Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

လူနှင့်ဂြိုလ်သား


မနေ့က အခွေတစ်ခွေ ကြည့်ရင်းနဲ့ သူတို့ ပြောတာလေး သဘောကျလို့ပါ ။

"အင်း .. တို့က ဂြိုလ်သားဆိုတိုင်း တခြားဂြိုလ်က လူသားတွေ ထင်နေကြတယ် ..။ တကယ်က တခြား ဂြိုလ်က နွားတွေ ဖြစ်ရင် ဖြစ်နေမှာပေါ့ ။ တခြားဂြိုလ်က နွားနဲ့ နွားလှည်းတွေ ဖြစ်ရင် ဖြစ်နေမှာပေါ့။ " တဲ့ ..။

တို့ကသာ တို့ထက်ဥာဏ်ရည်မြင့်လို့ အထင်ကြီးနေကြတာ .. .သူတို့ဆီမှာ အဆင့်နိမ့်တဲ့ သတ္တ၀ါတွေ ဖြစ်ရင် ဖြစ်နေမှာတဲ့ ..။

ဟုတ်သားပဲ ။

ကျနော်တို့တောင် အရင်က ကမ္ဘာ့အပြင်ဘက်ကို ခွေးတွေ ၊ မျောက်တွေလွှတ်သေးတာပဲ။ သူတို့်လည်း သူတို့ယာဉ်ပေါ်ကို အဲလို သတ္တ၀ါတွေတင်ပြီး လွှတ်ရင်လွှတ်မှာပေါ့ .. .။

ကျနော်ပြောချင်တာက ဂြိုလ်သားအကြောင်းမဟုတ်ပါဘူး ။
လူတွေရဲ့ အမြင်ကို ပြောချင်တာပါ။
ကျနော်တို့ကသာ ဒီလိုယာဉ်တွေ မထွင်နိုင်သေးလို့ ၊ သူတို့လို နည်းပညာ မတိုးတက်သေးလို့ အထင်ကြီးနေတာကိုးဗျ။
သူတို့ထက် တိုးတက်တဲ့ နည်းပညာတွေ ကျနော်တို့မှာ မရှိသေးလို့ကိုးဗျ။
တကယ်တော့ အမြင်ဆိုတာ ကြည့်တဲ့သူရဲ့ ရှုထောင့်ပေါ်မှာလည်း မူတည်သေးတာကိုး။

ရှိသေးတယ်

Globalization နှင့် မျိုးချစ်စိတ်

ကမ္ဘာကြီးက ရွာတစ်ရွာ သာသာပဲ ဖြစ်သွားရင် အနောက်တိုင်းက ယဉ်ကျေးမှုတွေ အရှေ့တိုင်းကို ရောက်လာမယ်။
အရှေ့တိုင်းက ယဉ်ကျေးမှုတွေ အနောက်တိုင်းကို ရောက်သွားမယ် ။
လူနေမှုစရိုက် ၊ ယဉ်ကျေးမှု ၊ စာပေ၊ နည်းပညာ စသည့်ဖြင့်ပေါ့ အားလုံး ရောထွေး ယှက်တင်ဖြစ်ကုန်ကြမယ်တဲ့။
ဒါဆိုရင် ခု ပြောပြောနေတဲ့ မျိုးချစ်စိတ်ဓါတ် ဆိုတာကရော .. .. . ??
နိုင်ငံဆိုတာ မပြောနဲ့ ကမ္ဘာကြီး တစ်ခုလုံး ရွာသာသာ ဖြစ်သွားမယ်ဆိုရင် လူမျိုးဆိုတာ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားမှာပါ။
ဒီမှာတင် သူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားလေး သွားသတိရမိတယ်။
သူပြောတာက " ဟေ့ကောင် .. ၊ တို့တိုင်းပြည် ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ်ကွာ ၊ မန္တလေးဆိုတာ ရှိမှာပဲ ၊ ရန်ကုန်ဆိုတာ ရှိမှာပဲ ၊
ဗမာပဲ အုပ်ချုပ်အုပ်ချုပ် ၊ အင်္ဂလိပ်ပဲအုပ်ချုပ်အုပ်ချုပ် ၊ အမေရိကန်ပဲလာလာကွာ .. ." တဲ့ ။
သူပြောတာလဲ မှန်သလိုလိုတော့ ရှိသား ..။
စဉ်းစားကြည့်လေ ..
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ထဲမှာ ကျနော်တို့ မြန်မာနိုင်ငံလည်း စီးမျောနေတာပဲလေ။ ကျနော်တို့ဆီကနေ နိုင်ငံရပ်ခြားကို အကြောင်းအမျိုးမျိုးနဲ့
ရောက်နေကြတဲ့သူတွေ အများကြီးပဲ ။ တချို့ ကျောင်းတက်ဖို့ ၊ တချို့ အလုပ်လုပ်ဖို့ စသည့်ဖြင့် စသည်ဖြင့်ပေါ့ .။
သူတို့အတွက် မြန်မာနိုင်ငံဆိုတာ မွေးရပ်မြေတစ်ခုအနေနဲ့ ခင်တွယ်ကြမှာပါ ။ တိုက်ဆိုင်မှု ရှိတဲ့အချိန်တွေမှာလည်း လွမ်းဆွတ်ကြမှာပါ။ ဒီထက်ပိုပြီး
အရေးပါနိုင်တဲ့ အကြောင်းတွေလည်း ရှိကောင်း ရှိကြမှာပါ။
ဒါပေမဲ့ဗျာ .... ... .. .
လူတိုင်းလူတိုင်းအတွက် ကိုယ်အသက်ရှင်သန် နေထိုင်ဖို့ (Survive ဖြစ်ဖို့ ) ဆိုတာ အရာအားလုံးထက် အရေးကြီးပါတယ်။
ကျန်တာတွေက ကိုယ့်အသက်ထက်စာရင် အပရိကတွေ ဖြစ်သွားမှာပါ။ ကိုယ်ရှင်သန်နိုင်ဖို့အတွက် ရေကြည်ရာ မြက်နုရာမှာ
လုပ်ကိုင်စားသောက်နေရတဲ့ အချိန်မှာ ကိုယ့်တိုင်းပြည်ဆိုတာ . .. ... .... ...... ...... ။

ရှိသေးတယ်