Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

လူအမျိုးမျိုး စိတ်အထွေထွေ (၂)

ကျနော်တို့ နိုင်ငံမှာလဲ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြပါတယ်။ .. ဗုဒ္ဓဘာသာ နိုင်ငံဆိုတော့ များသောအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတာ များပါတယ်။ နောက်ပြီး ကျနော်တို့ လူမျိုးရဲ့ သဘောကိုက ကိုယ့်ကို ပြဿနာ မပေးရင်ပြီးရော သူများ ကိစ္စတွေ သိပ်စိတ်ဝင်စားကြတာ မဟုတ်ဘူး။
ဒါပေမဲ့ ကျနော့သဘောကတော့ လူတစ်ယောက် နှစ်ယောက်လောက်ရဲ့ Criteria ကိုကြည့်ပြီး သူတို့လူမျိုး ၊ သူတို့နိုင်ငံရဲ့ စရိုက်လို့ ခြုံပြောလို့ မရဘူးဆိုတာပါ.
ကျနော် အိန္ဒိယ သွားရတော့ မသွားခင်ကတည်းက ကုလားတွေရဲ့ ညစ်ပတ်ပုံ ၊ ကလိန်ကကျစ် ကျပုံတွေကို တော်တော်များများ နားရည်ဝပြီးမှ သွားတာပါ။ ဒီတော့ ဘာပဲပြောပြော ကုလားတောထဲမှာ အတော်လေး ဂရုစိုက် နေဖြစ်ပါတယ်။ သူတို့ ကလိန်ကကျစ် ကျတာကိုလဲ ထူးပြီး ခံစားမနေဖြစ်ပါဘူး။ ဒါပေမဲ့ အဲဒီ ကလိန်ကကျစ် ကျပါတယ် ၊ သူများအပေါ် ခေါင်းပုံဖြတ်ပါတယ်ဆိုတဲ့ ကုလားတွေထဲမှာတောင် လူတစ်ဖက်သားကို ကူညီချင်တဲ့ . ဘာမှ မမျှော်ကိုးပဲ ကူညီတတ်တဲ့ ကုလား နှစ်ယောက် ၊ သုံးယောက်လောက် ကျနော် ကိုယ်တွေ့ ကြုံခဲ့ဖူးပါတယ်။
လူတော်တော်များများ သဘောကျကြတဲ့ ယဉ်ကျေး သိမ်မွေ့တယ်လို့ သတ်မှတ်ကြတဲ့ ကိုရီးယားနိုင်ငံကို ကျနော် ရောက်ဖြစ်ပြန်ပါတယ်။ ကိုရီးယားတွေ ကိုယ်နှိုက်က သူတို့လူမျိုးဟာ Very Genuine ဖြစ်ကြတယ်လို့ ပြောပါတယ်။ မှန်လဲ မှန်ပါတယ် .. တော်တော်များများက ရိုးသားပြီး ကူညီချင်စိတ် ရှိကြပါတယ်။ သူတို့ရဲ့ အားနည်းချက်က လူရာခိုင်နှုန်း တော်တော်များများက အင်္ဂလိပ်လို မတတ်ကြတာပါပဲ .. ။ ဆိုးလ်မြို့ထဲမှာ ကျနော် တစ်ရက် ဈေးဝယ်ထွက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဟိုရှောက်ကြည့် ဒီရှောက်ကြည့်နဲ့ပေါ့ .. ။ ဆိုင်တဆိုင်မှာ ဖန်စီပစ္စည်း တွေထဲမှာ ကျနော်က ဘာလုပ်တဲ့ပစ္စည်းမှန်း မသိလို့ မေးကြည့်မိပါတယ် .. "What is this" ပေါ့ .. အဲဒီမှာ ဆိုင်ရှင်က ကျနော့ကို ပြန်ပြောတယ် .. "This is one" တဲ့ . .ကျနော် ထင်တာတော့ သူဘိုလို မတတ်လို့ ပြန်ပြောတယ် ထင်လို့ ရက်စ် လို့ ပြောမိတယ်ဗျ .. ။ အဲဒီမှာ ဆိုင်ရှင်အမကြီးက ကျနော့ကို အပေါက်ဝကို လက်ညှိုးထိုးပြီး ကိုရီးယားလို ဘာတွေမှန်းမသိဘူး ရေရွတ်တော့တာပဲ .. ကျနော်လဲ တင်းပီး ထွက်လာခဲ့တယ် .. နောက်မှ စဉ်းစားမိတာက သူ့ပစ္စည်းကို ကျနော်က ၁ ကျပ်နဲ့ ဈေးဆစ်တယ် ထင်သွားလို့ နေမှာလို့ တွေးမိတယ်ဗျ။
ကျနော် ပြောချင်တာက အင်္ဂလိပ်စာ တတ်တာ မတတ်တာကို ပြောတာ မဟုတ်ပါဘူး .။ အဲဒီလို ကြုံရတာ ၂ ခါ ၃ ခါ လောက် ရှိပါတယ်။ ကျနော်ယုံကြည်ပါတယ် ၊ ကျနော်တို့နိုင်ငံမှာဆို ဘယ်သူမှ အဲလိုလုပ်မှာ မဟုတ်ဘူးလို့ ။ ဘယ်သူမဆိုဗျာ .. ကိုနားမလည်ရင်လဲ ဘာမေးတယ်ဆိုတာ ရှင်းအောင် ပြန်မေးသင့်တာပေါ့ .. နောက်ပီး ဒီလို အပြုအမူမျိုးက နိုင်ငံကြီးသား မပီသဘူးတော့ ထင်တာပဲ ..
အဲဒီလိုပါပဲ .. ရိုးသားလှပါတယ်ဆိုတဲ့ လူတွေမှာလဲ အဲလို လူမျိုးတော့ ရှိတတ်တာပါပဲ ..
..

ရှိသေးတယ်

လူအမျိုးမျိုး စိတ်အထွေထွေ

ကျနော်လည်း ဘလော့နဲ့ အဆက်ပြတ်နေတာ ကြာသွားပါပြီ .. .ဘာရယ်တော့ မဟုတ်ပါဘူး .. အမျိုးမျိုးသော အကြောင်းတွေကြောင့် မရေးဖြစ်တာပါ.။ ခုတော့ အားနေတာရယ် ပြင်ပကမ္ဘာရောက်နေတာရယ်ကြောင့် ရေးဖြစ်တာပါ.။ ကျနော်တို့ လူမျိုးတွေမှာ နိုင်ငံပြင်ပ ရောက်သွားလို့ ဘာလူမျိုးလဲ မေးရင် ၊ ဘယ်နိုင်ငံကလဲ မေးရင် မြန်မာနိုင်ငံက ဗမာလူမျိုးပါလို့ ဖြေရမှာ ရှက်တဲ့လူတွေ ရှိပါတယ်။ ကျနော်ကတော့ မြန်မာနိုင်ငံက ဗမာလူမျိုးလို့ ပြောရတာကို အင်မတန် ဂုဏ်ယူပါတယ်။
ကြုံလို့ နီပေါက သူငယ်ချင်း တစ်ယောက် ပြောတာ သတိရမိပါတယ်။
သူက သူတို့ အသံထွက်နဲ့ ဗမာဆိုတာ The Creator of Earth (ဗြဟ္မာ)ကို ခေါ်တာပါတဲ့။ ဟီး ဟီး
ကျနော်ကတော့ အဲဒီကတည်းက ဗမာဖြစ်ရတာ အရမ်း ဂုဏ်ယူတာပဲ ..

.။ ..

ရှိသေးတယ်

သတိရမိတဲ့ စကားလေးတွေ

မနေ့က တီဗီကြည့်ရင်း မြန်မာနိုင်ငံမှာ တံတားကြီး ဘယ်နှစင်း ၊ ကားလမ်းအရှည် မိုင် ဘယ်လောက်ရှိပြီဆိုပြီး ကြေညာတာလာတော့ ဆရာသမား တစ်ယောက် ပြောဖူးတာ သွားသတိရမိတယ်ဗျာ .. ..
သူတစ်ခါက (သိပ်မဖွံ့ဖြိုးသေးတဲ့ ခေတ်က) ရခိုင်ဘက်ကို သွားခဲ့တယ်တဲ့ .. ။ အဲဒီမှာ သူက ပြည်မဘာက်က လာတာကို သိတဲ့ ရခိုင်ကြီး တစ်ယောက်က သူတို့မြို့က နာရီစင်ရှေ့ကို ခေါ်သွားပြီး မင်းတို့ဆီမှာ ဒီလို နာရီစင် ရှိလားလို့ မေးသတဲ့ .. .။ တကယ်က အဲဒီမြို့က နာရီစင်က လူနှစ်ရပ်လောက် အမြင့်မှာ ရှိတဲ့ နာရီစင် သေးသေးလေးပါတဲ့ .. .။ သူလဲ အဲလိုအမေးခံရရော ဘာပြောရမှန်းကို မသိဘူုး ဖြစ်သွားပါတယ်တဲ့ .. . .။ ခုလဲ ကျနော်တို့ အဲလိုများ ဖြစ်နေပီလား မသိ .. . ။

ရှိသေးတယ်

ဗျူရိုကရေစီ ယန္တရားနဲ့ ကျနော်

ကျနော်တို့ နိုင်ငံက ဗျူရိုကရေစီ စနစ်ကြီး မပျောက်သေးဘူးဗျ .. .
ရုံးအပေါ်ထပ်က စာ အောက်ထပ်ကိုရောက်ဖို့ကို ၂ ရက်တော့ အနည်းဆုံး အချိန်ပေးရတယ်။ ဒါတောင် တစ်မိုးအောက်ထဲက ရုံးတွေကို ပြောတာနော် .. . .မဆိုင်တဲ့ ရုံးတစ်ရုံးကနေ နောက်တစ်ရုံးကို စာပို့တာ ဆိုရင်တော့ .. တစ်ပတ်က အနည်းဆုံးပဲ .. . ၊ ပြီးတော့ ရှိသေးတယ် .. . . Procedure အောက်တယ်တို့ .. စနစ်မကျဘူးတို့ .. .လာသေးတယ် ။ စာတစ်စောင်ကို လက်မှတ်ထိုးပြီး ထွက်ဖို့တောင် ၁ ရက်လောက် အချိန်ပေးနေကြပြီးတော့များ .. ခက်ပါတယ် . . . .ဒီလို နိုင်ငံကြီးမှာ လူလာဖြစ်တဲ့ ငါကိုက .. . . . . .

