္ဒအိန္ဒိယနိုင်ငံဟာ ဗုဒ္ဓဘာသာရဲ့ စတင် ဖြစ်တည်ရာ နေရာပါ။
ဒါပေမဲ့ ဘာဖြစ်လို့ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားတယ်ဆိုတာ တော်တော် စဉ်းစားစရာ အချက် တစ်ချက်ပါ။ အခု အိန္ဒိယမှာ ကျန်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ နေရာတွေ အားလုံးဟာ အသောကမင်းကြီးရဲ့ ကောင်းမှုတော်တွေပါ။ အသောက မင်းကြီးက သာသနာနှစ် (၂၃၀)မှာ နန်းတက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာက ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်း (၂၃၀) အကြာမှာ နန်းတက်တဲ့ ဘုရင်ဟာ ဗုဒ္ဓဘာသာ မဟုတ်လို့ပါပဲ။ အသောကဟာ ဘုန်းလက်ရုံးနဲ့ ပြည့်စုံပြီး အိန္ဒိယတခွင် ဖိန့်ဖိန့်တုန်တဲ့ ဘုရင် တစ်ပါးပါ။ ဒါပေမဲ့ သူနန်းတက်တက်ချင်း ဗုဒ္ဓဘာသာ မဟုတ်သေးပါဘူး။ နောက်ပိုင်း နိဂြောဓသာမဏေနဲ့ တွေ့မှ ဗုဒ္ဓဘာသာ ဖြစ်လာတာပါ။ ဒါပေမဲ့ ဘုရားလက်ထက်တော်မှာ ဗုဒ္ဓဘာသာဟာ ဘယ်လောက်တောင် ထွန်းကားခဲ့လဲဆိုရင် ယောက်ျားတိုင်း ယောက်ျားတိုင်းဟာ ဘုရားရှင်နဲ့ တွေ့ပြီး ရဟန်းပြုသွားကြလို့ မိဘတွေ ၊ ဇနီးတွေက သူတို့ သား ၊ လင်ယောက်ျားတွေကို ရဟန်းမပြုအောင် လောကီစည်းစိမ်တွေနဲ့ ဖြားယောင်းရတယ်လို့လဲ ကျမ်းဂန်တွေမှာ ဆိုထားပါတယ်။
ကဲ .. ဒါဆိုရင် အဲဒီလောက် ထွန်းကားခဲ့တဲ့ ဗုဒ္ဓသာသနာဟာ နှစ်ပေါင်း (၂၃၀) အတွင်း ဘယ်လောက်တောင် ဆုတ်ယုတ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ နှစ်ပေါင်း (၂၃၀) ဆိုတာ မျိုးဆက် (၃ - ၄) ဆက်ပဲ ရှိတာပါ။ ဘယ်လောက်မှ ကြာတဲ့ကာလ မဟုတ်ပါဘူး ..။
ဗုဒ္ဓဘာသာ ဆုတ်ယုတ်ရတဲ့ အကြောင်းရင်းတစ်ခုက နောက်ပိုင်းမှာ တန္တရ ၊ မန္တရ တွေ ခေတ်စားလာတာလဲ ပါပါတယ်တဲ့ ..။ လူတွေက နိဗ္ဗာန်ရောက်ကြောင်း တရားကို အားမထုတ်ကြပဲ ဂါထာ မန္တရားတွေပေါ်မှာ ယုံကြည် သက်ဝင်မှု ပိုများလာလို့ပါ။ ဘုရားရှင်က သာသနာ နှစ် (၅၀၀၀) ထားခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ (ကျနော် သိသလောက်) ဘုရားရှင်က သာသနာ နှစ် (၅၀၀၀) ထားခဲ့တာ မဟုတ်ပါဘူး။ ဘုရားဟောခဲ့တာက “ငါဘုရားသာသနာတော်ကို သက်ဝင်ယုံကြည်နေသူတွေ ရှိနေသရွေ့ ၊ ဘုရားဟောထားတဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို အားထုတ်သူတွေ ရှိနေသရွေ့ ဘုရားသာသနာတော် ဆက်လက်တည်တံ့နေမယ်” လို့ ဟောခဲ့တယ်လို့ သိထားပါတယ်။
နောက်တစ်ခုက ဗုဒ္ဓဘာသာထဲမှာ မဟာယာနတွေ ဘယ်လောက် ကြီးစိုးနေတယ်ဆိုတာ ဗုဒ္ဓဂါယာ ရောက်သူတိုင်း သတိပြုမိမှာပါ။ ကျနော်တို့နိုင်ငံမှာတောင် ဥတည်ပွားရုပ် ဆောင်ထားရင် ဈေးရောင်း ကောင်းတယ်တို့ .. ဥုံမဏိပဒ္မေဟုံ ဆိုတဲ့ အသံတွေ နေရာတိုင်းလိုလိုမှာ ကြားနေ ၊ မြင်နေရပါတယ်။
ကဲ .. စဉ်းစားကြရအောင် ...
ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားပါတယ်ဆိုတဲ့ ကျနော်တို့ နိုင်ငံရော .. ဘယ်တော့လောက် အိန္ဒိယလိုဖြစ်မလဲဆိုတာ ... .
တွေးယင်းတွေးယင်း ရင်လေးတယ် .. .
ရှိသေးတယ်
ပြန်ခေါက်မယ်...
ကျနော်တို့ ဇန်နဝါရီ (၄) ရက်နေ့က ကာလကတ္တားလေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။
တကယ့် Incredible India ပါပဲဗျာ .. . ။ လေဆိပ်မှာ luggage တွေကို ချိန်တော့ ကီလို ၂၀ ထက် တစ်ပြားသားမှ အပိုမပေးဘူးဗျာ .. . ။ ၄ ကီလိုလောက် ပိုလဲ ပေါင်ပိုကြေး ဆောင်ပဲ .. ။ အဲဒီ ကောင်တာမှာ ထိုင်နေတဲ့ ကုလားမကြီးက မျက်နှာပေါက် ဆိုးဆိုးတဲ့ လုံးဝကို ညှိလို့ နှိုင်းလို့ မရဘူး။ ကျနော်တို့ ကျောင်းလာတက်တာပါဆိုလဲ မရဘူး။ ဘယ်လောက်တောင် ဆိုးလဲဆိုရင် ဘေးက မြန်မာနိုင်ငံကို လာလည်တဲ့ အဖြူ စုံတွဲက သူတို့ luggage တွေက နှစ်ယောက်ပေါင်း ၄၀ မပြည့်လို့ သူတို့နဲ့ ပေါင်းပြီး ချိန်လိုက်ပါမယ် ဆိုတာတောင် ခွင့်မပြုဘူး။ တော်တော်ဆိုးတဲ့ ကုလားတွေ။ အဲဒီတော့ ပိုတာတွေ ပြန်ထုတ်မယ်ဆိုတော့လဲ မရတော့ဘူးတဲ့ ..။ ဘယ်လိုမှန်းကို မသိဘူး . .။ ပြောမရ ဆိုမရနဲ့ .. နောက်ဆုံးတော့ ၅ ယောက်ပေါင်း ရူပီး ၉၀၀၀ ပေါင်ပိုကြေး ဆောင်လိုက်ရတယ် .. တကယ့် Incredible India ပါပဲဗျာ.. . Incredible India ပါပဲ..။
.
ရှိသေးတယ်
ပြန်ခေါက်မယ်...
အိန္ဒိယရောက် အမှတ်တရ ပုံတွေပါ..


ကမ္ဘာကျော် တက်ခ်ျမဟာနဲ့ တက်ခ်ျမဟာ ဘေးက ယမုန်နာ မြစ်ကမ်းပါ..
...
ရှိသေးတယ်
ပြန်ခေါက်မယ်...
စိတ်ရှိတိုင်းသာ ရှောက်လုပ်ရရင် ..
မကောင်းရှိတော့မယ် .. . ။ တကယ်ပါပဲ .. .။ အားလုံးကို သတ်ပစ်လိုက်ချင်တာပဲ သိတယ် .. ။ ကိုယ့်ကိုယ်ကိုတော့ မသတ်ချင်သေးဘူး .. ။ ပြဿနာ ရှာပစ်ရင်လဲ မကောင်းရှိတော့မယ်.. . ။ ဘာပဲ ဖြစ်ဖြစ် စိတ်ညစ်တာပဲ သိတယ် .. ။ တစ်ယောက်ယောက်ကို ဆွဲထိုးလိုက် ရရင် ကောင်းမယ် ..
.
ရှိသေးတယ်
ပြန်ခေါက်မယ်...
ဒေလီရောက်တုံး အမှတ်တရ ပုံတွေ တင်ဖို့ စိတ်ကူးရလာလို့ပါ...
မြန်မာနိုင်ငံကိုလည်း ဟိုတလောက တရုတ်က လက်ဆောင်ပေးတယ်ဆိုတဲ့ ကျားဖြူမျိုးပါ ..။ ဒေလီ Zoo ထဲမှာ ရှိပါတယ်။

ဒါကတော့ ရာဇဝင်ထဲက ယမုန်နာ မြစ်ပါ .. . . 

ဟိုးအရင်တုံးကတော့ မသိဘူး .. ခုတော့ တော်တော်ကို ညစ်ပတ်နေပါပြီ ..
ဒါကတော့ ဂေါတမ မြတ်စွာဘုရား မဟာသတိပဌာန် သုတ်တော်ကို ဟောခဲ့တဲ့ နေရာပါ .. ခုတော့ အုတ်ပုံပဲ ဖြစ်နေပါပြီ .. ။ ဒါပေမဲ့ အစိုးရက ဒီနေရာကို Monument အနေနဲ့ သတ်မှတ်ပေးထားလို့ သတ်သတ်မှတ်မှတ်တော့ ရှိနေပါသေးတယ်။ ကုလားတွေကတော့ ဘာမှ အရေးမထားကြပါဘူး ..။ ကျနော်တို့တော့ ရောက်တုံး သွားဖြစ်အောင် သွားခဲ့ကြပါတယ်။

ကျန်တာတွေတော့ နောက်မှပဲ တင်ဖြစ်တော့မယ် .. . . ။
ရှိသေးတယ်
ပြန်ခေါက်မယ်...

10 Minutes in SQL 2005 စာအုပ်ပါ ..။
လိုချင်တဲ့သူတွေ ဒီမှာ ဒေါင်းသွားနိုင်ပါတယ်။
ရှိသေးတယ်
ပြန်ခေါက်မယ်...

SQL Server 2008 Programming စာအုပ်ပါ
အခြေခံက စပြီး အသေးစိတ် ပါပါတယ်။ လိုချင်တဲ့သူတွေ ဒီမှာ ဒေါင်းသွားနိုင်ပါတယ်။
ရှိသေးတယ်
ပြန်ခေါက်မယ်...