Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ကျနော်နှင့် တိရစ္ဆာန်များ


ကျနော် မျောက်တစ်ကောင် မဟုတ်ပါ၊ သို့သော်ကျနော်ငယ်ငယ်က အလွန်ဆော့ပါသည်။ ထို့ကြောင့် အမေက မျောက်လောင်းကလေးဟု ခေါ်ပါသည်။ ကျနော် စိတ်မဆိုးပါ။ ကျနော့ ချစ်သူကတော့ နှုတ်ခမ်းနီ အမြဲဆိုးပါသည်။ ချစ်သူ၏ နှုတ်ခမ်းနီ ဘယ်လို အရသာရှိလဲ ကျနော် မသိပါ။ ထို့အတူ နွားမများလည်း နှုတ်ခမ်းနီ မဆိုးသောကြောင့် နွားများအနေဖြင့် နှုတ်ခမ်းနီအရသာ ဘယ်လိုရှိမလဲ သိမည်မထင်ပါ။ သို့သော် ကျနော့ သူငယ်ချင်းများက ကျနော့ကို နွားတစ်ကောင်အဖြစ် မြင်ကြပါသည်။ ကျနော်ကတော့ ထိုသို့ မထင်ပါ။ ကျနော့ ချစ်သူဘ၀တွင် အမှတ်ထင်ထင် ဖြစ်ရပ်များ သိပ်မရှိခဲ့ပါ။ သို့သော် ကျနော် အမြဲအမှတ်ရနေမည့် ဖြစ်ရပ်များစွာ ရှိပါသည်။ ကျနော့ချစ်သူ စိတ်ဆိုးလျှင် အလွန်လှပါသည်။ ငှက်ကလေး တစ်ကောင် ကဲ့သို့ နှုတ်ခန်းချွန်နေတတ်ပါသည်။ သို့သော် သူမသည် ငှက်ကလေး တစ်ကောင်မဟုတ်ပါ။ သို့သော် မကြာမီ ကျနော့ဘေးမှ အဝေးသို့ ပျံသန်း ထွက်ပြေးသွားခဲ့ပါသည်။ သူမ လွတ်မြောက်သွားခဲ့တာလား .. . ကျနော် လွတ်မြောက်ခဲ့တာလား ဝေခွဲ၍ မရသေးပါ။

ရှိသေးတယ်

ဆောင်းအိပ်မက်


တကယ်ပြောနေတာ .. . ငါမင်းကို မချစ်တော့ဘူး ။ မုန်းတာမဟုတ်ဘူးနော်. . သေသေချာချာ နားထောင်အုံး ။ ငါမင်းကို မချစ်တော့တာ . .။ မင်းအတွက် ငါ့ရင်ထဲမှာ အချစ်တွေ မရှိတော့ဘူး ။ ဘယ်သူ့ကိုမှ ငါမချစ်တော့တာ . .ချစ်လည်း မချစ်ချင်တော့တာ။
မင်းပြောနိုင်ပါတယ် . . ။ ငါ ရက်စက်တယ်ပေါ့ ..
တကယ်က မင်းငါ့ကို ရက်စက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ ။ ငါ့ဘ၀တစ်ခုလုံး .. .. ငါ့ယုံကြည်ချက်တွေ .. ငါ့မျှော်လင့်ချက်တွေ . .. ငါ့ရည်မှန်းချက်တွေ .. .အကုန်လုံး မင်းအတွက်ကြောင့် ငါစွန့်လွှတ်ခဲ့တာလေ .. .။
မင်းသတိရသေးရဲ့လား .. . .။
ပြန်တွေးကြည့်ပါအုံး . . .။ ဘယ်သူက ဘယ်သူ့ကို ရက်စက်တာလည်းဆိုတာ ။ အများရဲ့ အမြင်မှာတော့ ငါက မင်းကို ရက်စက်တယ်ပေါ့ ။ အသဲခွဲတယ်ပေါ့ ။
တကယ်တော့ မင်းကငါ့ကို ရက်စက်တာ . .။ အသဲခွဲတာ ။ အချစ်ကို ခုတုံးလုပ်ခဲ့တာ။ လှည့်ဖျားခဲ့တာ.။
ဒါတွေ ငါလုပ်ခဲ့တာ မဟုတ်ဘူး ။ မင်းလုပ်ခဲ့တဲ့ ရလာဒ်တွေလေ ။
မင်းငြင်းချင်သေးလို့လား .. .။ ပြော .. .ပြော . ခုပြော .. . ။

ရှိသေးတယ်

ကျနော့ profile


ငါဟာဆာမူရိုင်းတစ်ယောက် !
ငါ့လမ်းကို ငါဖောက်ပြီး
ရောက်တတ်ရာရာ ငါသွားမယ် ..
ဘယ်သူတွေ ဘယ်လိုမေးမေး
ငါ့အတွေးနဲ့ ငါရေးမယ်။
ဘယ်သူတွေ ဘာတွေပြောပြော
ငါ့သဘောနဲ့ငါ ဟောမယ်။
ဘယ်သူတွေ ဘာနဲ့တားတား
ငါ့စကားကို ငါကြားတယ်။
ဘယ်သူတွေဘယ်လိုရှုပ်ရှုပ်
ငါ့အလုပ်ကို ငါလုပ်မယ်။
ငါ့သွားမယ့်ငါ့လမ်း
ကြမ်းကြမ်းချင်ကြမ်း . မာချင်မာ ..
ရမ်းချင်ရမ်း စွာချင်စွာ ..
ငါဟာ ငါပဲ ..
ငါဟာ မာနခဲ

ရှိသေးတယ်

ပြောင်းသင့်သော အဟောင်းများ


နည်းပညာ အသစ်များ တိုးတက်နေသော ဤခေတ်ကြီးတွင် ထို နည်းပညာအသစ်များကို လက်ခံပြောင်းလဲရန် ၀န်လေးနေသော ပုဂ္ဂိုလ်များ ရှိနေသေးသည်မှာ အံ့သြစရာပင် ... ..။ တကယ်ပါ ..၊ အသစ်အသစ်သော (နေ့စဉ်နှင့်အမျှ တိုးတက်နေသည့်) နည်းပညာများကို လက်ရှိ ကျင့်သုံးနေသည့် နေသားကျ နည်းပညာများနှင့် အစားထိုးရန် ၀န်လေးနေကြသော ပုဂ္ဂိုလ်ကြီးများ အတွက် အင်း .. .. ရင်လေးတယ် .. ..
ဘာလို့များ အဟောင်းတွေကို ဖက်တွယ်ထားချင်ကြတာလည်း မသိဘူးဗျာ .။ သံယောဇဉ်ဆိုတာလားတော့ မပြောတတ်ဘူး။ ပြောင်းသင့်တာကို ပြောင်းပေါ့ဗျာ ..။ ဒီအဟောင်းကြီးက ခေတ်မှ မမီတော့တာကို။ ကျနော့ သဘောက လက်ရှိသုံးနေကျ နည်းပညာတွေက ဆက်ပြီး အသုံးပြုလို့ မရတော့ဘူး မဟုတ်ပါဘူး .. .။ ရတော့ရတာပေါ့ .. .ဒါပေမဲ့ Upgrade လုပ်ဖို့တော့ လိုတယ်လေဗျာ .. .။ ဟုတ်ဘူးလား .
ကဲ .. .ပြောင်းသင့်တဲ့ အဟာင်းတွေ .. .ပြောင်းကြပါတော့ဗျို့

ရှိသေးတယ်