Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

Financial Crisis နောက်ဆက်တွဲ

ကျနော် တနေ့က အရောင်းအ၀ယ်လုပ်နေတဲ့ အသိတယောက်ကို မေးကြည့်မိတယ်ဗျ။ ခင်ဗျားတို့ လောင်စာဆီ ဈေးနှုန်းတွေ တက်တုံးက ကုန်ဈေးနှုန်းတွေ လိုက်တက်ပြီး အခု လောင်စာဆီ ဈေးကျပြီလေဗျာ လို့။
သူက ဘာပြန်ပြောလဲ ဆိုတော့ .. .
ခင်ဗျား ရန်ကုန်နဲ့ မန္တလေး ကုန်ကားနဲ့ သွားဖူးလားတဲ့။ ကျနော်က ဘယ်သွားဖူးမလဲဗျာ ။ အဲဒီတော့ သူက ပြောတယ်။ ခင်ဗျား မသွားဖူးလို့ပါဗျာတဲ့ ။ ကုန်ကားတစ်စီး မန္တလေးကနေ ရန်ကုန်ရောက်ဖို့ ဘယ်လောက် ကုန်တယ် ထင်လဲတဲ့။ သိန်းဂဏန်း ရှိတယ်တဲ့။ လောင်စာဆီ ဈေးသာ ကျတာပါဗျာ။ ခင်ဗျား လမ်းကြေးတွေက တက်လာတာကိုးဗျ တဲ့။
သူပြောတော့လဲ ဟုတ်သလိုလို ရှိသား။ လောင်စာဆီဈေး ကျရဲ့သားနဲ့ လမ်းကြေးတွေက ဘာလို့ တက်လဲ မသိတော့ပါဘူးဗျာ ... . . .။

No comments: