Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ဆေးခန်း

မနေ့က သမီးနေမကောင်းတာနဲ့ ဆေးခန်းသွားပြမိတယ်ဗျာ ..
တော်တော် တရားရသွားတယ်.။
ဆေးခန်းဆိုတာကလည်း သိတဲ့အတိုင်း နေမကောင်းတဲ့သူတွေပဲ လာကြတာမှုတ်လား။ ဆေးခန်းက ခါတိုင်းတော့ တိုကင်ယူရတယ်ဗျ။ မနေ့ကတော့ ဘယလိုဖြစ်တယ်မသိဘူး။ ခါတိုင်း တိုကင်ပေးနေကျ အဒေါ်ကြီးက မရှိပဲ ဆရာဝန်တစ်ယောက်တည်း ရှိတယ်။ ဒီတော့ ထုံးစံအတိုင်း ကိုယ့်ဟာကိုယ် ရှေ့ကလူကို မှတ်ထားပေါ့ဗျာ .. ။ တစ်ယောက်ပြီး တစ်ယောက် အစဉ်အတိုင်းဝင်ပေါ့။
အဲဒီမှာ ကျနော့အလှည့်နားလည်း ရောက်ရော .. ကျနော့နောက်က အမျိုးသမီး တစ်ယောက်က ဇတ်ခနဲ ၀င်သွားပါလေရော။ ကျနော် သေသေချာချာ မှတ်မိတယ်။ အဲဒီအမျိုးသမီးက ကျနော့နောက်မှ ဆေးခန်းကို ရောက်လာတာ။ သူ့ကြည့်တော့လည်း ချမ်းချမ်းသာသာ ထဲကပါပဲ။ သူ့သားလေးကို လာပြတာ။ စာမေးပွဲနား နီးမှ အစာသိပ်မစားလို့တဲ့။ သူ့အတွက် အရေးကြီး ကိစ္စတစ်ခုခု ရှိရင်လည်း သူ့ရှေ့မှာရောက်နေတဲ့ သူတွေကို ပြောပြပေါ့ဗျာ.. .။ ခုတော့ ဒီလိုလဲ မဟုတ်ဘူး။
ကျနော်တော့ ဘာမှ ပြောမနေတော့ပါဘူး။ သူ့တစ်ယောက် ပိုစောင့်လိုက်ရလို့လဲ ကိုယ့်အတွက် သိပ်ထူးတာမှ မဟုတ်တာ။ ဒါပေမဲ့ ဖြစ်တော့ ဘယ်ဖြစ်သင့်မလဲဗျာ။
တကယ်ပါပဲ .. .။ ဒီလိုလူတွေနဲ့ တွေ့ရတာ တအားစိတ်ညစ်တယ်။

No comments: