Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

မီးမြေခွေးကို စတိုင်ပြောင်းမယ်

ကျနော်တော့ Browser တွေထဲမှာ မီးမြေခွေးကို အကြိုက်ဆုံးပဲ။ IE တော့ သုံးပါရဲ့ .. မီးမြေခွေးလောက် မကြိုက်ဘူး။ ကျနော်ကလည်း သိတဲ့အတိုင်း ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ Theme တွေ ရှောက်ပြောင်းပြီး ကလိလို့ ကောင်းတယ်လေ။

ခု စတိုင် ပြောင်းတဲ့ ပုံစံ အသစ်ကလေး တွေ့ထားလို့ ။ လုပ်ရတာလဲ လွယ်တယ် ၊ စိတ်ကြိုက်လဲ ပြောင်းလို့ ရတယ်လေ။ ပထမဆုံး ဒီကို သွာပြီးတော့ Get Personas for Firefox ဆိုတာလေး နှိပ် ၊ add on လေး ယူလိုက်ပြီး Install လုပ်လိုက်ပါ။ နောက် မီးမြေခွေးကို Restart ချလိုက်ရင် ကိုယ့် Browser ရဲ့ ဘယ်ဘက် ဒေါင့်မှာ မြေခွေးပုံလေး ရောက်လာလိမ့်မယ်။ အဲဒီ မြေခွေးလေးကို နှိပ်ပြီး ကြိုက်တဲ့ ဒီဇိုင်းလေး ရွေးလို့ ရပါတယ်။ အဲဒီမြေခွေးလေး နှိပ်လိုက်တာနဲ့ Popular တို့ New တို့မှာ Sub - Menu လေးတွေ ထပ် ထွက်လာမှာပါ။ ဘယ်လောက်လွယ်သလဲ ဆိုရင် Sub-Menu ကို Pointer တင်လိုက်တာနဲ့ ကိုယ့် Browser ကို Preview ကြည့်လို့ ရမှာပါ။ ကြိုက်မှ ရွေးပေါ့။ အဲဒီထဲမှာ ပါတဲ့စတိုင်တွေကို မကြိုက်သေးဘူးဆိုရင်လဲ စိတ်ပူမနေပါနဲ့။ ဒီမှာ စတိုင်တွေ အများကြီး ရှိသေးတယ်။ စိတ်ကြိုက် သွားရွေးလို့ ရတယ်။
ကဲ စမ်းသာ လုပ်ကြည့်လိုက်ကြဗျို့။ ကျနော်ကတော့ တော်တော် သဘောကျနေတယ်။

1 comment:

Anonymous said...

added to my rss reader