Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

မင်းရဲကျော်စွာ

ရာဇဝင်ထဲမှာ ကျနော် အားအကျဆုံး မင်းသား တစ်ပါး ရှိပါတယ်..
အဲဒါ မင်းရဲကျော်စွာပါ ..
သူက ဘုရင့်သားမို့ စစ်ဗိုလ်ချုပ် ဖြစ်တဲ့ ခေတ်ထဲမှာ အရည်အချင်းကြောင့် ဗိုလ်ချုပ် ဖြစ်ခဲ့တာပါ။ သူက ပထမဆုံး ကလေး ကျေးတောင်ညိုဘက် (ရခိုင်ဘက်) ကို စစ်တိုက်သွားတော့ သူ့ကို ဘုရင့်သားဆိုတော့ ဗိုလ်ချုပ်ခန့်ပါတယ်။ အဲဒီ ခေတ်မှာ ဗိုလ်ချုပ်ဆိုတာ စစ်ထွက်တဲ့အခါ အကြီးဆုံး ရာထူးကို ခေါ်တာပါ။ အဲဒီခရီးကို သွားတဲ့ လမ်းတလျှောက်မှာ စခန်းချတိုင်းချတိုင်း မင်းရဲကျော်စွာက သူ့ဘော်ဒါတွေနဲ့ ကစားလေ့ ရှိပါတယ်တဲ့။ အသက်ကလည်း ငယ်သေးတာကိုးဗျ။ (၁၇) နှစ်ပဲ ရှိသေးတယ်လို့ ပြောကြပါတယ်။ ဒီတော့ တကယ် စစ်တိုက်ရမဲ့ နေရာလည်း ရောက်ရော သူ့စစ်သူကြီးတွေက “အရှင်လေး စစ်ပွဲဆိုတာ ကြမ်းတမ်းပါတယ်။ အခန့်မသင့်ရင် အသက်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီတော့ ကျွန်တော်မျိုးတို့ အသေခံပြီး တိုက်ပါ့မယ်။ အရှင်လေး နောက်ကပဲ လွတ်ရာက နေပေးပါ” လို့ လျှောက်ကြသတဲ့။ ဒီတော့ မင်းရဲကျော်စွာက ဘာပြန်ပြောလဲ ဆိုရင် “ငါ့ဖခမည်းတော်က ဒီလို နောက်ကနေဖို့ ဗိုလ်ချုပ် ခန့်လိုက်တာ မဟုတ်ဘူး၊ ငါကိုယ်တိုင် တိုက်မယ်” ဆိုပြီး ဆင်စီးပြီး ရှေ့ဆုံးကနေ တိုက်ပါသတဲ့။ ဘယ်လောက်တောင် အားကျဖို့ ကောင်းလိုက်သလဲဗျာ။ တကယ်ဆိုရင် ဘုရင့်သားပဲ ၊ အချိန်တန်ရင် နန်းစည်းစိမ်က အလိုလို သူ့လက်ထဲ ရောက်လာမှာပဲဗျာ..။ စစ်ပွဲမှာ မတိုက်ပဲ နောက်ကနေတော့ရော သူ့ ဘယ်သူက ဘာပြောမှာမို့တုံး ..။ ဒါပေမဲ့ မင်းရဲကျော်စွာက အဲလို မလုပ်ခဲ့ပါဘူး။ သူကိုယ်တိုင် ရှေ့ဆုံးကနေပြီး တိုက်ခဲ့ပါတယ်။
နောက်ပြီးတော့ သူ့နောက်ဆုံး တိုက်ပွဲမှာ ကျနော် အားကျတာ တစ်ခု ရှိပါသေးတယ်။ သူက အဲဒီနေ့က တော်တော် မူးနေတယ် ပြောပါတယ်။ မူးမူးနဲ့ မွန်တွေဘက်က ပရိယာယ် ဆင်လာတာကို သတိမထားမိပဲ ထွက်တိုက်ပါသတဲ့။ အဲဒီမှာ ရာဇဓိရာဇ်ရဲ့ မွန်ဘက်က (တပ်လေးတပ် ထင်ပါတယ်) နဲ့ ပထမဆုံးတွေ့တယ်တဲ့။ သူက မေးတယ် .. ဒါဘယ်သူ့တပ်လဲပေါ့ .. ဒီတော့ မွန်ဘက်ကလည်း ဘယ်သူ့တပ်ပါလို့ ဖြေကြတယ်တဲ့.. သူက ရာဇဓိရာဇ်ရဲ့ သားတွေဥိးစီးတဲ့ တပ်တွေကို ပထမဆုံး တွေ့တာပါ ။ ဒါပေမဲ့ ငါနဲ့ တိုက်ဖက်မဟုတ် ဆိုပြီးတော့ မတိုက်ပဲ အဲဒီတပ်တွေကို ဖောက်ထွက်ပါတယ်တဲ့ .. ပြီးမှ ရာဇဓိရာဇ်နဲ့ တွေ့တော့ သူ့ဆင်ကြီး (ငချစ်ခိုင်ထင်ပါတယ်) က လှံချက် တော်တော် များများ ထိထားပြီးပါပီ။ အဲဒီမှာ ရာဇဓိရာဇ်ရဲ့ အဖမ်းကို ခံရပါတော့တယ်။
နောက်အားကျတာတစ်ခုက သူ့ကို ရာဇဓိရာဇ်က ဖမ်းမိပြီးတော့ ဒဏ်ရာကို ဆေးကုပေးပါတယ်။ ဒါပေမဲ့ မင်းရဲကျော်စွာက အကုမခံပါဘူး။ နောက်ပြီး မင်းသား ငါ့ဆီမှာနေရင် အိမ်ရှေ့ရာထူး ပေးမယ်၊ ပြန်ချင်ရင်လဲ ပြန်ခွင့်ပေးမယ်ဆိုတာကို လက်မခံပဲ အသေပဲ ခံသွားပါတယ်၊ ရန်သူ့လက်မှာ အသက်ရှင်တာထက် သေတာက မြတ်တယ်ဆိုတာ ပြသွားတာပါ။
ခုခေတ်လူတွေ နမူနာ ယူကြဖို့ ကောင်းပါတယ်။

ရှိသေးတယ်

လူရွတ်

သတိရမိတဲ့ လူရွတ် တစ်ယောက် အကြောင်းပါ
အခု ပြောချင်တဲ့ တစ်ယောက်က ကျနော် မကွေးမှာ နေတုံးက လူကြီး တစ်ယောက် အနားမှာ နေတာပါ။ တစ်နေ့တော့ သူ့ဆရာက လာပြီး လက်ဆောင်ပေးထားတဲ့ သရက်သီးတွေကို ညနေစာ စားအပြီးမှာ စားချင်တော့ ဒီကောင့်ကို ခိုင်းသတဲ့ .. ၊ ခိုင်းပုံကလည်း “တပည့်ရေ .. ညနေကျရင် လာပို့ထားတဲ့ သရက်သီးတွေ ကိုင် ထားလိုက်ကွာ” တဲ့ ..
ဒါနဲ့ ဆရာသမားက ညနေစာ စားလည်းပြီးရော သရက်သီး လာချမပေးလို့ ဒီကောင့်ကို သရက်သီးရော လို့လဲ မေးရော .. သူက
“အဘ ပဲ ကျနော့ကို ကိုင်လိုက်လို့ ပြောလို့ ကျနော် သရက်သီးတွေ အကုန် ကိုင် ပစ်လိုက်ပီ” လို့ပဲ ဖြေနိုင်တော့တယ်။ တကယ်တော့ ဒီကောင် အကုန် စားပစ်လိုက်တာပါ။
နောက်အဖြစ်အပျက် တစ်ခု ရှိသေးတယ်။
မကွေးမှာက သိတဲ့အတိုင်း လမ်းမကြီးက အလယ်က လမ်းလယ်ကျွန်းနဲ့ ပါ။ တစ်နေ့တော့ သူ့ဆရာနဲ့အတူ မြို့ထဲကို သွားကြလို့ ပြန်မယ်လဲ လုပ်ရော ဒီကောင်က သူ့ဆရာကို မေးသတဲ့ .. “အဘ ဘယ်လမ်းက ပြန်မလဲ” ပေါ့ ..။ ဆိုလိုတာက တခြားလမ်းက ပြန်မလား မေးတာပေါ့ ..။ ဒါနဲ့ သူ့ဆရာက လာလမ်းအတိုင်း ပြန်ကွာ လို့ ပြောလိုက်မိတယ်။
ဒီမှာတင် မောင်ရွတ်က ဘာလုပ်လဲ ဆိုတော့ သူလာတုံးက လမ်းအတိုင်း တစ်လမ်းမောင်းကြီးကို ပြောင်းပြန်မောင်းပြီး ထွက်တော့တာပဲ .. ။ သူ့ဆရာက ဟ.. ဘာလုပ်တာလဲ ဆိုတော့ အဘပဲ ပြောတယ်လေ ..။ လာလမ်းအတိုင်း ပြန်ဆိုလို့ ကျနော် လာခဲ့တဲ့ လမ်းအတိုင်း ပြန်တာတဲ့ ..
မှတ်ကရောပဲ .. . ။

ရှိသေးတယ်

အသောကမင်းကြီး

အသောကမင်းကြီးရဲ့ ကျဆုံးခန်းကို ကျနော်တို့ကို ဂါယာဘုရားဖူး လိုက်ပို့တဲ့ ဦးဇင်း ပြောပြသလောက် ပြန် စဉ်းစား မိပါတယ်။

အသောက မင်းကြီးက ရေတွင်းပေါင်း (၈၄၀၀၀) ရေကန်ပေါင်း (၈၄၀၀၀) လှူဒါန်းခဲ့တဲ့ ဘုရင်တစ်ပါးပါ။ ဒါပေမဲ့ နောက်ပိုင်း (ခုနှစ်တော့ မမှတ်မိတော့ပါ) အိန္ဒိယမှာ ရဟန်းသံဃာတွေက သီလ မစင်ကြယ်တဲ့ ရဟန်းတွေ ပေါများ လာပါတယ်တဲ့။ ဒီတော့ သီလစင်ကြယ်တဲ့ ရဟန်းတွေက သီလ မစင်ကြယ်သူတွေနဲ့ အတူတူ ဥပုသ်ပြုဖို့ ငြင်းဆန်ကြပါတယ်။ အဲဒီအခြေအနေကို အသောကမင်းကြီးဆီ မှူးမတ်တွေက လျှောက်တင်တော့ ဘုရင်ကလည်း ပေါ့ပေါ့ပါးပါးပဲ “အေး ကြည့်လုပ်လိုက်ပေါ့ကွာ” လို့ မိန့်တော် မူပါသတဲ့ ...
အဲဒီမှာ ဇာတ်လမ်းက စ တော့တာပါပဲ.. ။
အမိန့်ပေးခံရတဲ့ မှူးမတ်က ပါဝါပြချင်တာလားတော့ မသိဘူး။ ဥပုသ်မပြုတဲ့ သံဃာတော်တွေ အားလုံး သတ်တော့တာပဲတဲ့ .. ။ ဒီလိုနဲ့ သတ်ရင်း သတ်ရင်း နောက်ဆုံး အသောက မင်းကြီးရဲ့ ညီတော် အလှည့် ရောက်လာရော .. ဘုရင့်ညီဆိုတော့ လွယ်လွယ်နဲ့ မသတ်ရဲ ကြတော့ဘူး ..။ ဒါနဲ့ အသောကမင်းကြီးကို ပြေးပြီး Report လုပ်ကြတော့တာပေါ့ ..။ “မင်းကြီး ညီတော်အလှည့်တော့ ရောက်နေပီ ..။ တွယ်လိုက်ရမလားပေါ့” ဒီတော့မှ အသောကမင်းကြီးက သံဃာတော်တွေကို သတ်ပစ်လိုက်တာ သိရပါတယ်တဲ့ ..။
ကဲ .. ဘယ်လောက်များ ညံ့လိုက်သလဲ ..
ကျနော်တို့ ကုန်းဘောင်ခေတ်မှာတောင် “လူကိုခွေးသတ်လေခြင်း” ဆိုတဲ့ ဖြစ်ရပ်ကလေး ရှိခဲ့သေးတာပဲ ..။
ကျနော်ပြောချင်တာကဗျာ .. အသောက မင်းကြီးက အဲလို သူမသိလိုက်ပဲ သံဃာတော်တွေ အများကြီးကို သူ့နံမယ်နဲ့ သတ်ခဲ့တဲ့အတွက်ကြောင့် နောက်ပိုင်းမှာ အာဏာ ကျ လာတယ်လို့ ဆိုပါတယ်။ “ခိုက်” တယ်ပဲ ပြောရမလား ၊ သံဃာ ဂိုဏ်းသင့်တယ် ပြောရမလားတော့ မသိဘူး ..။
ငရဲ ကြီးတာပေါ့ဗျာ ...။
ဒီလိုနဲ့ .. . အိန္ဒိယ တလွှားမှာ ဖိန့်ဖိန့်တုန်ခဲ့တဲ့ မင်းကြီးအသောကဟာ နောက်ဆုံး ဘယ်လို ဘယ်လို ဘဝကို အဆုံးသတ်သွားလဲ ဆိုတာတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ ..
တကယ်ပဲ သံဝေဂ ရစရာပါဗျာ .. .

..

ရှိသေးတယ်