Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ပြောင်းသင့်သော အဟောင်းများ


နည်းပညာ အသစ်များ တိုးတက်နေသော ဤခေတ်ကြီးတွင် ထို နည်းပညာအသစ်များကို လက်ခံပြောင်းလဲရန် ၀န်လေးနေသော ပုဂ္ဂိုလ်များ ရှိနေသေးသည်မှာ အံ့သြစရာပင် ... ..။ တကယ်ပါ ..၊ အသစ်အသစ်သော (နေ့စဉ်နှင့်အမျှ တိုးတက်နေသည့်) နည်းပညာများကို လက်ရှိ ကျင့်သုံးနေသည့် နေသားကျ နည်းပညာများနှင့် အစားထိုးရန် ၀န်လေးနေကြသော ပုဂ္ဂိုလ်ကြီးများ အတွက် အင်း .. .. ရင်လေးတယ် .. ..
ဘာလို့များ အဟောင်းတွေကို ဖက်တွယ်ထားချင်ကြတာလည်း မသိဘူးဗျာ .။ သံယောဇဉ်ဆိုတာလားတော့ မပြောတတ်ဘူး။ ပြောင်းသင့်တာကို ပြောင်းပေါ့ဗျာ ..။ ဒီအဟောင်းကြီးက ခေတ်မှ မမီတော့တာကို။ ကျနော့ သဘောက လက်ရှိသုံးနေကျ နည်းပညာတွေက ဆက်ပြီး အသုံးပြုလို့ မရတော့ဘူး မဟုတ်ပါဘူး .. .။ ရတော့ရတာပေါ့ .. .ဒါပေမဲ့ Upgrade လုပ်ဖို့တော့ လိုတယ်လေဗျာ .. .။ ဟုတ်ဘူးလား .
ကဲ .. .ပြောင်းသင့်တဲ့ အဟာင်းတွေ .. .ပြောင်းကြပါတော့ဗျို့

No comments: