Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

အိမ်ပြန်ခရီး

အရင်အပတ်က ရုံးသုံးရက် ပိတ်တာနဲ့ မိသားစုပါခေါ်ပြီး ချောက်ကို ပြန်ဖြစ်ပါတယ်။ အစီအစဉ်မရှိပဲ ရုတ်တရက် ထသွားတာဆိုတော့ လမ်းမှာ ကားကလဲ ပျက်နေသေးတယ်။ ကားကို သေချာအောင် ပြင်နေတာနဲ့ ဒီကနေ ၂ နာရီကျော်မှ ထွက်ဖြစ်တယ်။ မိတ္ထီလာ ထိကတော့ လမ်းက ဖြူးနေတာပဲ။ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်း ကြားကတော့ ကားလမ်းဆိုတာ ကျိန်ပြောတောင် ယုံဖို့ ခက်တယ်ဗျာ။ ပြင်တော့ ပြင်နေပါရဲ့ .. . ။ တစ်မိုင်လောက် ပြင်လိုက် နောက်တမိုင်လောက်က ကျောက်ပေါက်မာ ဗရပွနဲ့ ဆိုတော့ မောင်းရတာလဲ ရိုလာ ကိုစတာ စီးနေရသလား အောက်မေ့တယ်။ လမ်းကလည်း မသွားတာ ကြာပြီဆိုတော့ သိပ်မမောင်းရဲတာ ပါတယ်။ တော်သေးတယ် .. . . ကျောက်ပန်းတောင်းက ထွက်ကာနီးကျတော့ ဗင် တစ်စီးက ရှေ့က အသကုန် မောင်းသွားတာနဲ့ သူတောင် မောင်းရဲသေးတာ ငါက ဘာလို့ မမောင်းရဲရမှာလည်း ဆိုပြီး လိုက်မောင်းတာနဲ့ ချောက်ကို ည (၈) နာရီလောက် ရောက်သွားတယ်။
မိန်းမက မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းကို ကြည့်ပြီး မှတ်ချက်ချတယ်။ နေပြည်တော်က လမ်းလုပ်တဲ့သူတွေ ဒီကို ပို့လိုက်ရင် ပြီးရောတဲ့ .. . . ။
သူ့အတွေးကလည်း ဟုတ်တယ်ဗျ .. ။ နေပြည်တော်မှာကျတော့ ကွန်ကရစ် လမ်းမကြီးတွေ လေယာဉ် ပြေးလမ်းထက်တောင် ကောင်းတဲ့ လမ်းတွေကို ရက်ပိုင်းနဲ့ အပြီး ခင်းကြတာလေ။ မီးတွေဆိုလည်း ထိန်ထိန်ငြီးနေတာပဲ။
ဒီလမ်းကျတော့ ကျောက်ခဲစားသွားတောင် ကြေမဲ့ လမ်းမျိုး။
မိန်းမကတော့ ပြောပါတယ် .. . ။ ဘဘကြီးကို ဒီလမ်းမှာ ကားနဲ့ သွားခိုင်းရမယ်တဲ့ .. . . ။ ဟုတ်ပဗျာ .. . .
သူ့သာ ကားနဲ့ ဒီလမ်း သွားခိုင်းလို့ကတော့ .. . . ဟေ ဟေ့ .. . .
ဇန်န၀ါရီ (၄) ရက်နေ့က သူသွားတဲ့နေ့မှာ ပြောင်းသွားနိုင်တယ်ဗျ .. . ဟာ ဟ..

ရှိသေးတယ်

၃၀ ပြည့်အတွေး

ပုံပြင်ထဲက ဖာတစ်လုံး ခေါင်းကြားက လူ့လောကအကြောင်းကို သိဖို့ ဖာတောင်း တစ်လုံး ခေါင်းရွက်ပြီး ခရီးတွေ ထွက်ခဲ့တယ်။
ငါကတော့ အချိန်ခရီးကို ထွက်ရင်း လူ့လောကအကြောင်း တော်တော် သိခဲ့ရတယ်။
လူ့သက်တမ်းက အနှစ် (၆၀) ဆိုရင် ငါ့အတွက် တ၀က်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်။
ဘာရယ်မှ မဟုတ်ပေမဲ့ သစ်ရွက်လှုပ်ရင်လဲ ရယ်တတ်တဲ့ အရွယ် မဟုတ်တော့ဘူး။
ရူးရူး မူးမူးနဲ့ မိုက်မဲခဲ့တဲ့ ရက်တွေလည်း ကျော်ဖြတ်ခဲ့ပြီးပြီ။
ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်မှုတွေလည်း ခံခဲ့ပြီးပြီ။
မကောင်းသူထိပ် ၊ ကောင်းသူထိပ်ဆိုပြီး ရမ်းသမ်းတွယ်တာတွေနဲ့ ကွဲခဲ့ပေါင်းလည်း များပြီ။
ငါမသိတာတွေကို သိအောင်လုပ်ဖို့ မသိတဲ့သူကို ဆရာတင်ခဲ့ပေါင်းလည်း များပြီ။
ငါမတတ်တာကို တတ်ဖို့ မတတ်တဲ့သူကို ဆရာတင်ခဲ့ပေါင်းလည်း များပြီ။
ငါ မသိတာကို သိဖို့ ပြောပြတဲ့သူကို မောင်းထုတ်ခဲ့ပေါင်းလည်း များပြီ။
ငါ မတတ်တာကို တတ်ဖို့ ပြောပြတဲ့သူကို မောင်းထုတ်ခဲ့ပေါင်းလည်း များပြီ။
ကျေးဇူးရှင်တွေကို ကျေးဆွတ်ခဲ့ပေါင်းလည်း များပြီ။
ကျေးဇူး ပြုခဲ့ဖူးလို့ ကျေးဆွတ်ခံရပေါင်းလည်း များပြီ။
မတရားတာတွေကို ခေါင်းငုံ့မခံဘူးလို့ ကြွေးကြော်ခဲ့ပေါင်းလည်း များပြီ။
မတရားမှန်း သိသိကြီးနဲ့ြ့ပန်မပြောနိုင်လို့ ဆွံ့အခဲ့ရပေါင်းလည်း များပြီ။
ကိုယ့်လက်အောက်ကလူကို မျှမျှတတ ဖြစ်စေရမယ်လို့ သန္ဓိဌာန် ချခဲ့ပေါင်းလည်း များပြီ။
ဘယ်လိုမှ မတတ်နိုင်လို့ မမျှမတ လုပ်ခဲ့ရပေါင်းလည်း များပြီ။
ပရဟိတ နဲ့ အတ္တဟိတ မျှအောင် နေမယ်လို့ ဆုံးဖြတ်ခဲ့ပေါင်းလည်း များပြီ။
တစ်ဘက်စောင်းနင်းနဲ့ လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း များပြီ။
လူတိုင်းနဲ့ သင့်မြတ်အောင်နေမယ်လို့ စဉ်းစားခဲ့ပေါင်းလည်း များပြီ။
ဘယ်သူ ဘာပြောပြော _____ဂရု မစိုက်ဘူးလို့ စဉ်းစားခဲ့ပေါင်းလည်း များပြီ။
ကိုကောင်းရင် ခေါင်းမရွေ့ဘူးလို့ ပြောခဲ့ပေါင်းလည်း များပြီ။
ခေါင်းရွေ့မှာစိုးလို့ မကောင်းခဲ့ရပေါင်းလည်း များပြီ။
________ တွေလည်း များပြီ။
________ တွေလည်း များလှပြီ။
________ တွေလည်း များလှပြီ။
________ တွေလည်း များလှပြီ။
... ... ... ... ... ... ...
အင်း ..
နောက်ထပ် သက်တမ်း တစ်ဝက်မှာ ငါ .... . . .. . . . . .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. . . .။

ရှိသေးတယ်

ထွက်ပေါက်

မနက် စောစောစီးစီး အတင်းတုတ်ရအုံးမယ်။
တကတည်းဗျာ .. .
ကြားမှ ကြားဖူးကြရဲ့လား အရပ်ကတို့ရေ .... .
မနေ့က သင်တန်းမှာ စာမေးပွဲ ရှိလို့ သွားဖြေပါတယ်ဗျာ ။ ရုံးက စာမေးပွဲခန်းထဲအထိ လိုက်ခေါ်ရတယ်လို့။ လွန်ရော လွန်ရောပဲ .. ။ ကြားဖူးပါဘူးဗျာ .. ။ စာမေးပွဲခန်းထဲထိ လိုက်ခေါ်ပြီး အလုပ် လာလုပ်ခိုင်းတဲ့ ဌာနရယ်လို့ ဒို့ ဗမာ ပြည်မှာ ရှိတယ်ဆိုတာ .. .။ အမလေး လေး ... . .
ခါတိုင်းလဲ သင်တန်းက ပြီးရင် အိမ် တန်းမပြန်ပဲ ရုံးမှာ လုပ်လက်စတွေ ဖြတ်ပေးပြီးမှ အိမ်ပြန်နေကြပါဗျာ။ ခုဟာက စာမေးပွဲခန်းထဲထိတောင် လိုက်ခေါ်တာတော့ လွန်လွန်းပါတယ်ဗျာ .. ။ တကယ်ပါပဲ .. အံ့ရော အံ့ရော ....။

ရှိသေးတယ်

Financial Crisis နောက်ဆက်တွဲ

ကျနော် တနေ့က အရောင်းအ၀ယ်လုပ်နေတဲ့ အသိတယောက်ကို မေးကြည့်မိတယ်ဗျ။ ခင်ဗျားတို့ လောင်စာဆီ ဈေးနှုန်းတွေ တက်တုံးက ကုန်ဈေးနှုန်းတွေ လိုက်တက်ပြီး အခု လောင်စာဆီ ဈေးကျပြီလေဗျာ လို့။
သူက ဘာပြန်ပြောလဲ ဆိုတော့ .. .
ခင်ဗျား ရန်ကုန်နဲ့ မန္တလေး ကုန်ကားနဲ့ သွားဖူးလားတဲ့။ ကျနော်က ဘယ်သွားဖူးမလဲဗျာ ။ အဲဒီတော့ သူက ပြောတယ်။ ခင်ဗျား မသွားဖူးလို့ပါဗျာတဲ့ ။ ကုန်ကားတစ်စီး မန္တလေးကနေ ရန်ကုန်ရောက်ဖို့ ဘယ်လောက် ကုန်တယ် ထင်လဲတဲ့။ သိန်းဂဏန်း ရှိတယ်တဲ့။ လောင်စာဆီ ဈေးသာ ကျတာပါဗျာ။ ခင်ဗျား လမ်းကြေးတွေက တက်လာတာကိုးဗျ တဲ့။
သူပြောတော့လဲ ဟုတ်သလိုလို ရှိသား။ လောင်စာဆီဈေး ကျရဲ့သားနဲ့ လမ်းကြေးတွေက ဘာလို့ တက်လဲ မသိတော့ပါဘူးဗျာ ... . . .။

ရှိသေးတယ်