Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ပြည်သူ့ဆေးရုံလား အလှူခံ ဌာနလား

အရင်တပတ်က ကိစ္စ တစ်ခုနဲ့ ပြည်သူ့ဆေးရုံကို ရောက်ဖြစ်ပါတယ်။
ဆေးရုံဆိုတာ မစည်ကားအပ်တဲ့ အရပ်ထဲမှာ ပါပါတယ်။ ကျနော်ကလည်း ကိုယ့်ကိစ္စနဲ့ ကိုယ် ဆေးစစ်စရာ ရှိလို့ မဖြစ်မနေ သွားရတာပါ။
ဆေးစစ်တော့ ထုံးစံအတိုင်း ငွေအရင် သွင်းရပါတယ်။ တခါတည်းနဲ့ ဆေးစစ်စရာ အားလုံးအတွက် သွင်းရတာပါ။ ငွေသွင်းတာက ပြဿနာ မဟုတ်ပါဘူး။ ပြောချင်တာက ဆေးစစ်ဖို့ Ward တစ်ခုကို ရောက်တိုင်း တစ်ခါ အလှူငွေ ထည့်နေရတာပါ။ တချို့နေရာက ငွေဘယ်လောက်ထည့်ပါဆိုပြီး ဒဲ့တောင်းတယ်။ တချို့ နေရာတွေက အလှူငွေ ထည့်သွားပါဆိုပြီး ကြည့်ကောင်းအောင် ပြောတယ်။ နောက်ဆုံး ဆေးစစ်ချက် အဖြေလည်း ရပြီးလို့ စာရင်းစစ်ကြည့်တော့ အပြင်ဆေးခန်းတွေမှာ စစ်တာနဲ့ ဘာမှမထူးဘူး။ ကုန်ကျတာက အတူတူပဲ။ မျက်နှာငယ်ရတာပဲ အဖတ်တင်တယ်။ ဆေးစစ်ချက်ကလည်း ပြည်သူ့ဆေးရုံကြီးမှာ စစ်မှ ရမှာမို့လို့ လာရတာ။ အပြင်ဆေးခန်းက ဆေးစစ်ချက်လည်း ရတယ်ဆိုရင် အဲဒီတောင် မသွားဘူး။ အပြင်ဆေးခန်းတွေမှာဆို အေးဆေးပဲ။ ငွေကုန်တာချင်းတူတူ မျက်နှာငယ်ရတာပဲ ပိုတယ်။
ကျနော် စဉ်းစားကြည့်မိတယ်။ ငွေမရှိတဲ့သူတွေ ဆေးရုံတက်ရင် ဘယ်လိုများ နေမယ် မသိဘူး။ ပြောတော့ ပြည်သူ့ဆေးရုံတဲ့ .. . .. .
ဟွန်း
ပြောလိုက်ချင်ဘူး. . . .. .

.

ရှိသေးတယ်

ASEAN Document Series 2008



ကျနော်လည်း ခုတလော ကော်နက်ရှင် ရနေလို့ မတင်တာကြာတဲ့ ဖိုင်တွေ ပြန်တင်ဖြစ်နေတာပါ .. ။
အာဆီယံက ၂၀၀၈ မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ Document တွေပါ .. . လိုချင်တဲ့သူတွေ ဒီမှာ ဒေါင်းသွားနိုင်ပါတယ်။
...

ရှိသေးတယ်

ASEAN ROAD MAP



Road Map ဆိုလို့ ကြောက်မသွား ကြပါနဲ့အုံး
ASEAN နိုင်ငံတွေအတွက် ချမှတ်ထားတဲ့ Road Map ပါ .. . ။ တကယ် ဖြစ်လာ မလာတော့ မသိဘူး .. :D
လိုချင်တဲ့သူတွေ ဒီမှာ Implementation ကို ဒေါင်းသွားနိုင်ပါတယ်။
ဒီမှာ ROAD MAP ပါ ..

ရှိသေးတယ်