Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

Globalization 2

Globalization ခေတ်ကြီးမှာ စီးမျောခွင့်ရတဲ့ ကျနော်တို့ အလွန်တရာ ကံကောင်းကြတဲ့ လူသားများပါ။
ဟိုး လွန်ခဲ့တဲ့ နှစ်များကို ပြန်ကြည့်လိုက်ပါ။
နိုင်ငံတကာ သတင်းမပြောနဲ့ ကျနော်တို့ နိုင်ငံထဲမှာ ဖြစ်နေတဲ့ သတင်းတွေကိုတောင် မြန်မာ့အသံက လွှင့်သလောက်ပဲ သိနိုင်ကြတာပါ။
ဆက်သွယ်ရေးကဏ္ဍကိုကြည့် ။ နိုင်ငံတကာကို ဆက်သွယ်ဖို့ဆိုတာ အိပ်မက်ထဲမှာပဲ ရှိတာပါ။
ဟော ... . .
ခုကြည့် .. . . .
ကွန်ပျူတာတစ်လုံးနဲ့ ဆက်သွယ်ထားတဲ့ ဖုံးလိုင်းတစ်ခုပဲရှိ ။ ဒါမှမဟုတ်တောင် လက်ထဲမှာ ငွေ (၁၀၀၀) လေက်ပဲရှိ။ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်လို့ရတယ်။ သတင်းတွေဆိုရင်လည်း ကြည့်ချင်သပဆိုရင် အများကြီး ။ မမှန်တဲ့သတင်းရော ၊ အမှန်အကန်သတင်းရော ၊ ရောတိရောရာ သတင်းရော အကုန်ရနိုင်တယ်။
တီဗီနဲ့ ရေဒီယိုကိုပဲ အားကိုးနေစရာ မလိုတော့ဘူး။ gmail လိပ်စာ တစ်ခုပဲရှိ.. . . တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်လို့ ရတယ်။ သတင်းတွေ အပြန်အလှန် ဖလှယ်နိုင်တယ်။ မှားနေတာတွေ ထောက်ပြနိုင်တယ်။ ကိုယ်မသိတာတွေ သိနိုင်တယ်။
လတ်တလော ကိစ္စကိုပဲကြည့် ... .. .
ကျနော်ဆိုရင် ဘာကောင်မှ ဟုတ်ဘူး။ ကွန်ပျူတာလေး မတောက်တခေါက် သုံးနိုင်ပြီး အင်္ဂလိပ်လို နည်းနည်းပါးပါး သိတဲ့ကောင်။ ဒါတောင် နာဂစ်မုန်တိုင်း တစ်နာရီ မိုင် (၁၂၀) ကျော်လောက်နဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး တိုက်မယ်ဆိုတာ (၁) ရက်လောက် သတင်းကြိုရတယ်။ Gtalk ထဲမှာ ရှိသမျှ လိပ်စာရှင်တွေကလည်း (၃) ရက်နေ့ မနက် Gtalk စဖွင့်ကတည်းက ပလူပျံနေအောင် သတင်းတွေ အပြန်အလှန် ပေးကြတယ်။ မုန်တိုင်း သတိပေးချက်ကို မသေချာလို့ Websites တွေမှာ ရှာကြည့်တယ်။ တကယ်တိုက်မယ်တဲ့ ။
ဒါပေမဲ့ဗျာ .... . . . . .
ဒီလောက် တိုးတက် ခေတ်မှီနေတဲ့ ခေတ်ကြီးမှာ ကျနော်တို့နိုင်ငံ ဘာဖြစ်လို့ ဒီလောက် လူတွေသေ ၊ အိုးမဲ့အိမ်မဲ့တွေဖြစ်ပြီး ဆိုးဆိုးရွားရွား ပျက်စီးလောက်အောင် ဒီ နာဂစ်က ဖျက်ဆီးလိုက်နိုင်တာလည်း ... . . .?
ကျနော်လို ကောင်တောင် သိနေတဲ့ ဒီသတင်းကို ဘာဖြစ်လို့ .. . . . . . . .
ဘာဖြစ်လို့ .... . . . . .
ဘာဖြစ်လို့ .... . . . . .
ပြောရရင် ရင်နာလွန်းလို့ပါဗျာ .... . . . .
(ဆိုးလိုက်တဲ့ကံ)

No comments: