Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

SAR (Search & Rescue)

Rescue ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် ပြန်ကြည့်ရင် ကယ်တင်ခြင်း ... ကယ်ဆယ်ခြင်းပါ။
ကျနော် သိသလောက် .. (မှားရင် မှားနိုင်ပါတယ်။ ) ကျနော်တို့ နိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေ Search & Rescue ကို အဓိပ္ပါယ် လွဲနေတယ် ထင်တယ်ဗျာ။ နာဂစ်မုန်တိုင်း မတိုက်ခင် ကြိုတင် သတိပေးမှုတွေ ဘာတွေတော့ ထားတော့ဗျာ.. တကယ်တမ်း တိုက်ပြီးသွားလို့ အပျက်အစီးတွေ ၊ ပျောက်ဆုံး ၊ သေဆုံးတာတွေ ထင်ထားတာထက် များလာတဲ့အခါ ဘာတွေ လုပ်ကြသလဲဗျာ ...။
မသေသေးတဲ့လူတွေကို ကယ်ဖို့အတွက် တာဝန်ရှိတဲ့သူတွေမှာ တာဝန်မရှိဘူးလားဗျာ။ အသက်ရှင်ကျန်ရစ်တဲ့ သူတွေ သေမသွားအောင် ၊ လက်လှမ်းမှီသမျှ ကယ်ဆယ်ရေးဆိုတာ ဘယ်မှာလဲဗျာ။
ထမင်းထုပ်တွေ ဝေဖို့ ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ ဝေဖို့ဆိုတာ အရေးမကြီးဘူး မဟုတ်ပါဘူး ၊ အရေးကြီးပါတယ်ဗျာ။ ဒါပေမဲ့ မုန်တိုင်းနဲ့အတူ ပါသွားတဲ့သူတွေ ပျောက်ဆုံးနေတဲ့သူတွေအတွက် ပျောက်ဆုံး ဆိုတဲ့ စာရင်းထဲ ထည့်လိုက်ရင် ကိစ္စက ပြီးသွားရောလားဗျာ။
အဲဒီပျောက်ဆုံးနေတဲ့သူတွေကို ကယ်ဖို့ရော .. . . . .
အခု သေဆုံးစာရင်းဝင်သွားတဲ့သူတွေက တကယ် သေနိုင်လောက်တဲ့ အခြေအနေ ဖြစ်ခဲ့ကြတဲ့သူတွေလား ...။ ကယ်ဆယ်ရေး ရှိရင် အသက်ရှင်နိုင်ရက်သားနဲ့ ကယ်မဲ့သူမရှိလို့ သေသွားကြတာလား။ ဒီကိန်းဂဏန်းတွေက တကယ် ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဂဏန်းတွေလားဗျာ။
ပျောက်ဆုံးစာရင်းဝင်တွေအတွက် ဖြစ်သင့် ဖြစ်ထိုက်တဲ့ ၊ ရှိသင့်ရှိထိုက်တဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့ကြရဲ့လားဗျာ ..။ လုပ်နိုင်ခဲ့ကြရဲ့လားဗျာ။
ရှာဖွေကယ်ဆယ်ရေး ဆိုတာ ဘာလဲဆိုတာရော သိကြရဲ့လားဗျာ။

No comments: