Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

လူနှင့်ဂြိုလ်သား


မနေ့က အခွေတစ်ခွေ ကြည့်ရင်းနဲ့ သူတို့ ပြောတာလေး သဘောကျလို့ပါ ။

"အင်း .. တို့က ဂြိုလ်သားဆိုတိုင်း တခြားဂြိုလ်က လူသားတွေ ထင်နေကြတယ် ..။ တကယ်က တခြား ဂြိုလ်က နွားတွေ ဖြစ်ရင် ဖြစ်နေမှာပေါ့ ။ တခြားဂြိုလ်က နွားနဲ့ နွားလှည်းတွေ ဖြစ်ရင် ဖြစ်နေမှာပေါ့။ " တဲ့ ..။

တို့ကသာ တို့ထက်ဥာဏ်ရည်မြင့်လို့ အထင်ကြီးနေကြတာ .. .သူတို့ဆီမှာ အဆင့်နိမ့်တဲ့ သတ္တ၀ါတွေ ဖြစ်ရင် ဖြစ်နေမှာတဲ့ ..။

ဟုတ်သားပဲ ။

ကျနော်တို့တောင် အရင်က ကမ္ဘာ့အပြင်ဘက်ကို ခွေးတွေ ၊ မျောက်တွေလွှတ်သေးတာပဲ။ သူတို့်လည်း သူတို့ယာဉ်ပေါ်ကို အဲလို သတ္တ၀ါတွေတင်ပြီး လွှတ်ရင်လွှတ်မှာပေါ့ .. .။

ကျနော်ပြောချင်တာက ဂြိုလ်သားအကြောင်းမဟုတ်ပါဘူး ။
လူတွေရဲ့ အမြင်ကို ပြောချင်တာပါ။
ကျနော်တို့ကသာ ဒီလိုယာဉ်တွေ မထွင်နိုင်သေးလို့ ၊ သူတို့လို နည်းပညာ မတိုးတက်သေးလို့ အထင်ကြီးနေတာကိုးဗျ။
သူတို့ထက် တိုးတက်တဲ့ နည်းပညာတွေ ကျနော်တို့မှာ မရှိသေးလို့ကိုးဗျ။
တကယ်တော့ အမြင်ဆိုတာ ကြည့်တဲ့သူရဲ့ ရှုထောင့်ပေါ်မှာလည်း မူတည်သေးတာကိုး။

No comments: