Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

Financial Crisis နဲ့ မြန်မာပြည်

ဟိုး တလောတုံးက စက်သုံးဆီဈေးတွေ တက်တော့ ကျန်တဲ့ ကုန်ဈေးနှုန်းတွေ အကုန်လုံး ခုန်တက်သွားကြတယ်ဗျာ။ ခုတလော Financial Crisis ဆိုတာကြီးဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ကုန်ဈေးနှုန်းတွေ ကျတယ်ဆိုတော့ ကျနော့မှာ ပျော်လိုက်တာဗျာ။
ဒါပေမဲ့ .. . ကျနော်တို့ နိုင်ငံက သူများတွေနဲ့ မတူဘူးဗျ။ စက်သုံးဆီ ဈေးတွေတော့ ကျသွားတယ်။ အရင်က ၄၅၀၀/ ၊ ၅၀၀၀ိ/ ပေးဝယ်ရတဲ့ ဓါတ်ဆီက ခုဆို ၃၂၀၀ လောက်ပဲ ရှိတော့တယ်။ အောင်မယ် .. ကျန်တဲ့ ကုန်ဈေးနှုန်းတွေကတော့ ကျဘူးဗျ.။ စက်သုံးဆီဈေးတွေ ကျတယ်ဆိုတာကလည်း သူ့အကြောင်းနဲ့သူတော့ ရှိမှာပေါ့လေ။ ထားပါတော့ .. ။ ကျန်တဲ့ ကုန်ဈေးနှုန်းတွေ မကျတာတော့ ကျနော်လည်း စဉ်းစားလို့ မရဘူး၊
သူတို့က တက်တော့ တက်တတ်ပြီး မကျတတ်ဘူးလား မသိဘူး။
ခက်ပီနော် .. .

No comments: