Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ဆောင်းအိပ်မက်


တကယ်ပြောနေတာ .. . ငါမင်းကို မချစ်တော့ဘူး ။ မုန်းတာမဟုတ်ဘူးနော်. . သေသေချာချာ နားထောင်အုံး ။ ငါမင်းကို မချစ်တော့တာ . .။ မင်းအတွက် ငါ့ရင်ထဲမှာ အချစ်တွေ မရှိတော့ဘူး ။ ဘယ်သူ့ကိုမှ ငါမချစ်တော့တာ . .ချစ်လည်း မချစ်ချင်တော့တာ။
မင်းပြောနိုင်ပါတယ် . . ။ ငါ ရက်စက်တယ်ပေါ့ ..
တကယ်က မင်းငါ့ကို ရက်စက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ ။ ငါ့ဘ၀တစ်ခုလုံး .. .. ငါ့ယုံကြည်ချက်တွေ .. ငါ့မျှော်လင့်ချက်တွေ . .. ငါ့ရည်မှန်းချက်တွေ .. .အကုန်လုံး မင်းအတွက်ကြောင့် ငါစွန့်လွှတ်ခဲ့တာလေ .. .။
မင်းသတိရသေးရဲ့လား .. . .။
ပြန်တွေးကြည့်ပါအုံး . . .။ ဘယ်သူက ဘယ်သူ့ကို ရက်စက်တာလည်းဆိုတာ ။ အများရဲ့ အမြင်မှာတော့ ငါက မင်းကို ရက်စက်တယ်ပေါ့ ။ အသဲခွဲတယ်ပေါ့ ။
တကယ်တော့ မင်းကငါ့ကို ရက်စက်တာ . .။ အသဲခွဲတာ ။ အချစ်ကို ခုတုံးလုပ်ခဲ့တာ။ လှည့်ဖျားခဲ့တာ.။
ဒါတွေ ငါလုပ်ခဲ့တာ မဟုတ်ဘူး ။ မင်းလုပ်ခဲ့တဲ့ ရလာဒ်တွေလေ ။
မင်းငြင်းချင်သေးလို့လား .. .။ ပြော .. .ပြော . ခုပြော .. . ။

No comments: