skip to main |
skip to sidebar
Powered By


စကားတစ်ခွန်း ကြားဖူးပါတယ်။ No Pain No Gain ဆိုတာပါ။ သူ့ဟာနဲ့ သူတော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစား ကြည့်ရင် မဟုတ်ဘူး ထင်တယ်ဗျ။
ဗမာလို ပြန်ကြည့်ရင်တော့ “အနာခံမှ အသာစံ” ရမယ်ပေါ့ဗျာ။
ကျနော်စဉ်းစားမိတာကတော့ အသာစံဖို့အတွက်တော့ အနာခံရမှာပဲဗျ။ ဒါပေမဲ့ အနာခံတိုင်းတော့ အသာ မစံရနိုင်ဘူးဆိုတာပါ။ ကံ ကံ၏အကျိုးတော့ ဟုတ်ပါတယ်။ သူ့မှာလည်း ခြွင်းချက်တွေတော့ ရှိအုံးမှာဗျ။
ဘယ့်နှယ်ဗျာ .. . အနာခံတိုင်းသာ အသာစံရမယ်ဆိုရင် .. . . . .
ရှိသေးတယ်
ပြန်ခေါက်မယ်...
ကျနော်တော့ Browser တွေထဲမှာ မီးမြေခွေးကို အကြိုက်ဆုံးပဲ။ IE တော့ သုံးပါရဲ့ .. မီးမြေခွေးလောက် မကြိုက်ဘူး။ ကျနော်ကလည်း သိတဲ့အတိုင်း ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ Theme တွေ ရှောက်ပြောင်းပြီး ကလိလို့ ကောင်းတယ်လေ။
ခု စတိုင် ပြောင်းတဲ့ ပုံစံ အသစ်ကလေး တွေ့ထားလို့ ။ လုပ်ရတာလဲ လွယ်တယ် ၊ စိတ်ကြိုက်လဲ ပြောင်းလို့ ရတယ်လေ။ ပထမဆုံး ဒီကို သွာပြီးတော့ Get Personas for Firefox ဆိုတာလေး နှိပ် ၊ add on လေး ယူလိုက်ပြီး Install လုပ်လိုက်ပါ။ နောက် မီးမြေခွေးကို Restart ချလိုက်ရင် ကိုယ့် Browser ရဲ့ ဘယ်ဘက် ဒေါင့်မှာ မြေခွေးပုံလေး ရောက်လာလိမ့်မယ်။ အဲဒီ မြေခွေးလေးကို နှိပ်ပြီး ကြိုက်တဲ့ ဒီဇိုင်းလေး ရွေးလို့ ရပါတယ်။ အဲဒီမြေခွေးလေး နှိပ်လိုက်တာနဲ့ Popular တို့ New တို့မှာ Sub - Menu လေးတွေ ထပ် ထွက်လာမှာပါ။ ဘယ်လောက်လွယ်သလဲ ဆိုရင် Sub-Menu ကို Pointer တင်လိုက်တာနဲ့ ကိုယ့် Browser ကို Preview ကြည့်လို့ ရမှာပါ။ ကြိုက်မှ ရွေးပေါ့။ အဲဒီထဲမှာ ပါတဲ့စတိုင်တွေကို မကြိုက်သေးဘူးဆိုရင်လဲ စိတ်ပူမနေပါနဲ့။ ဒီမှာ စတိုင်တွေ အများကြီး ရှိသေးတယ်။ စိတ်ကြိုက် သွားရွေးလို့ ရတယ်။
ကဲ စမ်းသာ လုပ်ကြည့်လိုက်ကြဗျို့။ ကျနော်ကတော့ တော်တော် သဘောကျနေတယ်။
ရှိသေးတယ်
ပြန်ခေါက်မယ်...

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်တဲ့ စာတမ်းပါ။ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများ၏ စားသောက်ကုန် ဈေးနှုန်းနှင့် ငွေကြေး ဖောင်းပွခြင်း ဆိုတဲ့ အကြောင်းပါ။ ADB ရဲ့ စီးပွားရေးနှင့် သုတေသနဌာနက ရေးထားတဲ့ စာတမ်းပါ။ ဒီစာတမ်းက ထုတ်ထားတာတော့ ကြာပါပြီ။ လိုချင်တဲ့သူတွေ ဒီမှာ ယူသွားနိုင်ပါတယ်။
ရှိသေးတယ်
ပြန်ခေါက်မယ်...