Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ဘာလဲ နိုင်ငံတော်


ကျနော် စာမရေးဖြစ်တာ တော်တော် ကြာသွားပါပြီ။ ဒါပေမဲ့ သူများ blog တွေတော့ အမြဲ ၀င်ကြည့် ဖြစ်ပါတယ်။ စာမရေး ဖြစ်တာကလည်း ဘာရယ် မဟုတ်ပါဘူး .. ထုံးစံအတိုင်း အရှုပ်တွေ လုပ်နေလို့ပါ။
အရင်ကတည်းက ရေးမယ် ရေးမယ်နဲ့ မရေး ဖြစ်တဲ့ အကြောင်းလေးပါ.. .. ။
ကျနော်တို့ နိုင်ငံမှာ ပြောပြောနေတဲ့ .. အထူးသဖြင့် ဘဘကြီးတွေ ပြောပြောနေတဲ့ နိုင်ငံတော်ဆိုတဲ့ စကားလုံး (၃) လုံးရဲ့ အဓိပ္ပါယ်ကို သိချင်တာပါ။ သူတို့က ( ပြောတဲ့လူတွေက ) ဘာကို ရည်ညွှန်းပြီး ပြောနေလဲတော့ မသိဘူး ..။ ကျနော် ပြေးပြီး မြင်မြင်နေတာကတော့ ခေါင်းပေါ်မှာ ရွှေပတ်ကြီးတွေ တင်ထားတဲ့ ဘဘကြီးကိုပဲ မြင်မိတယ်။ တကယ်ပါ ..။ သူတို့က နိုင်ငံတော်လို့ ပြောတိုင်း ကျနော် ပြေးပြေး မြင်မိတာပါဗျာ ....။
နိုင်ငံတော် ဆိုတာက လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကို ကိုယ်စားပြုတာလား ? .. လူတစ်စုကို ကိုယ်စားပြုတာလားဗျာ .. ။ ဒါမှမဟုတ် ကျနော်တို့ နေထိုင်တဲ့ ၊ အချုပ်အခြာ အာဏာပိုင်တဲ့ နယ်မြေတစ်ခု ၊ တိုင်းပြည် လို့ ခေါ်တဲ့ နယ်မြေဒေသ တစ်ခု ၊ အဲဒီ နယ်မြေမှာ နေထိုင်တဲ့ လူမျိုးစုတွေ (အဆင့်အတန်း အားလုံး) ကိုပဲ ဆိုလိုတာလားဗျာ ...
သိတဲ့လူ ဖြေပေးကြပါအုံး ..
ကျေးဇူးတင်ပါတယ်။

No comments: