင်တဲ့လူတွေ။ စာရင်းလုပ်တာများ ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ ဂလောက်ခနဲ ထွက်ကျလာတယ်များ အောက်မေ့နေကြလား မသိဘူး။ ဒါတောင် ကျနော်က တော်တော် တော်နေလို့ .... (ဟေ ဟေ့. .. )
ခက်တော့ ခက်တယ်ဗျ။ ကျနော်က ယောက်ျားလေးဆိုတော့ သိတဲ့အတိုင်း တစ်နေရာတည်း ထိုင်ပြီး ငြိမ်ငြိမ်လေး နေရတဲ့ အလုပ်ဆို တအားမုန်းတာ။ စာရင်းဇယားဆိုတာလည်း ဘာမှန်းတောင် ကောင်းကောင်း သိတဲ့လူ မဟုတ်ဘူး။ စာရင်းဇယားနဲ့ ပက်သတ်ပြီးလည်း ဘာသင်တန်းမှ တက်ခဲ့ဘူးတာမှုတ်ဘူး။ ကုန်ကုန်ပြောရရင် Excel တောင် သင်တန်းတွေ ဘာတွေ တက်ပြီး သေသေချာချာ သင်ခဲ့ဘူးတာ မှုတ်ဘူး။ ဟိုရှောက်နှိပ် ၊ ဒီရှောက်နှိပ်နဲ့ နဲနဲလောက် တတ်လာတာ။ အဲလိုလူ ကျနော့ကို စာရင်းဇယား လုပ်ခိုင်းတာတော့ (အင်း .. . . . ခက်တယ်ဗျာ)
ပြီးတော့ သူတို့က လုပ်ပေးလိုက်တဲ့ စာရင်းမှားရင် တွယ်သေးတာ။ ခေါင်းကျတော့ ဘယ်သူမှ ခံတာမှုတ်ဘူး။ နံမယ်ရမယ်ဆိုရင်သာ ရှေ့ဆုံးက ပြေးသွားပြီး နာစရာဆိုရင်တော့ .. အဲဒါ ဘိုတောက် ပေါ့ ..။ ပေါ့တီးပေါ့ဆနဲ့ အလုပ်ကို သေသေချာချာ မလုပ်ဘူး။ ဒီကောင့်ကို တွယ်သာ တွယ်ပစ် ဆိုပြီး အချွန်နဲ့ “မ” တဲ့သူတွေ .၊ ဒါက မီးတို့နဲ့ မဆိုင်ဘူးလေ .. ။ မီး မသိဘူး .. . .။ အဲဒါ သူတို့ လုပ်တာအဘ .. ။ ဟိုကောင်လေ .. ဘိုတောက်ပေါ့ ..။ မီးသူ့ကို ပြောတော့ ပြောသားပဲ .. ဒါပေမဲ့ ဒီကောင်က အလုပ်ဆို ဘယ်တော့မှ သေသေချာချာ မလုပ်ဘူးအဘ .. ။ မီးတို့နဲ့တော့ တခြားဆီပဲ .... .. . ဆိုပြီး သာသာထိုးထိုး ပြောတဲ့သူတွေ ..၊ အင်း .. . .အတွေ့အကြုံတော့ ရပါတယ်။
သူငယ်ချင်းတွေက မေးကြတယ် .. ။. မင်း အဲဒီမှာ လုပ်နေတာ ဘာရလဲတဲ့ .. ။ ကျနော်ကလည်း ပြောလိုက်ပါတယ် .. ။ ငါရတာတော့ အများကြီးပဲ .. ဒုက္ခရယ် ၊ ဝေဒနာရယ် လို့။

1 comment:

Anonymous said...

в итоге: бесподобно!! а82ч