Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ငယ်ငယ်တုံးက ကျနော်

ကျနော် ငယ်ငယ်က အတော် ဆိုးခဲ့တဲ့ ကောင်လေးပါ

ပြီးတော့ ထုံးစံအတိုင်း ကပေါက်ကခြာတွေလည်း တွေးတတ်ပါသေးတယ် .. .။
မှတ်မိသေးတယ်.

ကျနော် ၈ တန်းတုံးကပါ ..။ အတန်းထဲမှာ မြန်မာ ဆရာမက လူမိုက်ကို မပေါင်းသင်းဖို့ ၊ လူလိမ္မာနဲ့ ပဲ ပေါင်းသင်းဖို့ စီကာပတ်ကုံးနဲ့ ပြောပြပါတယ်.. ။ တော်တော် နားထောင်လို့ ကောင်းပါတယ်။ ဆရာမကလည်း ပုံတိုပတ်စလေးတွေနဲ့ ပြောပြတော့ တော်တော်လေး နားထောင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ဇ မသေးတဲ့ ကျနော် တွေးမိတာက လူမိုက်နဲ့ ပေါင်းရင် လူမိုက် ဖြစ်မယ်ပေါ့ .. လူလိမ္မာနဲ့ ပေါင်းရင် လူလိမ္မာ ဖြစ်မယ်ပေါ့ .. . ဒီတော့ လူမိုက်နဲ့ လူလိမ္မာ သွားပေါင်းရင် ဘာဖြစ်မလဲ တအား သိချင်လာတယ် .. . ဒါနဲ့ .. . . အတန်းပြီးသွားတော့ ဆရာမနောက် လိုက်သွားပြီး မေးမိတယ် .. . ဆရာမပေါ့ .. . လူမိုက်နဲ့ လူလိမ္မာ ပေါင်းလိုက်ရင် ဘာဖြစ်မလဲပေါ့ .. .
ကဲ ခင်ဗျားတို့လဲ စဉ်းစားကြည့်ကြပါ .. . လူမိုက်နဲ့ လူလိမ္မာ ပေါင်းသွားရင် ဘာဖြစ်သွားမလဲ .. .
.

ရှိသေးတယ်