World Trade Report 2008
Chiefs of States
ကျနော် တင်မယ် တင်မယ်နဲ့ မတင်ဖြစ်တဲ့ ဖိုင်ပါ။ Latest Update မဟုတ်ပေမဲ့ နောက်ဆုံး Update လုပ်ထားတာ သိပ်မကြာသေးတော့ အသုံးဝင်မယ်တော့ ထင်ပါတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းရဲ့ အစိုးရခေါင်းဆောင်တွေပါ။ သူက ၀န်ကြီး အဆင့်အထိ ပါပါတယ်။ နိုင်ငံ အကုန်လုံး ပါတာဆိုတော့ တအား ကောင်းတဲ့ ဖိုင်တခုပါ။ CIA က ထုတ်ထားတာပါ။ လိုချင်တဲ့သူတွေ ဒီက ဒေါင်းနိုင်ပါတယ်။
IMF ရဲ့Annual Report (07 - 08)
Asia Economic Monitor 08
ဒီဟာကတော့ ADB ကပဲ ထုတ်တဲ့ Asia Economic Monitor 08 ပါ။ ကျနော်တို့ မြန်မာ နိုင်ငံအကြောင်းလည်း နည်းနည်း ပါပါတယ်။ လိုချင်သူတွေ ဒီနေရာ က ဒေါင်းနိုင်ပါတယ်။ စိတ်ဝင်စားတဲ့ သူတွေအတွက်တော့ အတော်ကောင်းတဲ့ အချက်တွေပါ။ ကျန်တဲ့သူတွေဆိုရင်တော့ ဖတ်ရင်းနဲ့ အိပ်ငိုက်မလားပဲ။
Asia Development Outlook 2008
အရင်တလောက ဟိုရှောက်ရှာ ဒီရှောက်ရှာ လုပ်ရင်းနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (Aisa Development Bank - ADB) က ထုတ်တဲ့ Asia Development Outlook 2008 ကို သွားတွေ့ပါတယ်။ ကျန်တဲ့ လိုချင်တဲ့သူတွေ ယူနိုင်အောင် ပြန်ရှယ်ပေးချင်နေတာ ကြာပါဘီ။ မအားတာနဲ့ ခုမှ တင်ရတာပါ။ မူရင်းဖြစ်တဲ့ ADB Website မှာလည်း သွားယူရင် ရပါတယ်။ ဒါမှ မဟုတ်ရင်တော့ ဒီမှာ ယူသွားနိုင်ပါတယ်။
ကျနော်နှင့် လီဆွန်းရှင်း
ကျနော် ခုတလော 5 Series ကလာတဲ့ လီဆွန်းရှင်းကို ကြည့်ဖြစ်ပါတယ်။ တော်တော် သဘောကျတယ်ဗျ။ သဘောကျတာကလည်း သူ့ဇာတ်လမ်းက ကောင်းသလို ဘာသာပြန်တဲ့သူ ကောင်းတာလဲ ပါတာပေါ့ဗျာ။ အဲဒီဇာတ်လမ်းမှာ ကျနော်တို့ သင်ခန်းစာ ယူစရာ အများကြီး ပါတယ်ဗျ။
ကျနော်လည်း စိတ်ဝင်စားလို့ ဟိုရှာ ဒီရှာလုပ်ကြည့်တော့ သူ့နံမယ်က Yi Sun Shin ဆိုပြီး အင်္ဂလိပ် ၀ီကီမှာ သွားတွေ့တယ်။
ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဘာသွားတွေ့လဲဆိုတော့ တိုင်းပြည်ကို ခေါင်းဆောင်လုပ်တဲ့သူ ညံ့ရင် အောက်က ငယ်သားတွေ ဘယ်လောက်တော်တော် အခက်တွေ့တာပဲဗျ။. ပြီးတော့ ဘုရင်ကို ဖော်လံဖားပြီး နိုင်ငံ စစ်ဖြစ်နေတာတောင် ဓါးတစ်ချက် ၀င်မခုတ်တဲ့သူတွေကို ဘုရင်က ယုံတာပဲဗျ။ သူ့အပေါ် သစ္စာရှိပြီး အသေခံ တိုက်နေတဲ့ စစ်သူကြီးကိုကျတော့ သံသယ ၀င်တာလည်း ရှိသေး။
ကျနော်တို့လဲ ပြန်ဆန်းစစ်သင့်နေပီဗျ။

Financial Crisis နဲ့ မြန်မာပြည်
ဟိုး တလောတုံးက စက်သုံးဆီဈေးတွေ တက်တော့ ကျန်တဲ့ ကုန်ဈေးနှုန်းတွေ အကုန်လုံး ခုန်တက်သွားကြတယ်ဗျာ။ ခုတလော Financial Crisis ဆိုတာကြီးဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ကုန်ဈေးနှုန်းတွေ ကျတယ်ဆိုတော့ ကျနော့မှာ ပျော်လိုက်တာဗျာ။
ဒါပေမဲ့ .. . ကျနော်တို့ နိုင်ငံက သူများတွေနဲ့ မတူဘူးဗျ။ စက်သုံးဆီ ဈေးတွေတော့ ကျသွားတယ်။ အရင်က ၄၅၀၀/ ၊ ၅၀၀၀ိ/ ပေးဝယ်ရတဲ့ ဓါတ်ဆီက ခုဆို ၃၂၀၀ လောက်ပဲ ရှိတော့တယ်။ အောင်မယ် .. ကျန်တဲ့ ကုန်ဈေးနှုန်းတွေကတော့ ကျဘူးဗျ.။ စက်သုံးဆီဈေးတွေ ကျတယ်ဆိုတာကလည်း သူ့အကြောင်းနဲ့သူတော့ ရှိမှာပေါ့လေ။ ထားပါတော့ .. ။ ကျန်တဲ့ ကုန်ဈေးနှုန်းတွေ မကျတာတော့ ကျနော်လည်း စဉ်းစားလို့ မရဘူး၊
သူတို့က တက်တော့ တက်တတ်ပြီး မကျတတ်ဘူးလား မသိဘူး။
ခက်ပီနော် .. .

Subscribe to:
Posts (Atom)