Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

၃၀ ပြည့်အတွေး

ပုံပြင်ထဲက ဖာတစ်လုံး ခေါင်းကြားက လူ့လောကအကြောင်းကို သိဖို့ ဖာတောင်း တစ်လုံး ခေါင်းရွက်ပြီး ခရီးတွေ ထွက်ခဲ့တယ်။
ငါကတော့ အချိန်ခရီးကို ထွက်ရင်း လူ့လောကအကြောင်း တော်တော် သိခဲ့ရတယ်။
လူ့သက်တမ်းက အနှစ် (၆၀) ဆိုရင် ငါ့အတွက် တ၀က်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်။
ဘာရယ်မှ မဟုတ်ပေမဲ့ သစ်ရွက်လှုပ်ရင်လဲ ရယ်တတ်တဲ့ အရွယ် မဟုတ်တော့ဘူး။
ရူးရူး မူးမူးနဲ့ မိုက်မဲခဲ့တဲ့ ရက်တွေလည်း ကျော်ဖြတ်ခဲ့ပြီးပြီ။
ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်မှုတွေလည်း ခံခဲ့ပြီးပြီ။
မကောင်းသူထိပ် ၊ ကောင်းသူထိပ်ဆိုပြီး ရမ်းသမ်းတွယ်တာတွေနဲ့ ကွဲခဲ့ပေါင်းလည်း များပြီ။
ငါမသိတာတွေကို သိအောင်လုပ်ဖို့ မသိတဲ့သူကို ဆရာတင်ခဲ့ပေါင်းလည်း များပြီ။
ငါမတတ်တာကို တတ်ဖို့ မတတ်တဲ့သူကို ဆရာတင်ခဲ့ပေါင်းလည်း များပြီ။
ငါ မသိတာကို သိဖို့ ပြောပြတဲ့သူကို မောင်းထုတ်ခဲ့ပေါင်းလည်း များပြီ။
ငါ မတတ်တာကို တတ်ဖို့ ပြောပြတဲ့သူကို မောင်းထုတ်ခဲ့ပေါင်းလည်း များပြီ။
ကျေးဇူးရှင်တွေကို ကျေးဆွတ်ခဲ့ပေါင်းလည်း များပြီ။
ကျေးဇူး ပြုခဲ့ဖူးလို့ ကျေးဆွတ်ခံရပေါင်းလည်း များပြီ။
မတရားတာတွေကို ခေါင်းငုံ့မခံဘူးလို့ ကြွေးကြော်ခဲ့ပေါင်းလည်း များပြီ။
မတရားမှန်း သိသိကြီးနဲ့ြ့ပန်မပြောနိုင်လို့ ဆွံ့အခဲ့ရပေါင်းလည်း များပြီ။
ကိုယ့်လက်အောက်ကလူကို မျှမျှတတ ဖြစ်စေရမယ်လို့ သန္ဓိဌာန် ချခဲ့ပေါင်းလည်း များပြီ။
ဘယ်လိုမှ မတတ်နိုင်လို့ မမျှမတ လုပ်ခဲ့ရပေါင်းလည်း များပြီ။
ပရဟိတ နဲ့ အတ္တဟိတ မျှအောင် နေမယ်လို့ ဆုံးဖြတ်ခဲ့ပေါင်းလည်း များပြီ။
တစ်ဘက်စောင်းနင်းနဲ့ လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း များပြီ။
လူတိုင်းနဲ့ သင့်မြတ်အောင်နေမယ်လို့ စဉ်းစားခဲ့ပေါင်းလည်း များပြီ။
ဘယ်သူ ဘာပြောပြော _____ဂရု မစိုက်ဘူးလို့ စဉ်းစားခဲ့ပေါင်းလည်း များပြီ။
ကိုကောင်းရင် ခေါင်းမရွေ့ဘူးလို့ ပြောခဲ့ပေါင်းလည်း များပြီ။
ခေါင်းရွေ့မှာစိုးလို့ မကောင်းခဲ့ရပေါင်းလည်း များပြီ။
________ တွေလည်း များပြီ။
________ တွေလည်း များလှပြီ။
________ တွေလည်း များလှပြီ။
________ တွေလည်း များလှပြီ။
... ... ... ... ... ... ...
အင်း ..
နောက်ထပ် သက်တမ်း တစ်ဝက်မှာ ငါ .... . . .. . . . . .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. .
... . . . .. . . . .. . . . . . . .. . . . . . .. . . . . .. . . .. . . .။

1 comment:

မြစ်ကျိုးအင်း said...

အမှားအမှန် ရောနေတာကို က ဘ၀ပါပဲဗျာ
အမှားနည်းအောင် တတ်နိင်သလောက်တော့ ကြိုးစား
နေရတုန်းပါပဲ
word verification ကိုဖြစ်နိင်ရင် ဖြုတ်ထာူပါလား ခင်ဗျာ