ရှိသေးတယ်

မင်းရဲကျော်စွာ

ရာဇဝင်ထဲမှာ ကျနော် အားအကျဆုံး မင်းသား တစ်ပါး ရှိပါတယ်..
အဲဒါ မင်းရဲကျော်စွာပါ ..
သူက ဘုရင့်သားမို့ စစ်ဗိုလ်ချုပ် ဖြစ်တဲ့ ခေတ်ထဲမှာ အရည်အချင်းကြောင့် ဗိုလ်ချုပ် ဖြစ်ခဲ့တာပါ။ သူက ပထမဆုံး ကလေး ကျေးတောင်ညိုဘက် (ရခိုင်ဘက်) ကို စစ်တိုက်သွားတော့ သူ့ကို ဘုရင့်သားဆိုတော့ ဗိုလ်ချုပ်ခန့်ပါတယ်။ အဲဒီ ခေတ်မှာ ဗိုလ်ချုပ်ဆိုတာ စစ်ထွက်တဲ့အခါ အကြီးဆုံး ရာထူးကို ခေါ်တာပါ။ အဲဒီခရီးကို သွားတဲ့ လမ်းတလျှောက်မှာ စခန်းချတိုင်းချတိုင်း မင်းရဲကျော်စွာက သူ့ဘော်ဒါတွေနဲ့ ကစားလေ့ ရှိပါတယ်တဲ့။ အသက်ကလည်း ငယ်သေးတာကိုးဗျ။ (၁၇) နှစ်ပဲ ရှိသေးတယ်လို့ ပြောကြပါတယ်။ ဒီတော့ တကယ် စစ်တိုက်ရမဲ့ နေရာလည်း ရောက်ရော သူ့စစ်သူကြီးတွေက “အရှင်လေး စစ်ပွဲဆိုတာ ကြမ်းတမ်းပါတယ်။ အခန့်မသင့်ရင် အသက်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီတော့ ကျွန်တော်မျိုးတို့ အသေခံပြီး တိုက်ပါ့မယ်။ အရှင်လေး နောက်ကပဲ လွတ်ရာက နေပေးပါ” လို့ လျှောက်ကြသတဲ့။ ဒီတော့ မင်းရဲကျော်စွာက ဘာပြန်ပြောလဲ ဆိုရင် “ငါ့ဖခမည်းတော်က ဒီလို နောက်ကနေဖို့ ဗိုလ်ချုပ် ခန့်လိုက်တာ မဟုတ်ဘူး၊ ငါကိုယ်တိုင် တိုက်မယ်” ဆိုပြီး ဆင်စီးပြီး ရှေ့ဆုံးကနေ တိုက်ပါသတဲ့။ ဘယ်လောက်တောင် အားကျဖို့ ကောင်းလိုက်သလဲဗျာ။ တကယ်ဆိုရင် ဘုရင့်သားပဲ ၊ အချိန်တန်ရင် နန်းစည်းစိမ်က အလိုလို သူ့လက်ထဲ ရောက်လာမှာပဲဗျာ..။ စစ်ပွဲမှာ မတိုက်ပဲ နောက်ကနေတော့ရော သူ့ ဘယ်သူက ဘာပြောမှာမို့တုံး ..။ ဒါပေမဲ့ မင်းရဲကျော်စွာက အဲလို မလုပ်ခဲ့ပါဘူး။ သူကိုယ်တိုင် ရှေ့ဆုံးကနေပြီး တိုက်ခဲ့ပါတယ်။
နောက်ပြီးတော့ သူ့နောက်ဆုံး တိုက်ပွဲမှာ ကျနော် အားကျတာ တစ်ခု ရှိပါသေးတယ်။ သူက အဲဒီနေ့က တော်တော် မူးနေတယ် ပြောပါတယ်။ မူးမူးနဲ့ မွန်တွေဘက်က ပရိယာယ် ဆင်လာတာကို သတိမထားမိပဲ ထွက်တိုက်ပါသတဲ့။ အဲဒီမှာ ရာဇဓိရာဇ်ရဲ့ မွန်ဘက်က (တပ်လေးတပ် ထင်ပါတယ်) နဲ့ ပထမဆုံးတွေ့တယ်တဲ့။ သူက မေးတယ် .. ဒါဘယ်သူ့တပ်လဲပေါ့ .. ဒီတော့ မွန်ဘက်ကလည်း ဘယ်သူ့တပ်ပါလို့ ဖြေကြတယ်တဲ့.. သူက ရာဇဓိရာဇ်ရဲ့ သားတွေဥိးစီးတဲ့ တပ်တွေကို ပထမဆုံး တွေ့တာပါ ။ ဒါပေမဲ့ ငါနဲ့ တိုက်ဖက်မဟုတ် ဆိုပြီးတော့ မတိုက်ပဲ အဲဒီတပ်တွေကို ဖောက်ထွက်ပါတယ်တဲ့ .. ပြီးမှ ရာဇဓိရာဇ်နဲ့ တွေ့တော့ သူ့ဆင်ကြီး (ငချစ်ခိုင်ထင်ပါတယ်) က လှံချက် တော်တော် များများ ထိထားပြီးပါပီ။ အဲဒီမှာ ရာဇဓိရာဇ်ရဲ့ အဖမ်းကို ခံရပါတော့တယ်။
နောက်အားကျတာတစ်ခုက သူ့ကို ရာဇဓိရာဇ်က ဖမ်းမိပြီးတော့ ဒဏ်ရာကို ဆေးကုပေးပါတယ်။ ဒါပေမဲ့ မင်းရဲကျော်စွာက အကုမခံပါဘူး။ နောက်ပြီး မင်းသား ငါ့ဆီမှာနေရင် အိမ်ရှေ့ရာထူး ပေးမယ်၊ ပြန်ချင်ရင်လဲ ပြန်ခွင့်ပေးမယ်ဆိုတာကို လက်မခံပဲ အသေပဲ ခံသွားပါတယ်၊ ရန်သူ့လက်မှာ အသက်ရှင်တာထက် သေတာက မြတ်တယ်ဆိုတာ ပြသွားတာပါ။
ခုခေတ်လူတွေ နမူနာ ယူကြဖို့ ကောင်းပါတယ်။

ရှိသေးတယ်

လူရွတ်

သတိရမိတဲ့ လူရွတ် တစ်ယောက် အကြောင်းပါ
အခု ပြောချင်တဲ့ တစ်ယောက်က ကျနော် မကွေးမှာ နေတုံးက လူကြီး တစ်ယောက် အနားမှာ နေတာပါ။ တစ်နေ့တော့ သူ့ဆရာက လာပြီး လက်ဆောင်ပေးထားတဲ့ သရက်သီးတွေကို ညနေစာ စားအပြီးမှာ စားချင်တော့ ဒီကောင့်ကို ခိုင်းသတဲ့ .. ၊ ခိုင်းပုံကလည်း “တပည့်ရေ .. ညနေကျရင် လာပို့ထားတဲ့ သရက်သီးတွေ ကိုင် ထားလိုက်ကွာ” တဲ့ ..
ဒါနဲ့ ဆရာသမားက ညနေစာ စားလည်းပြီးရော သရက်သီး လာချမပေးလို့ ဒီကောင့်ကို သရက်သီးရော လို့လဲ မေးရော .. သူက
“အဘ ပဲ ကျနော့ကို ကိုင်လိုက်လို့ ပြောလို့ ကျနော် သရက်သီးတွေ အကုန် ကိုင် ပစ်လိုက်ပီ” လို့ပဲ ဖြေနိုင်တော့တယ်။ တကယ်တော့ ဒီကောင် အကုန် စားပစ်လိုက်တာပါ။
နောက်အဖြစ်အပျက် တစ်ခု ရှိသေးတယ်။
မကွေးမှာက သိတဲ့အတိုင်း လမ်းမကြီးက အလယ်က လမ်းလယ်ကျွန်းနဲ့ ပါ။ တစ်နေ့တော့ သူ့ဆရာနဲ့အတူ မြို့ထဲကို သွားကြလို့ ပြန်မယ်လဲ လုပ်ရော ဒီကောင်က သူ့ဆရာကို မေးသတဲ့ .. “အဘ ဘယ်လမ်းက ပြန်မလဲ” ပေါ့ ..။ ဆိုလိုတာက တခြားလမ်းက ပြန်မလား မေးတာပေါ့ ..။ ဒါနဲ့ သူ့ဆရာက လာလမ်းအတိုင်း ပြန်ကွာ လို့ ပြောလိုက်မိတယ်။
ဒီမှာတင် မောင်ရွတ်က ဘာလုပ်လဲ ဆိုတော့ သူလာတုံးက လမ်းအတိုင်း တစ်လမ်းမောင်းကြီးကို ပြောင်းပြန်မောင်းပြီး ထွက်တော့တာပဲ .. ။ သူ့ဆရာက ဟ.. ဘာလုပ်တာလဲ ဆိုတော့ အဘပဲ ပြောတယ်လေ ..။ လာလမ်းအတိုင်း ပြန်ဆိုလို့ ကျနော် လာခဲ့တဲ့ လမ်းအတိုင်း ပြန်တာတဲ့ ..
မှတ်ကရောပဲ .. . ။

ရှိသေးတယ်

အသောကမင်းကြီး

အသောကမင်းကြီးရဲ့ ကျဆုံးခန်းကို ကျနော်တို့ကို ဂါယာဘုရားဖူး လိုက်ပို့တဲ့ ဦးဇင်း ပြောပြသလောက် ပြန် စဉ်းစား မိပါတယ်။

အသောက မင်းကြီးက ရေတွင်းပေါင်း (၈၄၀၀၀) ရေကန်ပေါင်း (၈၄၀၀၀) လှူဒါန်းခဲ့တဲ့ ဘုရင်တစ်ပါးပါ။ ဒါပေမဲ့ နောက်ပိုင်း (ခုနှစ်တော့ မမှတ်မိတော့ပါ) အိန္ဒိယမှာ ရဟန်းသံဃာတွေက သီလ မစင်ကြယ်တဲ့ ရဟန်းတွေ ပေါများ လာပါတယ်တဲ့။ ဒီတော့ သီလစင်ကြယ်တဲ့ ရဟန်းတွေက သီလ မစင်ကြယ်သူတွေနဲ့ အတူတူ ဥပုသ်ပြုဖို့ ငြင်းဆန်ကြပါတယ်။ အဲဒီအခြေအနေကို အသောကမင်းကြီးဆီ မှူးမတ်တွေက လျှောက်တင်တော့ ဘုရင်ကလည်း ပေါ့ပေါ့ပါးပါးပဲ “အေး ကြည့်လုပ်လိုက်ပေါ့ကွာ” လို့ မိန့်တော် မူပါသတဲ့ ...
အဲဒီမှာ ဇာတ်လမ်းက စ တော့တာပါပဲ.. ။
အမိန့်ပေးခံရတဲ့ မှူးမတ်က ပါဝါပြချင်တာလားတော့ မသိဘူး။ ဥပုသ်မပြုတဲ့ သံဃာတော်တွေ အားလုံး သတ်တော့တာပဲတဲ့ .. ။ ဒီလိုနဲ့ သတ်ရင်း သတ်ရင်း နောက်ဆုံး အသောက မင်းကြီးရဲ့ ညီတော် အလှည့် ရောက်လာရော .. ဘုရင့်ညီဆိုတော့ လွယ်လွယ်နဲ့ မသတ်ရဲ ကြတော့ဘူး ..။ ဒါနဲ့ အသောကမင်းကြီးကို ပြေးပြီး Report လုပ်ကြတော့တာပေါ့ ..။ “မင်းကြီး ညီတော်အလှည့်တော့ ရောက်နေပီ ..။ တွယ်လိုက်ရမလားပေါ့” ဒီတော့မှ အသောကမင်းကြီးက သံဃာတော်တွေကို သတ်ပစ်လိုက်တာ သိရပါတယ်တဲ့ ..။
ကဲ .. ဘယ်လောက်များ ညံ့လိုက်သလဲ ..
ကျနော်တို့ ကုန်းဘောင်ခေတ်မှာတောင် “လူကိုခွေးသတ်လေခြင်း” ဆိုတဲ့ ဖြစ်ရပ်ကလေး ရှိခဲ့သေးတာပဲ ..။
ကျနော်ပြောချင်တာကဗျာ .. အသောက မင်းကြီးက အဲလို သူမသိလိုက်ပဲ သံဃာတော်တွေ အများကြီးကို သူ့နံမယ်နဲ့ သတ်ခဲ့တဲ့အတွက်ကြောင့် နောက်ပိုင်းမှာ အာဏာ ကျ လာတယ်လို့ ဆိုပါတယ်။ “ခိုက်” တယ်ပဲ ပြောရမလား ၊ သံဃာ ဂိုဏ်းသင့်တယ် ပြောရမလားတော့ မသိဘူး ..။
ငရဲ ကြီးတာပေါ့ဗျာ ...။
ဒီလိုနဲ့ .. . အိန္ဒိယ တလွှားမှာ ဖိန့်ဖိန့်တုန်ခဲ့တဲ့ မင်းကြီးအသောကဟာ နောက်ဆုံး ဘယ်လို ဘယ်လို ဘဝကို အဆုံးသတ်သွားလဲ ဆိုတာတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ ..
တကယ်ပဲ သံဝေဂ ရစရာပါဗျာ .. .

..

ရှိသေးတယ်