Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

နာဂစ် (Nargis)



နာဂစ် (Nargis) တဲ့ .. ..။


ဒီနာမည်က အိန္ဒိယက ရုပ်ရှင် မင်းသမီးတစ်ယောက်ရဲ့ နာမည်ပါ။




ဒါပေမဲ့ မြန်မာပြည်အတွက်တော့ အလွန်ဆိုးရွားတဲ့ အမှတ်သညာ တစ်ခုပါ။

မုန်တိုင်းတိုက်မဲ့ သတင်းကို အစောကြီးကတည်းက ကြိုပြီး ရခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ရှိနေကြတဲ့ လူတွေရဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုမျိုး တစ်ကြိမ်မှ မကြုံဖူးကြလေတော့ ဒီလောက် ဆိုးရွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ကြဘူးလေ။ မုန်တိုင်း ဆိုတာလဲ ထုံးစံအတိုင်း မိုးတွေရွာ လေခပ်ပြင်းပြင်း တိုက်ပြီး ပြီးသွားမယ်လို့ ထင်ခဲ့ကြတာပေါ့။


ဒါပေမဲ့ တကယ်တမ်း တစ်နာရီ မိုင် (၁၀၀) ကျော် တိုက်လာတော့ .. .. .. ..

ဒီလိုတွေ ဖြစ်လာရော ...

တော်သေးတယ် ။ ကျနော်က မြန်မာပြည် အလယ်ပိုင်း ရောက်နေလို့။ မြန်မာ့ အသံက လွှင့်တဲ့ တီဗီ သတင်းထဲမှာတော့ ကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်နေကြပြီတဲ့။ ရန်ကုန်က ခဲခဲ ယဉ်းယဉ်း ပြန်လာတဲ့ အသိတစ်ယောက်ကတော့ ပြောတယ်။ သူတို့အိမ်နားမှာ ယူနီဖောင်းနဲ့တူတာ ဘာတစ်ကောင် တစ်မြီးမှ မမြင်ခဲ့ရဘူးတဲ့။ ဘယ်နားမှာ သွားပြီး ရှင်းလင်း နေကြလဲတော့ မသိဘူးတဲ့ ။ ( ကင်မရာ ရှေ့မှာ ရောက်နေတာ ဖြစ်မှာပေါ့ .. နော ...)..။

နောက်ဆက်တွဲ သတင်းတွေကတော့ သေသေချာချာ မသိရသေးဘူး ..။ စိတ်မကောင်းစရာတွေ များပါတယ်။

အင်း .. .

ကျနော်တို့ မြန်မာပြည်ကြီး ပြန်ပြီးမှ အဖတ်ဆယ်လို့ ရပါတော့မလား .. . .။

No comments: