အကြားအမြင် ဗဟုသုတ ကျွယ်ဝခြင်းဆိုတာ အချိန်တိုင်းအတွက် တကယ် အရေးကြီးတယ်ဗျ။
ကိုယ်တွေ့ တစ်ခုပြောချင်လို့ပါ..။
ကျနော်ဆိုတဲ့ ကောင်ကလည်း အင်မတန် ဒူတာဗျ ..
လွန်ခဲ့တဲ့ လေး ငါး နှစ်လောက်က အဖြစ်အပျက်ပါဗျာ .. ကျနော်က မိတ္ထှီလာမှာ သင်တန်း တစ်ခု တက်နေတယ် ။ ကျနော့ ကောင်မလေးက ကျောက်ဆည်မှာ ..ထုံးစံအတိုင်း အချိန်ရတိုင်း ကျောက်ဆည်ကို ပြေးတာပေါ့ဗျာ ..ကားကလည်း ကြုံရာစီးပြီး သွားတာပေါ့ ..ရည်စားနဲ့သွားတွေ့ယင်း ထုံးစံအတိုင်း ဟိုပြော ဒီပြောနဲ့ စကားက ရုပ်ရှင်လောကဆီ ရောက်သွားတယ် ..။ ကျနော့ ရည်းစားက မေးတယ်ဗျ .. န၀ရတ်ကို သူကကြိုက်တယ်တဲ့ ... ကျနော်ရောတဲ့ .. အဲဒီမှာ ပြသနာစတာပဲ
ကျနော်က န၀ရတ်ဆိုတာ မိတ္ထီလာနဲ့ မန္တလေး ပြေးတဲ့ ဘတ်စ်ကားပဲသိတာ .. ဒါနဲ့ ဖောတာပေါ့ ..ဘယ်ရမလဲ။ ကျနော်ပြောမိတာက ”အင်း .. အကြိုက်ကြီးတော့လည်း မဟုတ်ပါဘူး .. ကြုံရင်တော့ စီးလိုက်တာပဲ ..။ ဒါပေမဲ့ အဲဒီကောင်က ခုံတွေ သိပ်မကောင်းတော့ တခါတလေ ဖင်နာတယ်” လို့ .. သွားရော .. သွားရောပဲ
ချစ်သူလည်း မျက်နှာကြီးကို နီလို့ ..ကျနော်လည်း စဉ်းစားတယ် .. . . ငါဘာများမှားလည်းပေါ့ ..
ဒီလိုနဲ့ ... .. .. ဒီလိုနဲ့... ... .. .
ကျနော့လို မဖြစ်အောင် . ဆင်ခြင်နိုင်အောင်ပါဗျာ ...
အသဲခွဲတဲ့ ဘတ်စ်ကား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment