Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

သတိရမိတဲ့ စကားလေးတွေ

မနေ့က တီဗီကြည့်ရင်း မြန်မာနိုင်ငံမှာ တံတားကြီး ဘယ်နှစင်း ၊ ကားလမ်းအရှည် မိုင် ဘယ်လောက်ရှိပြီဆိုပြီး ကြေညာတာလာတော့ ဆရာသမား တစ်ယောက် ပြောဖူးတာ သွားသတိရမိတယ်ဗျာ .. ..
သူတစ်ခါက (သိပ်မဖွံ့ဖြိုးသေးတဲ့ ခေတ်က) ရခိုင်ဘက်ကို သွားခဲ့တယ်တဲ့ .. ။ အဲဒီမှာ သူက ပြည်မဘာက်က လာတာကို သိတဲ့ ရခိုင်ကြီး တစ်ယောက်က သူတို့မြို့က နာရီစင်ရှေ့ကို ခေါ်သွားပြီး မင်းတို့ဆီမှာ ဒီလို နာရီစင် ရှိလားလို့ မေးသတဲ့ .. .။ တကယ်က အဲဒီမြို့က နာရီစင်က လူနှစ်ရပ်လောက် အမြင့်မှာ ရှိတဲ့ နာရီစင် သေးသေးလေးပါတဲ့ .. .။ သူလဲ အဲလိုအမေးခံရရော ဘာပြောရမှန်းကို မသိဘူုး ဖြစ်သွားပါတယ်တဲ့ .. . .။ ခုလဲ ကျနော်တို့ အဲလိုများ ဖြစ်နေပီလား မသိ .. . ။

No comments: