Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

လမ်းပေါ်မှ လက်ကလေးများ

အရင်တပတ်က ကျနော် ကျောက်ပန်းတောင်း ဘက်ကို ရောက်ပါတယ်။ ညနေ ကားနဲ့ ပြန်လာတော့ လမ်းမှာ ကျောင်းဆင်းချိန်နဲ့ ကြုံပါတယ်။ လမ်းပေါ်မှာ မူလတန်း ၊ အလယ်တန်း ကျောင်းသား ကျောင်းသူလေးတွေ ခြေကျင်လျှောက်ပြီး အိမ်ကို ပြန်နေကြပါတယ်။
ကျနော်တို့ ကားကိုလည်း မြင်ရော လက်လှမ်းတားကြပါတယ်။ ဒါပေမဲ့ ကားကလည်း အဝေးပြေး Express ဖြစ်နေတော့ ရပ်မပေးနိုင်ပါဘူး။ ကျနော့စိတ်နဲ့ဆိုရင်တော့ ရပ်ပြီး အကုန်တင်ခေါ်သွားချင်ပါတယ်။ ဒါပေမဲ့ ကားသမားတွေကလည်း အချိန်နဲ့ သွားနေရတော့ မခေါ်ကြပါဘူး။ သူတို့ကလည်း တားသာတားရတယ် .. . အားရှိပါးရှိတော့ မဟုတ်ပါဘူး။ ရပ်များရပ်လေမလားရယ်လို့ တားကြတာပါ။
ကျနော် စိတ်ထဲမှာ မကောင်းဘူး။ သူတို့ကလေးတွေ အဝေးကြီးကနေ ပညာလိုချင်လို့ လမ်းလျှောက်ပြီး ကျောင်းကို လာရ ၊ ပြန်တော့လည်း လမ်းလျှောက်ပြန်ကြရ နဲ့ ဘယ်လောက်များ ပင်ပန်းကြမလဲပေါ့။
ကျနော်သာ သူတို့အတွက် တခုခုလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။
ဒါမှမဟုတ်ရင် NGO တွေပဲ ဖြစ်ဖြစ် ၊ အစိုးရကပဲ ဖြစ်ဖြစ် ကျောင်းတွေအတွက် (ကျောင်းအုပ်ကြီးတွေ အတွက်တော့ မဟုတ်ဘူးပေါ့) ကျောင်းကားလေးတွေ စီစဉ်ပေးနိုင်ရင် ကောင်းမယ်လို့လည်း တွေးမိတယ်ဗျ။
အညာဘက်ရယ်မှ မဟုတ်ပါဘူးဗျာ .. . တခြားနေရာတွေမှာလည်း အဝေးကြီးကို လမ်းလျှောက်ပြီး ပညာသင်နေကြရတဲ့ ကလေးတွေ ဘယ်လောက်များ ရှိလိုက်မလဲ မသိဘူး။ သူတို့လေးတွေ အဆင်ပြေကြရင် သိပ်ကောင်းမှာပဲဗျာ .. . . . . .။

No comments: