Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

အိမ်ပြန်ခရီး

အရင်အပတ်က ရုံးသုံးရက် ပိတ်တာနဲ့ မိသားစုပါခေါ်ပြီး ချောက်ကို ပြန်ဖြစ်ပါတယ်။ အစီအစဉ်မရှိပဲ ရုတ်တရက် ထသွားတာဆိုတော့ လမ်းမှာ ကားကလဲ ပျက်နေသေးတယ်။ ကားကို သေချာအောင် ပြင်နေတာနဲ့ ဒီကနေ ၂ နာရီကျော်မှ ထွက်ဖြစ်တယ်။ မိတ္ထီလာ ထိကတော့ လမ်းက ဖြူးနေတာပဲ။ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်း ကြားကတော့ ကားလမ်းဆိုတာ ကျိန်ပြောတောင် ယုံဖို့ ခက်တယ်ဗျာ။ ပြင်တော့ ပြင်နေပါရဲ့ .. . ။ တစ်မိုင်လောက် ပြင်လိုက် နောက်တမိုင်လောက်က ကျောက်ပေါက်မာ ဗရပွနဲ့ ဆိုတော့ မောင်းရတာလဲ ရိုလာ ကိုစတာ စီးနေရသလား အောက်မေ့တယ်။ လမ်းကလည်း မသွားတာ ကြာပြီဆိုတော့ သိပ်မမောင်းရဲတာ ပါတယ်။ တော်သေးတယ် .. . . ကျောက်ပန်းတောင်းက ထွက်ကာနီးကျတော့ ဗင် တစ်စီးက ရှေ့က အသကုန် မောင်းသွားတာနဲ့ သူတောင် မောင်းရဲသေးတာ ငါက ဘာလို့ မမောင်းရဲရမှာလည်း ဆိုပြီး လိုက်မောင်းတာနဲ့ ချောက်ကို ည (၈) နာရီလောက် ရောက်သွားတယ်။
မိန်းမက မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းကို ကြည့်ပြီး မှတ်ချက်ချတယ်။ နေပြည်တော်က လမ်းလုပ်တဲ့သူတွေ ဒီကို ပို့လိုက်ရင် ပြီးရောတဲ့ .. . . ။
သူ့အတွေးကလည်း ဟုတ်တယ်ဗျ .. ။ နေပြည်တော်မှာကျတော့ ကွန်ကရစ် လမ်းမကြီးတွေ လေယာဉ် ပြေးလမ်းထက်တောင် ကောင်းတဲ့ လမ်းတွေကို ရက်ပိုင်းနဲ့ အပြီး ခင်းကြတာလေ။ မီးတွေဆိုလည်း ထိန်ထိန်ငြီးနေတာပဲ။
ဒီလမ်းကျတော့ ကျောက်ခဲစားသွားတောင် ကြေမဲ့ လမ်းမျိုး။
မိန်းမကတော့ ပြောပါတယ် .. . ။ ဘဘကြီးကို ဒီလမ်းမှာ ကားနဲ့ သွားခိုင်းရမယ်တဲ့ .. . . ။ ဟုတ်ပဗျာ .. . .
သူ့သာ ကားနဲ့ ဒီလမ်း သွားခိုင်းလို့ကတော့ .. . . ဟေ ဟေ့ .. . .
ဇန်န၀ါရီ (၄) ရက်နေ့က သူသွားတဲ့နေ့မှာ ပြောင်းသွားနိုင်တယ်ဗျ .. . ဟာ ဟ..

No comments: