Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ကျနော်နှင့် လီဆွန်းရှင်း

ကျနော် ခုတလော 5 Series ကလာတဲ့ လီဆွန်းရှင်းကို ကြည့်ဖြစ်ပါတယ်။ တော်တော် သဘောကျတယ်ဗျ။ သဘောကျတာကလည်း သူ့ဇာတ်လမ်းက ကောင်းသလို ဘာသာပြန်တဲ့သူ ကောင်းတာလဲ ပါတာပေါ့ဗျာ။ အဲဒီဇာတ်လမ်းမှာ ကျနော်တို့ သင်ခန်းစာ ယူစရာ အများကြီး ပါတယ်ဗျ။

ကျနော်လည်း စိတ်ဝင်စားလို့ ဟိုရှာ ဒီရှာလုပ်ကြည့်တော့ သူ့နံမယ်က Yi Sun Shin ဆိုပြီး အင်္ဂလိပ် ၀ီကီမှာ သွားတွေ့တယ်။
ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဘာသွားတွေ့လဲဆိုတော့ တိုင်းပြည်ကို ခေါင်းဆောင်လုပ်တဲ့သူ ညံ့ရင် အောက်က ငယ်သားတွေ ဘယ်လောက်တော်တော် အခက်တွေ့တာပဲဗျ။. ပြီးတော့ ဘုရင်ကို ဖော်လံဖားပြီး နိုင်ငံ စစ်ဖြစ်နေတာတောင် ဓါးတစ်ချက် ၀င်မခုတ်တဲ့သူတွေကို ဘုရင်က ယုံတာပဲဗျ။ သူ့အပေါ် သစ္စာရှိပြီး အသေခံ တိုက်နေတဲ့ စစ်သူကြီးကိုကျတော့ သံသယ ၀င်တာလည်း ရှိသေး။
ကျနော်တို့လဲ ပြန်ဆန်းစစ်သင့်နေပီဗျ။

No comments: