Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ကျနော်နှင့် တိရစ္ဆာန်များ


ကျနော် မျောက်တစ်ကောင် မဟုတ်ပါ၊ သို့သော်ကျနော်ငယ်ငယ်က အလွန်ဆော့ပါသည်။ ထို့ကြောင့် အမေက မျောက်လောင်းကလေးဟု ခေါ်ပါသည်။ ကျနော် စိတ်မဆိုးပါ။ ကျနော့ ချစ်သူကတော့ နှုတ်ခမ်းနီ အမြဲဆိုးပါသည်။ ချစ်သူ၏ နှုတ်ခမ်းနီ ဘယ်လို အရသာရှိလဲ ကျနော် မသိပါ။ ထို့အတူ နွားမများလည်း နှုတ်ခမ်းနီ မဆိုးသောကြောင့် နွားများအနေဖြင့် နှုတ်ခမ်းနီအရသာ ဘယ်လိုရှိမလဲ သိမည်မထင်ပါ။ သို့သော် ကျနော့ သူငယ်ချင်းများက ကျနော့ကို နွားတစ်ကောင်အဖြစ် မြင်ကြပါသည်။ ကျနော်ကတော့ ထိုသို့ မထင်ပါ။ ကျနော့ ချစ်သူဘ၀တွင် အမှတ်ထင်ထင် ဖြစ်ရပ်များ သိပ်မရှိခဲ့ပါ။ သို့သော် ကျနော် အမြဲအမှတ်ရနေမည့် ဖြစ်ရပ်များစွာ ရှိပါသည်။ ကျနော့ချစ်သူ စိတ်ဆိုးလျှင် အလွန်လှပါသည်။ ငှက်ကလေး တစ်ကောင် ကဲ့သို့ နှုတ်ခန်းချွန်နေတတ်ပါသည်။ သို့သော် သူမသည် ငှက်ကလေး တစ်ကောင်မဟုတ်ပါ။ သို့သော် မကြာမီ ကျနော့ဘေးမှ အဝေးသို့ ပျံသန်း ထွက်ပြေးသွားခဲ့ပါသည်။ သူမ လွတ်မြောက်သွားခဲ့တာလား .. . ကျနော် လွတ်မြောက်ခဲ့တာလား ဝေခွဲ၍ မရသေးပါ။

No comments: