
ကြုံတုံး ဖွ လိုက်အုံးမယ်။ ဘာရယ်မဟုတ်ပါဘူး .. .။
schoolar တစ်ခုကို လျှောက်လိုက်မိတယ်။
ကျောင်းကလည်း စာပြန်ပါတယ်။
ကျောင်းက application fee US$ 20 တောင်းတယ်..။ ဒီအထိလည်း ပြသနာ မရှိသေးဘူး ။
ဘယ်မှာ သွားတစ်လည်းဆိုတော့ ကျောင်းက fees ကို cash ရော telegraphic transfer ရော လက်မခံဘူးတဲ့ဗျာ.. ။ bank account နဲ့ပဲ ရမယ်တဲ့။ သွားရော .. .. ။
ကျနော့လို ငစနူက ဘယ်က bank account ရှိမှာလဲဗျာ .. . ဖောရိမ်းဆိုတာလဲ ရုပ်ရှင်ထဲပဲ ရောက်ဖူးတာ..။ နိုင်ငံခြားက အသိသူငယ်ချင်းကလည်း ဘလော့ထဲပဲ ရှိတယ် ။ တွားရော .. တွားရောဘဲ ..။
နောက်ပြီး သိတဲ့အတိုင်း ကျနော်တို့နိုင်ငံရဲ့ ပေါ်လစီက (ဟီး ... ဟီး ..တိုးတိုးနော်) နိုင်ငံခြားငွေ လက်ဝယ် ကိုင်ဆောင်လို့ မရဘူးလေ ..။
ကယ်နိုင်တဲ့လူ ကယ်ကြပါအုံးဗျို့ .... .... ... ။
ရှိသေးတယ်
ပြန်ခေါက်မယ်...

ကျနော် စာမရေးဖြစ်တာ တော်တော် ကြာသွားပါပြီ။ ဒါပေမဲ့ သူများ blog တွေတော့ အမြဲ ၀င်ကြည့် ဖြစ်ပါတယ်။ စာမရေး ဖြစ်တာကလည်း ဘာရယ် မဟုတ်ပါဘူး .. ထုံးစံအတိုင်း အရှုပ်တွေ လုပ်နေလို့ပါ။
အရင်ကတည်းက ရေးမယ် ရေးမယ်နဲ့ မရေး ဖြစ်တဲ့ အကြောင်းလေးပါ.. .. ။
ကျနော်တို့ နိုင်ငံမှာ ပြောပြောနေတဲ့ .. အထူးသဖြင့် ဘဘကြီးတွေ ပြောပြောနေတဲ့ နိုင်ငံတော်ဆိုတဲ့ စကားလုံး (၃) လုံးရဲ့ အဓိပ္ပါယ်ကို သိချင်တာပါ။ သူတို့က ( ပြောတဲ့လူတွေက ) ဘာကို ရည်ညွှန်းပြီး ပြောနေလဲတော့ မသိဘူး ..။ ကျနော် ပြေးပြီး မြင်မြင်နေတာကတော့ ခေါင်းပေါ်မှာ ရွှေပတ်ကြီးတွေ တင်ထားတဲ့ ဘဘကြီးကိုပဲ မြင်မိတယ်။ တကယ်ပါ ..။ သူတို့က နိုင်ငံတော်လို့ ပြောတိုင်း ကျနော် ပြေးပြေး မြင်မိတာပါဗျာ ....။
နိုင်ငံတော် ဆိုတာက လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကို ကိုယ်စားပြုတာလား ? .. လူတစ်စုကို ကိုယ်စားပြုတာလားဗျာ .. ။ ဒါမှမဟုတ် ကျနော်တို့ နေထိုင်တဲ့ ၊ အချုပ်အခြာ အာဏာပိုင်တဲ့ နယ်မြေတစ်ခု ၊ တိုင်းပြည် လို့ ခေါ်တဲ့ နယ်မြေဒေသ တစ်ခု ၊ အဲဒီ နယ်မြေမှာ နေထိုင်တဲ့ လူမျိုးစုတွေ (အဆင့်အတန်း အားလုံး) ကိုပဲ ဆိုလိုတာလားဗျာ ...
သိတဲ့လူ ဖြေပေးကြပါအုံး ..
ကျေးဇူးတင်ပါတယ်။
ရှိသေးတယ်
ပြန်ခေါက်မယ်...

ကျနော်တို့ မြန်မာပြည်ဖြစ် အစစ်အမှန် ပစ္စည်း တော်တော်များများဟာ ဘာလို့ နိုင်ငံတကာ ဈေးကွက်ကိုမထိုးဖောက်နိုင်တာလဲ။ အရင်းအမြစ် မဟုတ်ပေမဲ့ အချက်တစ်ချက် သွားတွေ့တယ်ဗျာ..ကျနော်တို့ ပြည်တွင်းဖြစ် သနပ်ခါးဗူးတို့ ၊ ဆေးဗူးတို့မှာ ဗူးခွံက အမှန်တကယ် ပစ္စည်း ပါဝင် တဲ့နေရာလွတ်ထက် အများကြီး ပိုကြီးနေတယ်ဗျာ .. ကျနော် ပြောတာ ရှုပ်နေလား မသိဘူး။
မနေ့က သနပ်ခါးဗူး တစ်ဗူး ကုန်ခါနီးလို့ ဘာရယ်မဟုတ်ဘဲ ကြည့်မိတယ်။ ဗူးကို ရေကတော့ချွန်လိုမျိုး အောက်ကို ချွန်းထားတယ်ဗျာ ..အပြင်ကကြည့်ရင်တော့ ဗူးက အကြီးကြီး ပေါ့.. တကယ် အထဲမှာ ပါတာက ဗူးရဲ့ တ၀က်လောက်တောင်မရှိချင်ဘူးဗျာ ..အဲဒါ ပြည်တွင်းက နာမည်ကြီး တံဆိပ်နော်။
ကဲ စဉ်းစားကြည့်ကြပါအုံး ..ဒါဘာလို့ လုပ်ရတာလဲဗျာ .. လုပ်စရာ လိုလို့လား...။
ပစ္စည်းကို အမှန်တကယ် ထည့်ပေးနိုင်လောက်တဲ့ အရွယ်ပဲ ဗူးကိုလုပ်ပေါ့ဗျာ။အခုဟာက မလိမ့်တပက် ပုံစံ ဖြစ်မနေဘူးလား..။ အပြင်ကကြည့်ရင် ဗူးက အကြီးကြီး.. တကယ်က ဘာမှလဲ မပါဘူး..။တကယ်ပါဘဲဗျာ။
ဒါတွေကို ပြင်ဖို့ကောင်းနေပြီဗျို့... ..
ရှိသေးတယ်
ပြန်ခေါက်မယ်...
ဘာတွေ တတ်လာလဲ - ?
ဘာမှ ထူးထူးခြားခြား တတ်မလာဘူး .. ။
ဘာတွေ လုပ်ခဲ့လဲ - ?
မကောင်းတာတွေ တော်တော် လုပ်ခဲ့တယ်.. ။
ဘာတွေ မလုပ်ခဲ့ဘူးလဲ - ?
ကောင်းတာ တော်တော်များများ မလုပ်ခဲ့ရဘူး ..။
ဘာတွေ ဖြစ်ခဲ့လဲ - ?
မဖြစ်ချင်တာတွေ အများကြီး ဖြစ်ခဲ့တယ် ..။
ဘာတွေ မဖြစ်ခဲ့ဘူးလဲ - ?
ဖြစ်ချင်တဲ့ကိစ္စ တော်တော်များများ မဖြစ်ခဲ့ဘူး ..။
ဘာဆက်လုပ်မလဲ - ?
ဟီး ..ဟီး .. မနှစ်ကအတိုင်းဘဲပေါ့ ..။ အကျင့်ဆိုတာ မပြောင်းကောင်းဘူးလေ ..။
ရှိသေးတယ်
ပြန်ခေါက်မယ်...

နှစ်ဟောင်း ကုန်လို့ နှစ်သစ်ရောက်ခဲ့ပြီ ။ သက္ကရာဇ် ၂၀၀၇ ရဲ့ ဟောင်းနွမ်းနေတဲ့ ကုန်အင်္ကျီကို ခွါချလို့ သက္ကရာဇ် ၂၀၀၈ မှာ ဆန်းသစ်ခဲ့ပြီ။ လာအုံးမယ် နွေရာသီ ၊ လာအုံးမယ် မိုးရာသီ .. ပြီးရင် ဆောင်းရာသီ ။ ဒီလိုတွေ ရာသီပြောင်း တစ်နှစ်ဟောင်းလို့ တစ်နှစ်လည်း ပြောင်းခဲ့ပြီ။
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အကြွေးသစ်တွေ ထပ်ယူလို့ ရပါစေ။
ရှိသေးတယ်
ပြန်ခေါက်မယ်...