Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ဗူးနဲ့အဆံ


ကျနော်တို့ မြန်မာပြည်ဖြစ် အစစ်အမှန် ပစ္စည်း တော်တော်များများဟာ ဘာလို့ နိုင်ငံတကာ ဈေးကွက်ကိုမထိုးဖောက်နိုင်တာလဲ။ အရင်းအမြစ် မဟုတ်ပေမဲ့ အချက်တစ်ချက် သွားတွေ့တယ်ဗျာ..ကျနော်တို့ ပြည်တွင်းဖြစ် သနပ်ခါးဗူးတို့ ၊ ဆေးဗူးတို့မှာ ဗူးခွံက အမှန်တကယ် ပစ္စည်း ပါဝင် တဲ့နေရာလွတ်ထက် အများကြီး ပိုကြီးနေတယ်ဗျာ .. ကျနော် ပြောတာ ရှုပ်နေလား မသိဘူး။

မနေ့က သနပ်ခါးဗူး တစ်ဗူး ကုန်ခါနီးလို့ ဘာရယ်မဟုတ်ဘဲ ကြည့်မိတယ်။ ဗူးကို ရေကတော့ချွန်လိုမျိုး အောက်ကို ချွန်းထားတယ်ဗျာ ..အပြင်ကကြည့်ရင်တော့ ဗူးက အကြီးကြီး ပေါ့.. တကယ် အထဲမှာ ပါတာက ဗူးရဲ့ တ၀က်လောက်တောင်မရှိချင်ဘူးဗျာ ..အဲဒါ ပြည်တွင်းက နာမည်ကြီး တံဆိပ်နော်။
ကဲ စဉ်းစားကြည့်ကြပါအုံး ..ဒါဘာလို့ လုပ်ရတာလဲဗျာ .. လုပ်စရာ လိုလို့လား...။

ပစ္စည်းကို အမှန်တကယ် ထည့်ပေးနိုင်လောက်တဲ့ အရွယ်ပဲ ဗူးကိုလုပ်ပေါ့ဗျာ။အခုဟာက မလိမ့်တပက် ပုံစံ ဖြစ်မနေဘူးလား..။ အပြင်ကကြည့်ရင် ဗူးက အကြီးကြီး.. တကယ်က ဘာမှလဲ မပါဘူး..။တကယ်ပါဘဲဗျာ။

ဒါတွေကို ပြင်ဖို့ကောင်းနေပြီဗျို့... ..

No comments: