
ကျနော် ငယ်ငယ်ကတည်းက အားကျတဲ့ ပုဂ္ဂိုလ် နှစ်ယောက် ရှိပါတယ်။ တစ်ယောက်က မင်းရဲကျော်စွာနဲ့ နောက်တယောက်က ဗိုလ်ချုပ်အောင်ဆန်းပါ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အသေးစိတ် မပြောတော့ပါဘူး။ ကျနော် အားကျရတဲ့ အကြောင်းရင်းက သူ့ကို ၁၉၁၅ ခုနှစ်မှာ မွေးပါတယ်။ ၁၉၄၀ မှာ နိုင်ငံခြားကို ထွက်ပြီးတော့ နယ်ချဲ့တွေကို တွန်းလှန်ဖို့ သွားခဲ့တယ်. ။ ကဲ အဲဒီအချိန်မှာ သူ့အသက်က (၂၅) နှစ်ပဲ ရှိသေးတယ်။
ကျနော် ခုအသက် (၃၀) ပြည့်တော့မယ်။ သူ့တို့ခေတ် အခြေအနေဆိုရင်တောင် အဲဒီလို လုပ်နိုင်မယ် မထင်ဘူး။
နောက်ပြီး သူနဲ့အတူ ဗမာပြည်ကြီး လွတ်လပ်ရေး ရအောင် လုပ်မယ်ဆိုပြီး စိတ်တူ ကိုယ်တူနဲ့ သူများနိုင်ငံမှာ စစ်ပညာသင်ကြတာ လူငယ် အယောက် (၃၀) တဲ့ ..။ ကြည့်စမ်းပါအုံး .. . .၊။ နေမ၀င် အင်ပါယာရဲ့ အရှင်သခင်တွေကို တော်လှန်ဖို့ မျိုးချစ်စိတ် တစ်ခုတည်း အရင်းခံပြီး နိုင်ငံခြားမှာ စစ်ပညာသင်ကြတာ .. . .လူငယ် အရောက် (၃၀) တဲ့။ တကယ်တမ်း စဉ်းစားကြည့်ရင် .. သူတို့အရေအတွက်ဟာ နယ်ချဲ့တွေရဲ့ တပ်ခွဲ တစ်ခွဲစာတောင် မရှိပါဘူး။ ဒီအင်အားနဲ့ တိုင်းပြည်ကို နယ်ချဲ့လက်က ပြန်လုကြမှာတဲ့ .. ။ ဘယ်လောက်များ သတ္တိ ရှိလိုက်ကြသလဲ .. ။ ကြည့်ကြစမ်းပါအုံး .. ။ အဲဒီလူတွေကို ခေါင်းဆောင်မှာကလည်း အသက် (၂၅) နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ လူငယ်လေးတဲ့ .. . ။ အံ့သြစရာ ကောင်းလိုက်တာဗျာ .. ။ ဒါပေမဲ့ သူတို့ စွမ်းဆောင်မှုကြောင့် ဗမာပြည်ထဲလဲ ပြန်ရောက်လာရော နယ်ချဲ့တွေကို ခွေးပြေး ၀က်ပြေး ပြေးအောင် တိုက်ထုတ်လိုက်ကြရော ..။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ရှိလှမှ (၂၇) ပေါ့ .. ။
